■ ပေါ့ဘာနှင့် စကားပြောဆိုဖြစ်သည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ဆို

■ ပေါ့ဘာနှင့် စကားပြောဆိုဖြစ်သည်ဟု ပြင်သစ်နည်းပြ ဒေးရွှမ့် ဆို
Photo: Getty Images
Photo: Getty Images
Published 15 March 2024

ပြင်သစ်လက်ရွေးစင်အသင်း၏နည်းပြ ဒေးရွှမ့်က တားမြစ်ဆေးပြဿနာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပေါ့ဘာနှင့် စကားပြောဆိုဖြစ်ခဲ့သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။ 

ပေါ့ဘာသည် ရှောင်တခင်တားမြစ်ဆေး စစ်ဆေးရာတွင် ဆေးကျမှုကြောင့် (၄) ပွဲပယ်ချမှတ်ခံထားရသူဖြစ်ပြီး အသက် (၃၁) နှစ်ကျော်ပြီဖြစ်သည့်အတွက် ၎င်း၏ကစားသမားဘဝ အဆုံးသတ်တော့မည်ဟု သုံးသပ်မှုများ ရှိနေသည်။ 

"ကျွန်တော် သူနဲ့ စကားပြောဖြစ်ပါတယ်။ သူက လူတော်တစ်ယောက်ပါ။ ဒီပြဿနာကို ဖြေရှင်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်"ဟု ဒေးရွှမ့်က ပြောကြားခဲ့သည်။ 

ပေါ့ဘာသည် (၄)နှစ်ပွဲပယ်ပြစ်ဒဏ်အတွက် အယူခံဝင်ထားကြောင်းလည်း သိရသည်။

Most Read

Most Recent