ကျားဖျန့်လုပ်ငန်းများတွင် အဓိကခေါင်းဆောင် ပယ်စောက်ချိန် အပါအဝင် ‌ခြောက်ဦးနှင့် အခြားအရေးကြီး သံသယရှိသူ လေးဦးအား မြန်မာအစိုးရမှ တရုတ်အစိုးရထံ လွှဲပြောင်း

ကျားဖျန့်လုပ်ငန်းများတွင် အဓိကခေါင်းဆောင် ပယ်စောက်ချိန် အပါအဝင် ‌ခြောက်ဦးနှင့် အခြားအရေးကြီး သံသယရှိသူ လေးဦးအား မြန်မာအစိုးရမှ တရုတ်အစိုးရထံ လွှဲပြောင်း
Published 31 January 2024

ကျားဖျန့်လုပ်ငန်းများတွင် အဓိကခေါင်းဆောင် ပယ်စောက်ချိန်အပါအဝင် ‌ခြောက်ဦးနှင့် အခြားအရေးကြီး သံသယရှိသူ လေးဦးအား မြန်မာအစိုးရမှ တရုတ်အစိုးရထံ လွှဲပြောင်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဇန်နဝါရီ ၃၀ ရက်တွင် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှု အဖွဲ့အဓိကခေါင်းဆောင် ၆ ဦးဖြစ်သည့် ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူ ၄ ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါ ၁၀ ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့သည်ဟုတရုတ်သံရုံးက ထုတ်ပြန်သည်။

ယခုလှုပ်ရှားမှုသည် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံတကာရဲရေးရာ တရားဥပဒေစိုးမိုးမှု ပူးပေါင်းဆောင်ရွက်ရာ၌အထင်ကရ ေအောင်မြင်မှုရလဒ်ပင်ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ခြင်း  အမြတ်ပြတ်ချေမှုန်းရန်အတွက် တရုတ်-မြန်မာရဲတပ်ဖွဲ့က တရားဥပဒေစိုးမိုးမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ်လုပ်ဆောင်ခဲ့ရာ လက်ရှိအထိ မြန်မာနိုင်ငံမြောက်ပိုင်း အွန်လိုင်းလိမ်လည်မှု ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူပေါင်း ၄၄,၀၀၀ ကို တရုတ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်‌ကြောင်း

၎င်းတို့အနက် နောက်ကွယ်မှ “ငွေကြေးထောက်ပံ့သူ” ၊ အဖွဲ့ခေါင်းဆောင်နှင့်အမာခံများ ၁၇၁ ဦး၊ တရားခံပြေး ၂၉၀၈ ဦးပါဝင်‌ကြောင်း သိရသည်။

 

Most Read

Most Recent