ပါလက်စတိုင်းပြည်သူ အများအပြားရှိနေသည့် ဂါဇာနယ်စပ်မြို့ ရာဖာမြို့တွင် အစ္စရေးစစ်သားများ စစ်ဆင်ရေးလုပ်ဆောင်ရေးအတွက် ပြင်ဆင်ထားရန် အစ္စရေးဝန်ကြီးချုပ် ညွှန်ကြား

ပါလက်စတိုင်းပြည်သူ အများအပြားရှိနေသည့် ဂါဇာနယ်စပ်မြို့ ရာဖာမြို့တွင် အစ္စရေးစစ်သားများ စစ်ဆင်ရေးလုပ်ဆောင်ရေးအတွက် ပြင်ဆင်ထားရန် အစ္စရေးဝန်ကြီးချုပ် ညွှန်ကြား
ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့၌ အစ္စရေးစစ်သားများ မြေပြင်စစ်ဆင်ရေးလုပ်နေပုံကို ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ရစဉ် (Photo:AFP)
ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့၌ အစ္စရေးစစ်သားများ မြေပြင်စစ်ဆင်ရေးလုပ်နေပုံကို ဇန်နဝါရီ ၂၇ ရက်တွင် တွေ့ရစဉ် (Photo:AFP)
Published 9 February 2024

ဟားမာ့စ်နှင့်အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရန် ရည်ရွယ်သော ဆွေးနွေးမှုအသစ်များကို ဖေဖော်ဝါရီ ၈ ရက်တွင် ကိုင်ရိုမြို့၌  လုပ်ဆောင်ရန် စီစဉ်ထားသည့်တိုင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လူ အများအပြားနေထိုင်လျက်ရှိသော ဂါဇာကမ်းမြောင်ရှိ မြို့တစ်မြို့ဖြစ်သော ရာဖာကို ဝင်ရောက်ရေးအတွက် ပြင်ဆင်ထားရန် စစ်သားများကို ညွှန်ကြားခဲ့သည်။

မကြာသေးမီက အကြိတ်အနယ်လုပ်ဆောင်ခဲ့သည့် သံတမန်ရေးကိစ္စများ ဆောင်ရွက်နေသည့်ကြားထဲ အပစ်အခတ်ရပ်စဲရေးအတွက် ဟားမာ့စ်၏အဆိုပြုချက်ကို ပယ်ချလိုက်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က အ ထက်ပါအတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

အီဂျစ်နယ်စပ်တစ်လျှောက်ရှိ ရာဖာမြို့တွင် ခိုလှုံရန်ကြိုးပမ်းနေသော ပါလက်စတိုင်း ရာပေါင်းများစွာအတွက် စိုးရိမ်ပူပန်မှုများ တိုးလာနေသည်။ ရာဖာကို စစ်တပ်ဝင်ရောက်ပြီး ထိုးစစ်ဆင်ခြင်းက လူသားချင်းစာနာမှု အခြေအနေဆိုးရွားနေပြီးသား အနေအထားကို သိသိသာသာ ဆိုးရွားစေလိမ့်မည်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးခဲ့သည်။

ရာဖာမြို့တွင် စစ်သားများစစ်ဆင်ရေး လုပ်ဆောင်ရေးအတွက် ပြင်ဆင်ထားရန် မိမိညွှန်ကြားခဲ့သည်ဟု ဖေဖော်ဝါရီ ၇ ရက် တွင် ရုပ်သံထုတ်လွှင့်သော မိန့်ခွန်းတွင် နေတန်ရာဟုက ပြောကြားခဲ့ပြီး ဟားမာ့စ်ကို အ လုံးစုံအနိုင်ရရန် လအနည်းငယ်သာ လိုတော့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကြားထားရတဲ့ ဟားမာ့စ်ရဲ့ထူးထူးဆန်းဆန်း တောင်းဆိုချက်တွေကို လိုက်လျောတာဟာ နောက်ထပ် လူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာကို ဖိတ်ခေါ်လိုက်တာပဲဖြစ်ပါတယ်”ဟု အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်နှင့်ပတ်သက်၍ နေတန်ယာဟုက ဖြည့်စွက်ပြောကြားခဲ့သည်။

အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ဟားမာ့စ်၏ တုံ့ပြန်မှုသည် စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်ရန် အခွင့်အရေးတစ်ခုကို ယုတ်စွအဆုံး ကမ်းလှမ်းထားသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က တဲလ်အဗစ်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂါဇာ၌ တည်ငြိမ်မှုရရှိရေးနှင့် အကျဉ်းသား ဓားစာခံလဲလှယ်ရေးတို့ကို ရည်ရွယ်သော ဆွေးနွေးပွဲအသစ်များကို ဖေဖော်ဝါရီ ၈ ရက်တွင် ကိုင်ရိုမြို့၌ ပြုလုပ်မည်ဟု အီဂျစ်တာဝန်ရှိသူက ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးသည် သဘောတူညီမှုရရှိရေးအတွက် လိုအပ်သော ပျော့ပြောင်းညင်သာမှုကို ထုတ်ဖော်ပြသကြရန် အီဂျစ်က တိုက်တွန်းသည်ဟု အမည်မဖော်လိုသူ အီဂျစ်တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဆွေးနွေးပွဲအသစ်များကို သဘောတူထားသည်ဟု ဟားမာ့စ်သတင်းအရင်းအမြစ်က ပြော ကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို နယ်စပ်ဖြတ်ကျော်ပြီး အလစ် အငိုက်တိုက်ခိုက်ခဲ့ခြင်းကြောင့် အစ္စရေးတွင် အရပ်သားအများစုဖြစ်သည့် လူ ၁,၁၄၀ သေဆုံးခဲ့ပြီး လူ ၂၅၀ ခန့် ပြန်ပေးဆွဲခံခဲ့ရသည်ဟု အစ္စရေးက ပြောကြားသည်။ အစ္စရေးကလည်း ဂါဇာကို တရစပ်ထိုးစစ်ဆင်နေ သောကြောင့် ယခုအခါ ဂါဇာကမ်းမြောင်တွင် ၂၇,၇၀၈ဦး သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။                                              Ref:AFP

Most Read

Most Recent