■ လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၂၇) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 1 March 2024

ဆီဗီလာ - ဆိုစီဒက် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၇:၃၀ နာရီ)

ဆီဗီလာရဲ့ ကစားပုံက မြန်လာတယ်။ ခံစစ်ပိုင်းလည်း တိုးတက်လာပါတယ်။ ဒါပေမဲ့ တိုက်စစ်ကတော့ သွင်းဂိုးတွေအတွက် ခက်ခဲနေဆဲလို့ ဆိုရမယ်။ ဆိုစီဒက်လည်း အခုတလော ခြေစွမ်းတည်ငြိမ်ဖို့ ကြိုးစားနေရတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲလည်း ရှိလို့ ပြိုင်ပွဲ (၂)ခုအကြား အာရုံများနေတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့် အိမ်ကွင်းအားသာချက်ရှိတဲ့ ဆီဗီလာကို ရွေးထားချင်တယ်။ (၂)သင်းပေါင်းသွင်းဂိုး အနည်းကို ကြိုက်တယ်။



ဗယ်လက်ကာနို - ကာဒစ်ဇ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၉:၄၅ နာရီ)

ဒီပွဲတော့ ဗယ်လက်ကာနို ဂိုးရအောင်ကစားနိုင်ရေးက အဓိကပါပဲ။ ကာဒစ်ဇ်ကတော့ ခံစစ်အားနဲ့ပဲ သရေ (၁)မှတ်ရဖို့ ကြိုးစားဦးမှာသေချာတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းကို ကြိုက်တယ်။



ဂီတာဖေး - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မတ်လ ၂ ရက် ည ၁၂:၀၀ နာရီ)

အခုနောက်ပိုင်း ဂီတာဖေးရဲ့ တိုက်စစ်ကစားပုံက အားသန်လာသလိုပဲ။ အိမ်ကွင်းဆိုတိုက်စစ်ဖွင့်ကစားသလို၊ ဂိုးတွေလည်း ရလာတယ်။ လက်စ်ပါမားစ်က အဝေးကွင်းအားနည်းချက်များပါတယ်။ ဂီတာဖေးနဲ့ ဂိုးအများကို ကြိုက်တယ်။



ဗလင်စီယာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် မတ်လ ၃ ရက် နံနက် ၂:၃၀ နာရီ)

ဗလင်စီယာက အကျပိုင်းရောက်နေတယ်ဆိုပေမဲ့ အိမ်ကွင်းမှာဆိုရင်တော့ မာကျောတုန်းပါပဲ။ ဒါကြောင့်လည်း ဒီပွဲမှာ ဗလင်စီယာအသင်း ရီးယဲလ်မက်ဒရစ်ကို အခက်တွေ့အောင်လုပ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်ရဲ့ ကစားပုံကို ကြည့်ရင်လည်း လာလီဂါဘက်မှာ အနည်းငယ်လျော့လာတာ တွေ့ရတယ်။ ခံစစ်ကို ပြန်သတိထားကစားလာတဲ့ အချိန် ရီးယဲလ်မက်ဒရစ်ရဲ့ တိုက်စစ်က သွင်းဂိုးနှုန်းကျဆင်းလာတယ်။ အထူးသဖြင့် ဘယ်လင်ဟမ်မပါနိုင်တဲ့ပွဲတွေဆိုရင် ရီးယဲလ်မက်ဒရစ်တိုက်စစ်က ဂိုးရဖို့ ရုန်းကန်လာရတယ်လို့ ဆိုနိိုင်ပါတယ်။ ဗလင်စီယာကလည်း အိမ်ကွင်းနောက်ဆုံး (၃)ပွဲမှာ ဘီလ်ဘာအိုနဲ့ အယ်မယ်ရီယာကိုအနိုင်ကစားနိုင်ခဲ့တယ်။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်က ဒီပွဲပြီးရင် ချန်ပီယံလိဂ်ကစားရမှာ ကိုလည်း ထည့်တွက်ရမယ်။ သရေကျဖို့များတယ်။

 

Most Read

Most Recent