■ မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာ ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ် အပ်နှံရာနေရာတွင်  ဗုံးပေါက်ကွဲမှုကြောင့် ဆယ့်တစ်ဦးခန့် ဒဏ်ရာရရှိ

■ မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာ ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ် အပ်နှံရာနေရာတွင်  ဗုံးပေါက်ကွဲမှုကြောင့် ဆယ့်တစ်ဦးခန့် ဒဏ်ရာရရှိ
Published 14 April 2024

မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာ ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ် အပ်နှံရာနေရာတွင်  ဗုံးပေါက်ကွဲမှုကြောင့် ဆယ့်တစ်ဦးခန့် ဒဏ်ရာရရှိမှု ဧပြီ ၁၄ ရက် သင်္ကြန် အကျနေ့က ဖြစ်ပွားခဲ့သည်။

လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပရာ ၂၆ဘီလမ်း(တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ် စတန်းများတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၇၁ လမ်း နှင့် ၂ရလမ်းရှိ ဆိုင်ကယ်စတန်းနှင့် ၇၁ လမ်းနှင့် ၂၈လမ်းရှိ ဆိုင်ကယ်အပ်နှံရာနေရာများတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သင်္ကြန်ပွဲတော်သို့လာရောက်သူ ၁၁ ဦးခန့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

" ဆိုင်ကယ်စတန်းက ဆိုင်ကယ်တွေမှာ ထောင်သွားတယ်လို့ သိရတယ်။ နောက်ထပ်လည်း မပေါက်သေးတဲ့ ဗုံးတွေရှိသေးလို့ ရှင်းလင်းမှုတွေလုပ်နေပါတယ်"ဟု ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မန္တလေးမြို့ ဒေသခံ တစ်ဦးက ပြောကြားသည်။

 

Most Read

Most Recent