မန်စီးတီးအသင်းဂိုးသမား အီဒါဆန် ကြွက်သားဒဏ်ရာကြောင့် လေးပတ်ခန့် အနားယူရမည်

မန်စီးတီးအသင်းဂိုးသမား အီဒါဆန် ကြွက်သားဒဏ်ရာကြောင့် လေးပတ်ခန့် အနားယူရမည်
Photo: Getty Images
Photo: Getty Images
Published 13 March 2024

 

မန်စီးတီးအသင်းဂိုးသမား အီဒါဆန် သည် ကြွက်သားဒဏ်ရာကြောင့် လေးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။

ဘရာဇီးလ်လက်ရွေးစင်ကစားသမား အီဒါဆန် (၃၀ နှစ်) သည် လီဗာပူးလ်အသင်း နှင့်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လီဗာပူးလ်အသင်းတိုက်စစ်မှူး ဒါဝင်နူးနက်ဇ် ကို တားဆီးစဉ် ပယ်နယ်တီပေးခဲ့ရသလို ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဆေးကုသမှုခံယူသော်လည်း သက်သာခြင်းမရှိသဖြင့် မိနစ်အနည်းငယ်အကြာ (၅၆ မိနစ်) တွင် လူစားလဲခဲ့ရသည်။ ၎င်းအနေဖြင့် ယာဘက်ခြေထောက်ကြွက်သား ထိခိုက်မိခြင်းဖြစ်ပြီး သုံးပတ်မှ လေးပတ်ခန့် အနားယူရနိုင်ကြောင်း ခန့်မှန်းသတင်းများထွက်ပေါ်နေသလို မန်စီးတီး အသင်းနှင့်နီးစပ်သည့် သတင်းရင်းမြစ်ကလည်း အနားယူရမည့်ကာလကို အတည်ပြုခဲ့သည်။

သို့ဖြစ်ရာ အီဒါဆန်အနေဖြင့် ယခုတစ်ပတ်တွင် နယူးကာဆယ်အသင်းနှင့်ကစားရမည့် FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကို လွဲချော်မည်ဖြစ်သလို နိုင်ငံတကာရက်သတ္တပတ်ပြီးနောက် အာဆင်နယ် (မတ် ၃၁ ရက်)၊ ဗီလာ (ဧပြီ ၃ ရက်)၊ ပဲလေ့စ် (ဧပြီ ၆ ရက်) တို့နှင့်ပွဲစဉ်များတွင်လည်း ပါဝင်နိုင်ရန် မသေချာသေးကြောင်း သိရသည်။ အီဒါဆန်သည် မန်စီးတီးအသင်း၏ အားထားရသည့် ကစားသမားဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၇ ပွဲအထိ ပွဲထွက်ကစားခွင့်ရထားသလို Clean Sheet ရှစ်ပွဲနှင့် ပေးဂိုး ၂၅ ဂိုးသာခွင့်ပြုထားရသည်။

အီဒါဆန်သည် ယခုဒဏ်ရာကြောင့် မတ် ၂၃ ရက်တွင် လန်ဒန်မြို့၌ အင်္ဂလန်၊ မတ် ၂၆ ရက်တွင် မက်ဒရစ်မြို့၌ စပိန်အသင်း တို့နှင့် ခြေစမ်းကစားမည့် ဘရာဇီးလ်အသင်း၏ ပွဲစဉ်နှစ်ပွဲကိုလည်း လွဲချော်မည်ဖြစ်သည်။

Most Read

Most Recent