၂၀၂၄ အတွက် စိတ်လှုပ်ရှားနေသည်ဟု အူနိုင်းအမ်မရီ ဆို

၂၀၂၄ အတွက် စိတ်လှုပ်ရှားနေသည်ဟု အူနိုင်းအမ်မရီ ဆို
Photo: Getty Images
Photo: Getty Images
Published 1 January 2024

အက်စတွန်ဗီလာအသင်း၏နည်းပြ အူနိုင်းအမ်မရီက ၂၀၂၄ ခုနှစ်အတွက် စိတ်လှုပ်ရှားနေကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အူနိုင်းအမ်မရီသည် ၂၀၂၃ ခုနှစ်အတွင်းတွင် အက်စတွန်ဗီလာအသင်းကို တိုးတက်မှုရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လက်ရှိရာသီ၌ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ပိုင်းတွင် ရပ်တည်နိုင်အောင်လည်း စွမ်းဆောင်ပေးထားသည်။

''တကယ့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပွဲအတွက် ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ မစ်ဒယ်ဘရော့နဲ့ကစားရမယ့် FA ဖလားပွဲ၊ အဲဗာတန်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲတွေပါ။ ပြီးတော့ ပြင်းပြင်းထန်ထန်ကြိုးစားရင် အိပ်မက်တွေ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပါတယ်''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent