အစိုးရက စိုက်ပျိုးရေးကဏ္ဍအတွက် အစီအမံသစ်များ ကြေညာလိုက်သောကြောင့်  လမ်းပိတ်ဆို့ ဆန္ဒပြမှုများကို ပြင်သစ်လယ်သမားများ ယာယီရပ်ဆိုင်း

အစိုးရက စိုက်ပျိုးရေးကဏ္ဍအတွက် အစီအမံသစ်များ ကြေညာလိုက်သောကြောင့်  လမ်းပိတ်ဆို့ ဆန္ဒပြမှုများကို ပြင်သစ်လယ်သမားများ ယာယီရပ်ဆိုင်း
ပြင်သစ်လယ်သမားများက ဆန္ဒပြရန် ၎င်းတို့၏ လယ်ထွန်စက်များကို ပြင်သစ်အနောက်ပိုင်းရိန်းစ်မြို့သို့ မောင်းလာပုံကို ဖေဖော်ဝါရီ ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ပြင်သစ်လယ်သမားများက ဆန္ဒပြရန် ၎င်းတို့၏ လယ်ထွန်စက်များကို ပြင်သစ်အနောက်ပိုင်းရိန်းစ်မြို့သို့ မောင်းလာပုံကို ဖေဖော်ဝါရီ ၁ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 6 February 2024

စိုက်ပျိုးရေးကဏ္ဍကို အကူအညီပေးရန် အစီအမံသစ်များကို အစိုးရက ကြညာခဲ့ပြီးနောက် ပြင်သစ်တွင် အကြီးဆုံးသော လယ်သမားသမဂ္ဂများက ကားလမ်းများပိတ်ထားခြင်းကို လက်ရှိအချိန်တွင် ရပ်ဆိုင်းထားသည်။

စျေးပေါသော သွင်းကုန်များ၊ လောင်စာအခွန်အခများ၊ ၎င်းတို့၏အလုပ် အကိုင်များအပေါ် မြစိမ်းရောင်အသွင်ကူးပြောင်းမှု၏သက်ရောက်မှုတို့နှင့်စပ်လျဉ်း၍  စိုက်ပျိုးရေးကဏ္ဍ၏ကန့်ကွက်မှု အစိတ်အပိုင်းအဖြစ် လယ်ထွန်စက် ထောင်ပေါင်းများစွာသည် နိုင်ငံတစ်ဝန်းသွားလာသော အဝေး ပြေးကားလမ်းများတွင် ရက်အတန်ကြာ ရပ်ထားခဲ့သည်။

အစိုးရက အရေးယူဆောင်ရွက်ပေးရန် ၎င်းတို့၏တောင်းဆိုသံများကို ဂျာမနီ၊ ပိုလန်၊ ဘယ်ဂျီယမ်တို့လို အခြား ဥရောပနိုင်ငံများရှိ ဘဝတူလယ်သမားများက သံယောင်လိုက်ခဲ့ကြသည်။

စိုက်ပျိုးရေး လုပ်သားများသည် ပြင်သစ်နိုင်ငံတစ်ဝန်းရှိ အဝေးပြေးကားလမ်းများကို လယ်ထွန်စက်များ၊ နောက်တွဲယာဉ်များဖြင့် ပိတ်ဆို့ထားခြင်းကြောင့် ၎င်းတို့ ဆန္ဒပြမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိစဉ် ယာဉ်အသွားအလာများ ရပ်ဆိုင်းခဲ့သည်။

ယာဉ်ကြောပိတ်ဆို့သော လမ်းများထဲတွင် ဥရောပ၏ယာဉ်အသွားအလာအများဆုံးလမ်းတစ်ခုဖြစ်သော မြို့တော်ပါရီနှင့် မြောက်ပိုင်းမြို့ကြီး လိုင်လီတို့ကို ဆက်သွယ်ထားသော ၂၁၁ ကီလိုမီတာရှည်လျားသည့် A1 ကားလမ်းပါဝင်သည်။

လယ်သမားများသည် စျေးပေါသောသွင်းကုန်များ၏ ပြိုင်ဆိုင်မှု၊ ကြိုးနီစနစ်၊ ထုတ်လုပ်စရိတ်ကြီးမြင့်မှု၊ လက်လီသမားများထံမှ စျေးနှုန်းဖိအားစသည်တို့ကို ကန့်ကွက်ဆန္ဒပြနေခြင်းဖြစ်သည်။

၎င်းတို့သည် ၎င်းတို့၏ကဏ္ဍအပေါ် မြစိမ်းရောင်အသွင်ကူးပြောင်းမှု၏သက်ရောက်မှု၊ ရာသီဥတုပြောင်းလဲမှု မူဝါဒများ၏သက်ရောက်မှုတို့ကိုလည်း စိုးရိမ်ပူပန်လျက်ရှိသည်။

၎င်းတို့သည် အချိန်ကာလတစ်ခုအထိ ဆန္ဒပြရန်ပြင်ဆင်နေသည်ဟု ဆန္ဒပြသူများက ပြောကြားသည်။

သမဂ္ဂသည် မိမိတို့၏တောင်းဆိုမှုများကို အလေးထားနေသည်ဟု လယ်သမားအလက်ဆစ်ပတ်ထရီးယားက ပြောကြားခဲ့ပြီး အစိုးရအစီအမံမျာ အမှန်တကယ်အလုပ်ဖြစ်မဖြစ်ဆိုသည်ကို လာမည့်သီတင်းပတ်များတွင် စောင့်ကြည့်ရလိမ့်မည်ဟု ဆိုသည်။

“အစီအမံတွေကို ဖော်ဆောင်တာမျိုးမလုပ်ရင် ဒါမှမဟုတ် ကျွန်တော်တို့ဟာရလဒ်တွေ ရမလာခဲ့ဘူးဆိုရင် ဆန္ဒပြတာတွေထပ်မံရှိလာမှာဖြစ်ပါတယ်။ အဲဒီဆန္ဒပြတာတွေဟာ ပိုမိုကြမ်းလာလိမ့်မယ်ဆိုတာကတော့ စိတ်မကောင်းစရာပါ”ဟု မစ္စတာပတ်ထရီးယားက ပြောကြားခဲ့သည်။

လယ်သမားများ ဒေါသထွက်ရသည့် အဓိကပြဿနာမှာ ၎င်းတို့လို ကျေးလက်နေလူ့အသိုင်းအဝိုင်းများကို အစိုးရအဖွဲ့ထဲကဝန်ကြီးများက မေ့လျော့နေခြင်းနှင့် ဘေးဖယ်ထားခြင်းဟူသော ခံစားချက်ဖြစ်သည်။

လယ်ထွန်စက်သည် စိုက်ပျိုးရေးလောက၏ သင်္ကေတဖြစ်နေသောကြောင့် ၎င်းတို့၏လယ်ထွန်စက်များကို ပါရီဆင်ခြေဖုံးများသို့ မောင်းချလာခြင်းသည် ယခုခေတ်ကာလတွင် ကျေးလက်နေပြည်သူများ ရင်ဆိုင် နေရသည့် အခက်အခဲများကို အစိုးရအဖွဲ့ထံအသိပေးရန် ကြိုးပမ်းမှုဖြစ်သည်။

Ref: CNA

Most Read

Most Recent