ပေါက်မြို့နယ် သစ်ချိုကုန်းကျေးရွာရှိ အထကကျောင်းခွဲ၌ ဆရာကန်တော့ပွဲပြုလုပ်စဉ် Drop Bomb ကျရောက်ပေါက်ကွဲ

ပေါက်မြို့နယ် သစ်ချိုကုန်းကျေးရွာရှိ အထကကျောင်းခွဲ၌ ဆရာကန်တော့ပွဲပြုလုပ်စဉ် Drop Bomb ကျရောက်ပေါက်ကွဲ
Published 29 January 2024

ပေါက်မြို့နယ် သစ်ချိုကုန်းကျေးရွာရှိ အထကကျောင်းခွဲ၌ ဆရာကန်တော့ပွဲ ပြုလုပ်နေစဉ် Drop Bomb ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သစ်ချို ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းဆရာ ဆရာမ ၁၃ ဦးနှင့် ကျောင်းသား ကျောင်းသူ ၂၆၁ ဦးတို့က ဆရာကန်တော့ပွဲအခမ်းအနားပြုလုပ်နေစဉ် PDF အဖွဲ့အင်အား (စိစစ်ဆဲ) က အဆိုပါကျောင်း၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာရှိ ကျောက်ကာကျေးရွာဘက်မှနေ၍ Drone ယာဉ်အသုံးပြု၍  Drop Bomb တစ်လုံးအား ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကျောင်းအုပ်ကြီးရုံးခန်းရှေ့ ခြောက်ပေခန့်အကွာ မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ရုံးခန်းပြတင်းပေါက်မှန် သုံးချပ်ပေါက် ကွဲစထိမှန်ပျက်စီးခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး Drone ယာဉ်အသုံးပြု၍ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သူများအား အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent