■ တစ်ခေတ်တစ်ယောက် ပေါလ်စခိုးလ်

■ တစ်ခေတ်တစ်ယောက် ပေါလ်စခိုးလ်
Photo : Getty Images
Photo : Getty Images
Published 31 January 2024
AK

ပေါလ်စခိုးလ်သာ အင်္ဂလန်မှာမမွေးဘဲ စပိန်မှာမွေးရင် ဇာဗီနဲ့ အင်နီယေစတာဆိုတာ ရှိလာမှာမဟုတ်ဘူး။ ပေါလ်စခိုးလ်သာ အင်္ဂလန်လက်ရွေးစင်မဟုတ်ဘဲ ဘရာဇီးလ်လက်ရွေးစင်သာဆိုရင် Ballon d'Or နှစ်ကြိမ်လောက်ရနေပြီ။ ဘဝမယ် ကံအကောင်းဆုံးအရာတစ်ခုပြောပါဆိုရင် ၂ဝဝ၈ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာဘက် ပေါလ်စခိုးလ် သွင်းတဲ့ဂိုးကို တိုက်ရိုက်ကြည့်ဖူးခဲ့တာပဲ။ ပေါလ်စခိုးလ်ရဲ့ကန်ချက်ကို အနာဂတ်မှာ Ballon d'Or (၈)ကြိမ်ရမယ့် မှော်ဆရာ မက်ဆီက တအံတဩ ငေးကြည့်နေရတာ၊ အဲဒီလို ကန်ချက်တွေဟာ ပေါလ်စခိုးလ်နဲ့ ခွဲခြားမရနိုင်တဲ့အရာပဲ။ ထောင့်ကန်ဘောကနေ ရလာတဲ့အခွင့်အရေးကို ဂိုးဧရိယာထိပ်နားကနေ မြေမကျကန်လိုက်တဲ့ ပေါလ်စခိုးလ်ရဲ့ပုံရိပ်ဟာ ဂန္ထဝင်ရှုမျှော်ခင်းပဲ။

 

Most Read

Most Recent