ချီလီနိုင်ငံအလယ်ပိုင်းတွင် လောင်သည့်တောမီးက မြို့တစ်မြို့ကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၂ ဦးအထိ ရှိလာ

ချီလီနိုင်ငံအလယ်ပိုင်းတွင် လောင်သည့်တောမီးက မြို့တစ်မြို့ကို လျင်မြန်စွာ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် သေဆုံးသူ စုစုပေါင်း ၁၁၂ ဦးအထိ ရှိလာ
ဗီနာဒယ်မား၌ မီးလောင်ပျက်စီးနေသော ကားများ၏ဘေးမှ အမျိုးသားတစ်ဦး ဖြတ်လျှောက်လာပုံကို ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
ဗီနာဒယ်မား၌ မီးလောင်ပျက်စီးနေသော ကားများ၏ဘေးမှ အမျိုးသားတစ်ဦး ဖြတ်လျှောက်လာပုံကို ဖေဖော်ဝါရီ ၄ ရက်တွင် တွေ့ရစဉ်(Photo: AFP)
Published 5 February 2024

အဖွဲ့များက စိတ်ပျက်လက်ပျက်ဖြစ်နေသော ရပ်ကွက်များကို ဝင်ရောက်ရှာဖွေမှု များလုပ်ဆောင်နေသောကြောင့် သေဆုံးသူအရေအတွက် သိသိသာသာများလာလိမ့်မည်ဟု သမ္မတ ဂါဘရီရယ်ဘောရစ်က သတိပေးပြောကြားခဲ့ပြီးနောက် ချီလီနိုင်ငံအလယ်ပိုင်း၏ ပြင်းထန်သော တောမီးများကြောင့် သေဆုံးသူစုစုပေါင်းသည် ဖေဖော်ဝါရီ ၄ ရက်တွင် ၁၁၂ ဦး အထိရှိလာခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်တွင် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီယပ်( ၁၀၄ ဒီဂရီဖာရင်ဟိုက်)အထိ မြင့်တက်ခဲ့ခြင်းနှင့်အတူ ပြင်းထန်နွေရာသီ အပူလှိုင်းကျရောက်ချိန် ဗယ်ပါရိုင်ဆိုကမ်းရိုးတန်းရှိ ကမ္ဘာလှည့် ခရီးသွားဒေသ၌ တုံ့ပြန်ဆောင် ရွက်သူများက မီးများကို ဆက်လက်ငြှိမ်းသတ်ခဲ့သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် တောင်စောင်းကိုလည်းကောင်း၊ ဗယ်ပါရိုင်ဆိုမြို့၏ရက်ကွက်များကိုလည်းကောင်း လောင်ကျွမ်းခဲ့သည့် လျင်မြန်သောတောမီးမှ ပွတ်ကာသီကာလွတ်မြောက်ခဲ့သည်ဟု ဂဟေဆော်သူ အက်ဘရာဟမ်မာဒိုနက်စ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ဗီနာဒယ်မားမြို့တွင် မီးလောင်ခံရသော ၎င်း၏အိမ်မှထွက်ပြေးခဲ့ရသည်ဟု ဆိုသည်။

“ကျွန်တော်တို့ သွားပြန်ကြည့်ခဲ့ကြပါတယ်။ မီးဟာ အိမ်နံရံတွေကို လောင်နေပြီ။ ၁၀ မိနစ်ပဲကြာပါတယ်။ တောင်ကုန်းတစ်ခုလုံး မီးလောင်ခံလိုက်ရပါတယ်”ဟု ၎င်းက ပြောသည်။

“မီးဟာ အားလုံးကို ၀ါမျိုသွားတာပါ။ အမှတ်တရပစ္စည်းတွေ၊ အကောင်းစားပစ္စည်းတွေ၊ အိမ်တွေကို ၀ါမျိုပစ်တာပါ။ ကျွန်တော်ကတော့ ကိုယ်ပေါ်ကအဝတ်အစားနဲ့ လက်ဆောင်ရထားတဲ့ ဖိနပ်တို့ကလွဲပြီး ဘာမှ မယူနိုင်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ခွေကိုတော့ ကယ်နိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၃ ရက်တွင် ပြန်ရောက်လာသည့်အခါ မီးထဲပါသွားပြီး သေဆုံးသွားသော အိမ်နီးချင်းများကို သူ တွေ့ခဲ့ရသည်ဟုဆိုသည်။

သူငယ်ချင်းများသည် ၎င်းတို့၏သေဆုံး သွားသောအစ်ကို၊ ဖခင်၊ညီမတို့၏ မီးကျွမ်းနေသော ရုပ်အလောင်းများကို တင်ထားသော ကုန်တင်ကားကို ဘေးမှဖြတ်မောင်းသွားသည်ဟု ဆိုသည်။

ဆေးဘက်ဆိုင်ရာ စစ်ဆေးရေးရုံးသည် မီးလောင်ပြီးသေဆုံးသွားသော ရုပ်အလောင်း ၁၁၂ ခုကို လက်ခံရရှိခဲ့သည်ဟု ဖေ ဖော်ဝါရီ ၄ ရက် ညပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့့သည်။ သေဆုံး သွားသူများထဲက ၃၂ ဦးသည် မည်သူမည် ၀ါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်ဟုဆိုသည်။ ချီလီ နိုင်ငံတစ်ဝန်းတွင် လောင်နေဆဲ တောမီး ၄၀ ရှိနေသည်ဟု ဆိုသည်။

ဗီနာဒယ်မားအနီး ဆိုးရွားစွာ ပျက်စီးသွားသော တောင်စောင်းရပ်ကွက် ကွီးလ်ပူးတွင် သေဆုံးသူ စုစုပေါင်း ၆၄ ဦးရှိသည်ဟု ဘောရစ်က ပြောကြားခဲ့သည်။ သေဆုံးသူအရေအတွက်သည် အများကြီးတိုးလာမည် ဆိုသည်ကို သိနေကြောင်း ၎င်းက ပြောသည်။ ယခုတောမီးသည် လူ ၅၀၀ သေဆုံးခဲ့သည့် ၂၀၁၀ မြေငလျင်နှင့်ဆူနာမီလှိုင်းတို့ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ချီလီနိုင်ငံ၏ အဆိုးရွားဆုံး ဘေးအန္တရာယ်တစ်ခုဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မြို့၌လူ ၁၉၀ ပျောက်နေဆဲဟု ဗီနာဒယ်မားမြို့တော်ဝန် မာမကာရီနာရီပါမွန်တီက သတင်းထောက်များကို ပြောကြားခဲ့သည်။                                                           

Ref: AFP

Most Read

Most Recent