ရုံတင်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများ ပိုမိုများပြားလာမှုနှင့်အတူ ပရိသတ်အားပေးမှု ပြန်လည်မြင့်တက်ခဲ့သည့် ၂၀၂၃ မြန်မာ့ရုပ်ရှင်လောက

ရုံတင်ဇာတ်ကားများ၊ ရုပ်သံဇာတ်လမ်းတွဲများ ပိုမိုများပြားလာမှုနှင့်အတူ ပရိသတ်အားပေးမှု ပြန်လည်မြင့်တက်ခဲ့သည့် ၂၀၂၃ မြန်မာ့ရုပ်ရှင်လောက
Published 2 January 2024

၂၀၂၃ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာမှု၊ ရုပ်သံဇာတ်လမ်းတွဲ များပြားလာမှုနှင့်အတူ ပရိသတ်အားပေးမှု  ပြန်လည်များပြားလာခဲ့သည့်နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်းတွင် ယခင်နှစ်များထက် ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာခဲ့ပြီး ထိုသို့ များပြားလာမှုနှင့်အတူ ရန်ကုန် မြို့အတွင်းရှိ ရုပ်ရှင်ရုံများတွင် လူများပြန်လည်စည်ကားလာသည်ကို တွေ့ မြင်ရသည်။

ကိုဗစ်ရောဂါကပ်ဘေးနှင့်အတူ မြန်မာ့ရုပ်ရှင်လောကမှာလည်း  ငြိမ်သက်နေခဲ့ပြီး ယင်းနောက် ၂၀၂၃ ခုနှစ်တွင် ရုပ်ရှင်ရုံများ၌ ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာခဲ့သည်။

ရုံတင်ဇာတ်ကားများ ပြန်လည်များပြားလာခြင်းနှင့်အတူ အနုပညာရှင်နှင့် သရုပ်ဆောင်များလည်း ပရိ သတ်များ၏ မြင်ကွင်းရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ရုံတင်ဇာတ်ကားအများစုသည် ဟာသရုပ် ရှင်ဇာတ်ကားများဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟာသဇာတ်ကားအများစုတွင် သရုပ်ဆောင် မြင့်မြတ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ မေရာဆွန်ဆွန်နှင့် ရိုက်ကူးထားသည့် “သရွီး” ဟာ သရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

၂၀၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားကြီးများထဲတွင် သရုပ်ဆောင် ပိုင်တံခွန် ပါဝင်သည့် “ကံကောင်း”ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်များအကြားအထူး ရေပန်းစားခဲ့သည့် ရုံတင်ဇာတ်ကားဖြစ်ခဲ့သည်။

“ကံကောင်း” ရုပ်ရှင်ဇာတ်ကားကြီးမှာ ခွေးလေးတစ်ကောင်နှင့် ဘုန်းကြီးတစ်ပါးတို့ကြားမှ ဖြစ်ပေါ်လာသည့် သံယောဇဉ်ကို အခြေခံ ရိုက်ကူးထားခြင်းဖြစ်သည်။

အဆိုပါ ဇာတ်ကားမှာ အိန္ဒိယနိုင်ငံမှ ဇာတ်ကားတစ်ကားနှင့် ဆင်တူနေသည်ဆိုသည့် ဝေဖန်မှုများရှိခဲ့သလို ပရိသတ်များအကြား ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် လွန်ခဲ့သည့်နှစ်များမှ  ပရိသတ်များ၏ မြင်ကွင်းရှေ့တွင် ပျောက်ကွယ်နေသည့် အကယ်ဒမီ   စိုင်းစိုင်းခမ်းလှိုင်၏ “ပိတောက်က တဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးကို တစ်ဖန်ပြန်လည် ရုံတင်ပြသခဲ့သည်။

ယင်းသို့ ပြန်လည်ပြသရာတွင်လည်း ပရိသတ်အားပေးမှုများပြားခဲ့သည်။

“ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးသည် ၂၀၂၀ ပြည့် နှစ်၏ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ရရှိခဲ့ပြီး အဆိုပါဇာတ်ကားတွင် ပါဝင်သည့် စိုင်းစိုင်းခမ်းလှိုင်သည်လည်း ၂၀၂၀ ပြည့်နှစ်၏ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သည်။                                  

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို ၂၀၂၃ သြဂုတ်လအတွင်း ပြန်လည်ရုံတင်ပြသခဲ့ပြီး ပရိသတ်အားပေးမှု များပြားခဲ့သည်။

ထို့ပြင် အနုပညာအလုပ်များ ရပ်နားထားသည့် အကယ်ဒမီနေတိုး၏ “အချိန်လွန်မိုး” ရုပ်ရှင်ဇာတ်ကား  ကိုလည်း ၂၀၂၃ စက်တင်ဘာလအတွင်း ရုံတင်ပြသခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာလအတွင်း ရုံတင်ပြသခဲ့သည့်အဆိုတော် နေဝင်းပါဝင်သည့် “စာရိတ္တ” ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းများမှာလည်း လူမှုကွန်ရက် facebook စာမျက်နှာတွင် ရေပန်းစားခဲ့သည်။

ရုံတင်ဇာတ်ကား များပြားလာမှုနှင့်အတူ Press Show၊ Premium Show နှင့် Red Carpet Show အများအပြားကိုလည်း တွေ့မြင်ခဲ့ရသည်။

အဆိုပါ Press Show၊ Premium Show နှင့် Red Carpet Show များသို့ ပါဝင်သည့် သရုပ်ဆောင်များလည်း အများအပြားလာရောက်သည်ကို တွေ့မြင်ခဲ့ရသည်။

ထို့အတူ အဆိုပါ Showများ သို့ ပရိသတ်အများအပြား လာရောက်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ Press Show၊ Premium Show နှင့် Red Carpet Show များတွင် အနုပညာရှင်များနှင့် ပရိသတ်များ ရင်းရင်းနှီးနှီးတွေ့ဆုံခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

ရုံတင် ရုပ်ရှင်ဇာတ်ကားကြီးများအပြင် ၂၀၂၃ ခုနှစ်အတွင်း မြန်မာရုပ်သံဇာတ်လမ်းတွဲ အများအပြား ထုတ်လွှင့်ခဲ့သည်မှာလည်း ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။

“လောင်” ရုပ်သံဇာတ်လမ်းမှာလည်း ပရိသတ် အားပေးမှုများပြားခဲ့သည့် မြန်မာရုပ်သံဇာတ်လမ်းတွဲဖြစ်ခဲ့သည်။

ထို့ပြင် “ရေနံ့သာခင်ခင်ကြီး” ဝတ္ထုကို  ပြန်လည်ရိုက်ကူးထားသည့် ရုပ်သံဇာတ်လမ်းတွဲမှာလည်း  ပရိ သတ်အားပေးမှုများပြားခဲ့သည့်   ရုပ်သံဇာတ်လမ်းတွဲဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း “ချစ်လှစွာသော”၊ “ယုံတမ်း”၊ “တာတီး”၊“အဆိပ်သင့်အချစ်”၊ “My Dear You”၊ “နင့်”၊ “မုသားဖြင့် စီရင်အပ်သော”၊ “ပိုးဝင်္ကပါ” ၊ “ညီမလေးတစ်ယောက် ကောက်ရထားသည်”၊                     “ကျော်ဇော်မော်ဇော်”၊ “ရင်ထဲကြွေတဲ့ကြယ်”၊ “ရမ္မက်တိမ်တောင်” စသည့် မြန်မာရုပ်သံဇာတ်လမ်းတွဲ အများအပြား ထွက်ရှိခဲ့သည်။

Most Read

Most Recent