ရီးယဲလ်အသင်းတွင် ဆက်နေရန်မသေချာဟု ၀ါရင့်ကစားသမားဖြစ်သူ ဗက်ဇ်ကေး ဝန်ခံ

ရီးယဲလ်အသင်းတွင် ဆက်နေရန်မသေချာဟု ၀ါရင့်ကစားသမားဖြစ်သူ ဗက်ဇ်ကေး ဝန်ခံ
Photo: Real Madrid
Photo: Real Madrid
Published 2 March 2024

 

ရီးယဲလ်မက်ဒရစ်အသင်း၏ ၀ါရင့်ကစားသမားဖြစ်သူ ဗက်ဇ်ကေးက အသင်းတွင် ဆက်ရှိရန် မသေချာကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

အသက် (၃၂) နှစ်အ ရွယ်ရှိ ဗက်ဇ်ကေးသည် ရီးယဲလ်အသင်းတွင် တောင်ပံကစားသမားအဖြစ်သာမက နောက်ခံကစားသမားအဖြစ်ပါ ကစားနေသူဖြစ်သည်။ ရီးယဲလ်အသင်းနှင့် ချုပ်ဆိုထားသည့် ဗက်ဇ်ကေး ၏ လက်ရှိစာချုပ်မှာ ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ဗက်ဇ်ကေးက "ကျွန်တော်ကတော့ စာချုပ်အကြောင်းကို သိပ်မတွေးပါဘူး။ ကျွန်တော့်အနေနဲ့ ပွဲတွေဆက်တိုက် ကစားခွင့်ရနေတာကိုပဲ ကျေနပ်ပါတယ်။ ကျွန်တော့်အနေနဲ့ အသင်းကို ကူညီချင်တယ်။ အဲဒီအကြောင်းပဲ ကျွန်တော် တွေးနေတာပါ။ အသင်းရဲ့လက်ရှိအင်အားက အရမ်းကိုတောင့်တင်းပါတယ်။ ကျွန်တော်တို့အသင်းက ဘယ်အသင်းကိုမဆို ယှဉ်နိုင်ပါတယ်" ဟု ဆိုခဲ့သည်။ 

ဗက်ဇ်ကေးသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၆) ပွဲ ကစားခွင့်ရထားပြီး တစ်ဂိုးသွင်းယူပေးထားသည်။ 

Most Read

Most Recent