ပုလဲဆိပ်ကမ်းဗုံးကြဲခံရစဉ် နစ်မြုပ်ခဲ့သည့် စစ်သင်္ဘောပေါ်မှ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ကွယ်လွန်

ပုလဲဆိပ်ကမ်းဗုံးကြဲခံရစဉ် နစ်မြုပ်ခဲ့သည့် စစ်သင်္ဘောပေါ်မှ နောက်ဆုံးအသက်ရှင်ကျန်ရစ်သူ ကွယ်လွန်
Photo: Getty Images
Photo: Getty Images
Published 2 April 2024

ပုလဲဆိပ်ကမ်းကို ဂျပန်တို့ဗုံးကြဲတိုက်ခိုက်စဉ်က နစ်မြုပ်သွားသည့်  USS Arizona  တိုက်သင်္ဘောပေါ်မှ နောက်ဆုံးအသက်ရှင်ကျန်ခဲ့သူ လူကွန်တဲ ကွယ်လွန်သွားပြီဖြစ်ပြီး ၎င်းကွယ်လွန်ချိန်အသက် ၁၀၂ နှစ်ရှိပြီဖြစ် သည်။

အမေရိကန်ပစိဖိတ်ရေတပ်သင်္ဘောစု အလစ်အငိုက်တိုက်ခိုက်ခံရချိန် ၁၉၄၁ ခုနှစ်၊  ဒီဇင်ဘာ  ၇ ရက်က လူကွန်တဲသည်  အခြားရေတပ်အမှုထမ်းများကို ကူညီကယ်ဆယ်ပေးခဲ့ပြီး ထိုစဉ်က၎င်းသည် အသက် ၂၀ အရွယ်တပ်ထောက်တစ်ဦးအဖြစ်သာရှိသေးသည်။  ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရမှုအတွင်း ဟာဝိုင် အီရေတပ်စခန်းရှိ သင်္ဘောအများစုပျက်စီးခဲ့ရပြီး အမေရိကန်နိုင်ငံသား ၂၀၀၀ ကျော် သေဆုံးခဲ့ရသည်။

USS Arizona စစ်သင်္ဘောပေါ်မှာပင် လူပေါင်း ၁၁၀၀ ကျော်ရှိနေခဲ့ပြီးအများစုက သင်္ဘောနှင့်အတူမြှုပ်နှံပြီးသား ဖြစ်ခဲ့ရသည်။ယင်းတိုက်ခိုုက်မှုမှတွန်းပို့လိုက်သည့် ဒုတိယကမ္ဘာစစ်အတွင်း ကွန်တဲသည် လေ ယာဉ်မှူးဖြစ်လာခဲ့ပြီး နှစ်ကြိမ်ပစ်ချခံခဲ့ရကာ၊ ထောက်လှမ်းရေးအရာရှိတစ်ဖြစ်လည်း ကိုရီးယားတွင် တိုက်ခိုက်ရေးပျံသန်းမှုများကို လုပ်ဆောင်ခဲ့သည်။၎င်းသည် အမေရိကန်သမ္မတများဖြစ်သည့် ဒွိုက်အိုက်ဆင်ဟောင်ဝါ၊ ဂျွန်အက်ဖ်ကနေဒီနှင့် လင်ဒင်ဂျွန်ဆင်တို့ လက်ထက်တွင် စစ်ဖက်အကြံပေးအဖြစ် တာဝန်ယူခဲ့သည်။

ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများအား ဂုဏ်ပြုသည့် Pacific Historic Parks အဖွဲ့အဆိုအရ ကွန်တဲသည် ဧပြီ ၁ ရက်က ကယ်လီဖိုးနီးယားရှိ ၎င်းနေအိမ်တွင် ဆုံးသွားခဲ့သည်။                        

Ref: AFP

 

Most Read

Most Recent