ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲတွင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားပြီး ငွေသား သိန်းနှစ်ထောင်အား ယူဆောင်သွား

ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲတွင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားပြီး ငွေသား သိန်းနှစ်ထောင်အား ယူဆောင်သွား
■ ပုံစာ - ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ အား  တွေ့ရစဉ် ။ (Photo: KBZ Facebook)
■ ပုံစာ - ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲ အား တွေ့ရစဉ် ။ (Photo: KBZ Facebook)
Published 31 January 2024

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ်ခွဲမှ ငွေသား သိန်းနှစ်ထောင်အား ဇန်နဝါရီ ၃၁ ရက် (ယနေ့) မွန်းလွဲပိုင်းက လက်နက်ကိုင်များက ဓားပြတိုက် ယူဆောင်သွားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏  Viber Group တွင် ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်၊ ပုဂံစျေး အနီးရှိ KBZ ဘဏ်ခွဲ ဓားပြတိုက်ခံရသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၃၁ ရက် (ယနေ့) မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ အနော်ရထာရပ်ကွက်ရှိ ကမ္ဘောဇဘဏ်ခွဲတွင် ဘဏ်ဝန်ထမ်းများမှ ဘဏ်လုပ်ငန်းများ ဆောင်ရွက်နေစဉ် လက်နက်ကိုင် ခုနစ်ဦးက သေနတ် ကိုယ်စီကိုင်ဆောင်လျက် ပါဂျဲရိုးကား တစ်စီးဖြင့် ရောက်ရှိလာပြီး ဘဏ်မှ ငွေသား သိန်းနှစ်ထောင်အား ဓားပြတိုက်ယူဆောင်ကာ ပုဂံ-ချောက် လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောကြားထားသည်။

Most Read

Most Recent