မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမတွင် အိမ်စီးယာဉ်နှင့် သစ်တင်ဆောင်သည့်ယာဉ် တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံး

မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမတွင် အိမ်စီးယာဉ်နှင့် သစ်တင်ဆောင်သည့်ယာဉ် တိုက်မိပြီး အမျိုးသားတစ်ဦး သေဆုံး
Published 6 February 2024

မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမတွင် အိမ်စီးယာဉ်နှင့် သစ်တင်ဆောင်သည့်ယာဉ်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံးမှု ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီခွဲကျော်ခန့်တွင် မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် တစ်စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

“အိမ်စီးကားနဲ့ သစ်တွေသယ်လာတဲ့ ယာဉ်နဲ့တိုက်မိတာပါ။ အိမ်စီးကားက Crown အမျိုးလို့ သိရပါတယ်။ အိမ်စီးကားက ကြေသွားပြီး ယာဉ်မောင်းက အထဲမှာ ညှပ်နေတာပါ။ ယာဉ်မောင်းက အထဲမှာ ညှပ်နေတည်းက သေဆုံးနေပါပြီ။ မီးသတ်တပ်ဖွဲ့က ဆွဲထုတ်ပြီးတော့ DB ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု ထာဝရအလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် သေဆုံးသူ အမျိုးသားမှာ အသက် ၄၀ အရွယ် ဝန်းကျင်ရှိပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent