ပေါ့ဘာ အဆုံးသတ်ချိန်

ပေါ့ဘာ အဆုံးသတ်ချိန်
Photo : Getty Images
Photo : Getty Images
Published 4 March 2024
AK

လေးနှစ်မှတစ်ခါကြုံရတဲ့ ဖေဖော်ဝါရီ ၂၉ မှာ ပေါ့ဘာ ကံကြမ္မာဆိုးနဲ့ရင်ဆိုင်လိုက်ရတယ်။ ကံကြမ္မာဆိုးဆိုတာထက် ပေါ့ဆမှုကြောင့်လို့လည်း တံဆိပ်ကပ်နိုင်ပါတယ်။ တားမြစ်ဆေးသုံးစွဲလို့ ပေါ့ဘာတစ်ယောက် လေးနှစ်ပွဲပယ်ခံလိုက်ရတာပါပဲ။ အသက်သုံးဆယ်အရွယ် ပေါ့ဘာအတွက် ကစားသမားဘဝအဆုံးသတ်သွားစေမယ့် ပွဲပယ်ပြစ်ဒဏ်ပါပဲ။ ပါရမီရှိပေမယ့် ခံယူချက်မကောင်းတဲ့ ပေါ့ဘာက အမြင့်ဆုံးအဆင့်ကို မရောက်ခဲ့သလို၊ ကစားသမားဘ၀ နေဝင်ချိန်ကလည်း မလှပခဲ့ဘူး။ မန်ယူပရိသတ်တချို့ဟာ ပေါ့ဘာကြောင့် ကမ္ဘာ နှစ်ခြမ်းကွဲဖူးပြီး ဗိုင်းရပ်စ်လို့ ပြစ်တင်ဖူးတယ်။ အခုတော့ ဗိုင်းရပ်စ်တစ်ကောင် ကွယ်လွန်ခဲ့ပါပြီ။

 

Most Read

Most Recent