ဘိုလော့ဂ်နာနှင့် (၂-၂)ဂိုးသရေကျသည့်ပွဲမှ အေစီမီလန်ကစားသမားများဖြစ်သည် မီနွန်၊ သီယိုဟာနန်ဒက်ဇ်နှင့် ဂျရူးတို့၏ စွမ်းဆောင်ရည်အား အီတလီမီဒီယာများဝေဖန်

ဘိုလော့ဂ်နာနှင့် (၂-၂)ဂိုးသရေကျသည့်ပွဲမှ အေစီမီလန်ကစားသမားများဖြစ်သည် မီနွန်၊ သီယိုဟာနန်ဒက်ဇ်နှင့် ဂျရူးတို့၏ စွမ်းဆောင်ရည်အား အီတလီမီဒီယာများဝေဖန်
Photo : Getty Images
Photo : Getty Images
Published 29 January 2024

ဇန်နဝါရီ (၂၈)ရက်နေ့က ယှဉ်ပြိုင်ခဲ့သည့် အီတလီစီးရီးအေပွဲစဉ် (၂၂) အေစီမီလန် (၂-၂) ဘိုလော့ဂ်နာပွဲစဉ်မှ အေစီမီလန်ကစားသများဖြစ်သည့် ဂိုးသမားမီနွန်၊ နောက်ခံလူသီယိုဟာနန်ဒက်ဇ်နှင့် တိုက်စစ်မှူး ဂျရူးတို့၏ စွမ်းဆောင်ရည်အား အီတလီမီဒီယာများမှ ဝေဖန်မှုပြစ်တင်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အေစီမီလန်အသင်းသည် အဆိုပါပွဲစဉ်တွင် ပြိုင်ဘက်ဘိုလော့ဂ်နာ အား ဦးဆောင်ဂိုးခွင့်ပြုခဲ့ရသော်လည်း ကွင်းလယ်လူ လော့ဖ်တပ်ချိခ်၏ သွင်းဂိုးများဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး နာကျင်အချိန်ပိုတွင် ချေပဂိုးခွင့် ပြုခဲ့ရကာ အဖိုးတန် (၂)မှတ်ဆုံးရှုံးခဲ့  ခြင်းဖြစ်သည်။

အေစီမီလန်သည် လက်ရှိတွင် ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းများနှင့် စီးရီးအေချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေရပြီး ယခုကဲ့ သို့ ရမှတ် (၂)မှတ်ဆုံးရှုံးခဲ့ရခြင်းမှာ အသင်းအတွက် များစွာနစ်နာခဲ့ရသည်။

အေစီမီလန်အသင်းအနေဖြင့် ဘိုလော့ဂ်နာနှင့်ပွဲစဉ်တွင် ပွဲချိန် (၄၂) မိနစ်နှင့် (၇၄) မိနစ်များ၌ ပယ်နယ်တီ ကန်သွင်းခွင့်ရရှိခဲ့သော်လည်း ပထမပယ်နယ်တီကို တိုက်စစ်မှူးဂျရူးနှင့် ဒုတိယပယ်နယ်တီကို နောက်ခံလူ သီယိုဟာနန်ဒက်ဇ်တို့ကန်သွင်းရာတွင် ဂိုးအဖြစ် ပြောင်းလဲနိုင်းခြင်းမရှိခဲ့သလို၊ ဂိုးသမားမီနွန်မှာလည်း ပြိုင်ဘက်အသင်း၏ ချေပဂိုးများကိုကာကွယ်ရာတွင် အားနည်းချက်များရှိခဲ့ ခြင်းဖြစ်သည်။ 

ထို့ကြောင့် ယင်းကစား (၃)ဦး အပေါ် အီတလီမီဒီယားများမှ ပြစ်တင်ဝေဖန်ခဲ့ပြီး အဖိုးတန်နိုင်ပွဲကို လက် လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ လက်ရှိတွင် အေစီမီလန်အသင်းအနေဖြင့် စီးရီးပွဲစဉ် (၂၂) ပွဲယှဉ်ပြိုင်ကစားပြီးချိန်တွင် ရမှတ် (၄၆)မှတ်ရရှိထားပြီး ထိပ်ဆုံးမှ ဂျူဗင်တပ်စ် နှင့် (၇)မှတ်ကွာဟလျက်ရှိသည်။

Most Read

Most Recent