နန်းတွင်းရတနာဇာတ်လမ်းတွဲ Season-2တွင် လီယောင်အဲက ခေါင်းဆောင်မင်းသမီးနေရာမှ ပြန်ပါမည်ဖြစ်ပြီး အောက်တိုဘာတွင် စတင်ရိုက်ကူးမည်

နန်းတွင်းရတနာဇာတ်လမ်းတွဲ Season-2တွင် လီယောင်အဲက ခေါင်းဆောင်မင်းသမီးနေရာမှ ပြန်ပါမည်ဖြစ်ပြီး အောက်တိုဘာတွင် စတင်ရိုက်ကူးမည်
Published 1 February 2024

နာမည်ကျော်တောင်ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲ နန်းတွဲရတနာ နောက်ဆက်တွဲကို အောက်တိုဘာတွင် စတင်ရိုက်ကူးရန်ပြင်ဆင်ထားပြီး ခေါင်းဆောင်မင်းသမီးနေရာမှ မူရင်းသရုပ်ဆောင်လီယောင်အဲကပင် သရုပ်ဆောင်မည်ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် Season-1 တွင် ပြပြီး အနှစ် ၂၀ ကျော်ကြာမှ ယခုသတင်းကောင်းကို ကြားရခြင်းဖြစ်ပြီး ရှေ့ဇာတ်လမ်းတွင် နန်းတွင်းစားဖိုမှူးဘဝမှ  နန်းတွင်းသမားတော်ဖြစ်လာသည့် ဂျန်ဂင်နှင့် နန်းတွင်းစစ်တပ်အရာရှိတစ်ဦးတို့၏ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းကို ကြည့်ခဲ့ရသည်။

ဖျော်ဖြေရေးကုမ္ပဏီ Fantagio က လီယောင်အဲကို ဇာတ်လိုက်မင်းသမီးအဖြစ် ရွေးလိုက်ပြီးနောက် ဇာတ်ညွှန်းဆရာနှင့်စာချုပ်ချုပ်လိုက်သည်ဟုဆိုသည်။“အောက်တိုဘာမှာ ရုပ်ရှင်စရိုက်ဖို့ ပြင်ထားတယ်။နောက်နှစ် အစောပိုင်းလောက် ပြသသွားမယ်” ဟုလည်း  ကုမ္ပဏီပြောခွင့်ရှိသူကပြောသည်။

၂၀၀၃ ဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်ဖြင့် မိဘမဲ့ဖြစ်ခဲ့ရပြီး ကိုရီးယားသမိုင်းတွင်  ပထမဆုံးအမျိုးသမီးနန်းတွင်းသမားတော် ဖြစ်လာသူ ၊ အဆင့်အတန်းနိမ့်သည့်အသိုင်း အဝိုင်းမှဆင်းသက်လာသူအဖြစ် အနှိမ်ခံခွဲ ခြားခံရပြီး နောက်ဆုံးတွင် အမျိုးသားများ ကြီးစိုးသည့်နန်းတွင်း၌  ဘုရင်မင်းမြတ်၏ အားအထားရဆုံး အယုံကြည်ရဆုံးတော်ဝင်  သမားတော်ဖြစ်လာသူ ဂျန်ဂင်၏ဘဝကို ပုံဖော်ရိုက်ကူးပြခဲ့သည်။

တောင်ကိုရီးယားတွင် ၎င်းဇာတ်လမ်း တွဲကို ၂၀၀၃ ခုနှစ်နှင့် ၂၀၀၄ ခုနှစ်အကြား ထုတ်လွှင့်ပြသခဲ့ရာမှ ကမ္ဘာတဝန်းကိုရီးယား ရေစီးကြောင်းပျံ့နှံ့ခဲ့ပြီး ကိုရီးယားဟင်းလျာ၊ ဖက်ရှင်စသည့် ကိုရီးယားယဉ်ကျေးမှုကို ကမ္ဘာကမျက်စိကျလာခဲ့သည်။ ခရီးသွားလုပ်ငန်းလည်း အားကောင်းလာခဲ့ပြီး ဇာတ်လမ်းတွဲထဲမှ ရိုက်ကွင်းနေရာများသို့ ပရိသတ်များ က သွားရောက်လည်ပတ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်တွင် တောင်ကိုရီးယားသတင်းစာ JoongAng Daily  ဖော်ပြချက်အရ နန်းတွဲရတနာရုပ်သံဇာတ်လမ်းတွဲကို  ကမ္ဘာ့နိုင်ငံပေါင်း ၉၁ နိုင်ငံတွင် ပြသခဲ့သည်။ 

KBS World  ရုပ်သံကမူ ၎င်းဇာတ်လမ်းတွဲကို  ဟန်ဂေရီ ၊  အာဖရိကနှင့် လက်တင်အမေ ရိကနိုင်ငံများဖြစ်သည့် မက္ကဆီကို ၊ ဗင်နီဇွဲလား ၊ ကော်စတာရီကာနှင့် အယ်လ်ဆာဗေး ဒိုးနိုင်ငံများတွင်ပါ ပြခဲ့သည်ဟုဆိုသည်။

Most Read

Most Recent