■ ချန်ပီယံလိဂ် ပွဲစဉ်-၄ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် ပွဲစဉ်-၄ (ပထမနေ့) ပွဲကြိုသုံးသပ်ချက်
Photo: Real Madrid
Photo: Real Madrid
Published 5 November 2024

♦ ရီးယဲလ်မက်ဒရစ် - အေစီမီလန် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

အေစီမီလန်က ပြိုင်ပွဲကနေ လှည့်ပြန်ရမယ့်အုပ်စုထဲကို ရောက်နေတယ်။ အဖွင့်ပွဲမှာ လီဗာပူးလ်ကို အိမ်ကွင်းမှာ ရှုံးခဲ့တယ်။ ဒုတိယပွဲမှာ လေဗာကူဆင်ကို ရှုံးခဲ့တယ်။ နောက်ဆုံးပွဲမှာမှ ကလပ်ဘရုဂေးကို နိုင်ထားတာဖြစ်တယ်။ ခြေစွမ်းပိုင်းက သိပ်အားရစရာမရှိဘူး ဖြစ်နေတယ်။ အသင်းမှာ ထိပ်တန်းကစားသမားအချို့ရှိပေမဲ့ ခံစစ်ပိုင်းကလည်း ထိပ်တန်းပြိုင်ဘက်တွေနဲ့ဆိုရင် ပြဿနာရှိတယ်။ ရီးယဲလ်မက်ဒရစ်က နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးထားပြီး တိုက်ရိုက်နောက်တစ်ဆင့်တက်ခွင့်ရမယ့်

အုပ်စုထဲမှာ မပါသေးဘူး။ လိုင်လီလိုအသင်းမျိုးကို သွားရှုံးတာက နစ်နာခဲ့တယ်။ အန်ဆယ်လော့တီအတွက်တော့ အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရမယ့်ပွဲဖြစ်ပြီး ရီးယဲလ်မက်ဒရစ် နိုင်မှာပါ။

♦ လီဗာပူးလ် - လေဗာကူဆင် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

ယာဂန်ကလော့ပ်ထွက်ခွာချိန်မှာ လီဗာပူးလ်ကစားသမားဟောင်း ဇာဘီအလွန်ဆိုက လီဗာပူးလ်ရဲ့ပစ်မှတ်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အလွန်ဆိုက လေဗာကူဆင်မှာဆက်နေဖို့ ရွေးချယ်ခဲ့တယ်။ လီဗာပူးလ်ကလည်း အာနယ်ဆလော့ကို ရွေးချယ်ခဲ့တယ်။ အခုအချိန်မှာ နှစ်သင်းစလုံးက ပုံစံကောင်းပြနေတဲ့အသင်းတွေဖြစ်ပြီး လီဗာပူးလ်ကတော့ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ နိုင်ပွဲတွေယူနေတယ်။ ဒီပွဲကလည်း အန်ဖီးလ်ဖြစ်နေတယ်။ လီဗာပူးလ် နိုင်ဖို့ရှိတယ်။ ကပ်နိုင်မယ်။

♦ စပို့တင်းလစ္စဘွန်း - မန်စီးတီး (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

ဒီပွဲကတော့ မန်ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာမယ့် ရူဘင်အာမိုရင်မ်ကြောင့် တော်တော်လေးစိတ်ဝင်စားစရာ ပွဲစဉ်တစ်ပွဲဖြစ်လာတယ်။ မန်စီးတီးအသင်းက အုပ်စုတွင်းမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေသလို၊ စပို့တင်းလစ္စဘွန်း ကလည်း မန်စီးတီးလိုပဲ ရမှတ် ၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေလို့ နှစ်သင်းစလုံး တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေမှာရှိတယ်။ လက်ရှိခြေစွမ်းအရ အိမ်ကွင်းမှာ မန်စီးတီးကို စပို့တင်းလစ္စဘွန်း သရေတော့ ယူနိုင်ပါတယ်။

♦ လိုင်လီ - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

လိုင်လီက ဒီရာသီမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၃ ပွဲမှာ စပို့တင်းလစ္စဘွန်း တစ်သင်းတည်းကို ရှုံးခဲ့ပြီး ကျန်နှစ်ပွဲမှာ ဥရောပဘီလူးကြီးတွေဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ကို အနိုင်ရခဲ့တယ်။ ဂျူဗင်တပ်စ်ကိုလည်း

အခက်အခဲတွေအများကြီးပေးမှာ သေချာတယ်။ ဂျူဗင်တပ်စ်က သီယာဂိုမော့တာလက်ထက်မှာ စုစည်းမှုပိုကောင်းလာပေမဲ့ ကစားသမားအင်အားက အသင်းကြီး မဆန်ပါဘူး။ လိုင်လီကိုပဲ ကြိုက်တယ်။

♦ ဒေါ့မွန် - စတမ်းဂရက်ဇ် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

သြစတြီးယားကလပ် စတမ်းဂရက်ဇ်က အုပ်စုပွဲစဉ် ၃ ပွဲ ကစားပြီး ၃ ပွဲစလုံးရှုံးထားတဲ့ ၆ သင်းထဲက တစ်သင်းဖြစ်တယ်။ ဒေါ့မွန်ကတော့ ချန်ပီယံလိဂ်မှာ တိုက်စစ်အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ၁၂ ဂိုးအထိ သွင်းထားတယ်။ ဒီပွဲလည်း ဒေါ့မွန် ဂိုးပြတ်သွင်းမယ်။

♦ ဘိုလော့ဂ်နာ - မိုနာကို (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

ဘိုလော့ဂ်နာက ၃ ပွဲကစား ၁ပွဲသရေ၊ နှစ်ပွဲရှုံးနဲ့ နိုင်ပွဲမရထားတဲ့အသင်းပါ။ မိုနာကိုက ဒီရာသီချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေတဲ့ ဘာစီလိုနာကို အနိုင်ရခဲ့တဲ့ပွဲအပါအဝင် ၃ ပွဲမှာ ၇ မှတ်ရထားတယ်။ ဘိုလော့ဂ်နာကွင်းမှာ ဆိုပေမဲ့ အစစအရာရာသာတယ်။ မိုနာကိုပဲ ဂိုးပြတ်နိုင်မယ်။

♦ အခြားပွဲစဉ်များ

◘ *PSV - ဂျီရိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ဝဝး၁၅ နာရီ)

◘ *ဆလိုဗန် - ဒိုင်နမိုဇာဂရက် (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ဝဝး၁၅ နာရီ)

◘ ဆဲလ်တစ် - လိုက်ပ်ဇစ်* (မြန်မာစံတော်ချိန် နိုဝင်ဘာလ ၆ ရက် နံနက် ၂း၃၀ နာရီ)

Most Read

Most Recent