ဟန်ဆီဖလစ်ခ်  ဘယ်လဲ 

ဟန်ဆီဖလစ်ခ်  ဘယ်လဲ 
Photos: Getty Images
Photos: Getty Images
Published 23 March 2024
Taw Lynn

ဘာစီလိုနာကတော့ ဘိုင်ယန်မြူးနစ်နဲ့မတူဘဲ နိုင်ငံရေးတွေ ရောပြွန်းနေတဲ့ ကလပ်အသင်း ဖြစ်တယ်။ ဘာစီလိုနာက ရှုပ်ထွေးတဲ့ စပိန်ပြည်တွင်းရေးမှာ အမြဲတမ်းပါဝင်ပတ်သက်နေသလို၊ အသင်းတွင်းမှာလည်း အဖုအထစ်တွေ ပြဿနာတွေ ရှိနေတယ်။ ဒါတွေက ဟန်ဆီဖလစ်ခ်အတွက် ကောင်းတဲ့အချက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဟန်ဆီဖလစ်ဖ်ကလည်း အသင်းတွင်းပြဿနာတွေနဲ့ ကြုံဖူးသူပါ။ ဘိုင်ယန်မြူးနစ်မှာ သူ အောင်မြင်ခဲ့ပေမဲ့ အရာရာဟာ လွယ်ကူချောမွေ့ခဲ့တာတော့ မဟုတ်ဘူး။ ဟန်ဆီဖလစ်ခ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ပြီး ဂျာမနီလက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ထိုစဉ်က အသင်းအားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်နဲ့ အမြင်မတူတာကြောင့်ပါ။ ပြောရရင်တော့ ဟန်ဆီဖလစ်ခ်က ငြိမ်းချမ်းပြီး လိုက်လျောညီထွေဖြစ်တဲ့ ဘုတ်အဖွဲ့ရှိတဲ့ အသင်းမျိုးကို ကိုင်တွယ်ရတာ ပိုသဘောကျတယ်။ ဟန်ဆီဖလစ်ခ်အနေနဲ့ ဘာစီလိုနာအသင်းကိုသာ ကိုင်တွယ်ခဲ့မယ်ဆိုရင် သူဟာ ဂွါဒီယိုလာနောက်ပိုင်း အသင်းပရိသတ်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေ သဘောကျဆုံးနည်းပြအဖြစ် ရှုမြင်ခံရလိမ့်မယ်။

 

Most Read

Most Recent