ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အပြည့်အဝ ပြန်လွှတ်ရေးအတွက်အပြုသဘောဆောင်သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန်ထိုင်းအစိုးရ တိုက်တွန်း

ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အပြည့်အဝ ပြန်လွှတ်ရေးအတွက်အပြုသဘောဆောင်သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန်ထိုင်းအစိုးရ တိုက်တွန်း
Published 18 April 2024

သမ္မတဟောင်းဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အပြည့်အ၀ ပြန်လွှတ်ပေးရေးအတွက်အပြုသဘောဆောင်သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ဧပြီ ၁၇ ရက်တွင် ထိုင်းအစိုးရက တိုက်တွန်းခဲ့သည်။

သမ္မတဟောင်းဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို နေအိမ်သို့ပြောင်းရွှေ့သည်ဟူသောသတင်းနှင့်စပ်လျဉ်း၍ ထိုင်းအစိုးရကကြိုဆိုခဲ့သည်ဟု ဧပြီ ၁၇ ရက်တွင်ထိုင်းဒုတိယ၀နျကွီးခြုပျ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟစ်ဒါနူကာရာက ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်ဆင့်ထုတ်ပြန်ခဲ့သည်။

သမ္မတဟောင်းဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်မှ နေအိမ်သို့ပြောင်းရွှေ့သည်ဟူသောသတင်းကိုအပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများအား တုံ့ပြန်ရာတွင် အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်အဖြစ်ကြိုဆိုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ခြင်းကို ရှေ့တိုးဆောင်ရွက်ရန်အလို့ငှာ ၎င်းတို့ကို အပြည့်အဝပြန်လွှတ်ပေးရန် ဦးတည်စေသော နောက်ထပ်အပြုသဘောဆောင်သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန်ထိုင်းအစိုးရကတောင်းဆိုသည်ဟုဆက်လက် ဖော်ပြထားသည်။

လတ်တလောတွင် ဖြစ်ပေါ်လျက်ရှိသည် ရာသီဥတုအပူရှိန်ပြင်းထန်မှုကြောင့်ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးကို ကျန်းမာရေးအရ လုံခြုံစိတ်ချရသည့် နေရာတွင် ရွှေ့ပြောင်းထားကြောင်း စုံစမ်းမှုများ အရသိရသဖြင့် ယင်းသတင်းနှင့်ပတ်သက်၍Eleven Media Group က ဧပြီ ၁၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ထို့နောက် အဆိုပါသတင်းနှင့်ပတ်သက်၍ နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA နှင့် BBC သတင်းဌာန၏ မေးမြန်းမှုအပေါ် ဖြေကြားထားရာတွင် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သာမက ကျန်းမာရေးအရ လိုအပ်သည့် အကျဉ်းသားများ၊ သက်ကြီးအကျဉ်းသားများကို အပူဒဏ်သက်သာစေရေး နည်းလမ်းများရှာဖွေဆောင်ရွက်ပေးနေဟု ပြောကြားသည်။

Ref: Thailand Ministry of Foreign Affairs

Most Read

Most Recent