စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြု၍ ရုတ်ခြည်း များပြားလာသည့် ရာဇဝတ်မှုများသည် စိုးရိမ်ဖွယ်ဖြစ်လာကြောင်းနှင့် စီးပွားရေးမကောင်းခြင်း၏ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာသည့် အနေအထားဖြစ်လာကြောင်း ပြည်ခိုင်ဖြိုးပါတီဥက

စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြု၍ ရုတ်ခြည်း များပြားလာသည့် ရာဇဝတ်မှုများသည် စိုးရိမ်ဖွယ်ဖြစ်လာကြောင်းနှင့် စီးပွားရေးမကောင်းခြင်း၏ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာသည့် အနေအထားဖြစ်လာကြောင်း ပြည်ခိုင်ဖြိုးပါတီဥက
Published 19 November 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြု၍ ရုတ်ခြည်း များပြားလာသည့် ရာဇဝတ်မှုများသည် စိုးရိမ်ဖွယ်ဖြစ်လာကြောင်းနှင့် စီးပွားရေးမကောင်းခြင်း၏ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာသည့် အနေအထားဖြစ်လာကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြားစီးပွားရေးကျပ်တည်းမှုကို အကြောင်းပြု၍ ရုတ်ခြည်းများပြားလာသည့် ရာဇဝတ်မှုများသည် စိုးရိမ်ဖွယ်ဖြစ်လာကြောင်းနှင့် စီးပွားရေးမကောင်းခြင်း၏ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာသည့် အနေအထားဖြစ်လာကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်၌ ပြုလုပ်သည့် မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားစဉ် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကာလတွင် မဲပေးခဲ့ကြသည့် ပြည်သူများ၏ အကြီးမားဆုံးနှင့် အဓိကကျဆုံး မျှော်လင့်ချက်သည် ဒီမိုကရေစီအခွင့်အရေး အပြည့်အဝပေးနိုင်ပြီး စီးပွားရေးအခြေအနေ ပိုမိုချောင်လည် ကောင်းမွန်သည့် အုပ်ချုပ်မှုတစ်ရပ်ကို မျှော်လင့်ခဲ့ကြသည့်အတွက် အပြောင်းအလဲကို မဲပေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ အစိုးရအပြောင်းအလဲ ရှစ်လနီးပါး ကြာလာသည့် လက်ရှိအချိန်တွင် တိုင်းပြည်၏ စီးပွားရေးအခြေအနေ မည်သို့ရှိသည်ဆိုသည်မှာ လုပ်ငန်းများ လည်ပတ်နိုင်မှု၊ ကုန်ဈေးနှုန်းများနှင့် လက်တွေ့စားဝတ်နေရေး အဆင်ပြေခြင်း မပြေခြင်းတို့က ဖော်ပြနေပြီဖြစ်သကဲ့သို့ နိုင်ငံတော်ကို တာဝန်ယူထားသည့် ပါတီနှင့် အစိုးရအဖွဲ့အတွင်းမှာရှိသည့် တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင်က စီးပွားရေး တိုးတက်အောင် မစွမ်းဆောင်နိုင်သေးဘူး ဆိုတာကိုလည်း လူသိရှင်ကြား ဖွင့်ဟဝန်ခံထားပြီးဖြစ်ကြောင်း ဦးသန်းဌေးက ဆိုသည်။“ဒီနေရာမှာ စိုးရိမ်စရာကောင်းတာ တစ်ခုက စီးပွားရေးကျပ်တည်းမှုကို အကြောင်းပြုပြီး ရုတ်ခြည်းတိုးတက် များပြားလာတဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ စီးပွားရေးမကောင်းခြင်းရဲ့ အကျိုးဆက်အဖြစ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကိုပါ ထိခိုက်လာတဲ့ အနေအထား ဖြစ်လာပါတယ်”ဟု ဦးသန်းဌေးက ဆိုသည်။ထို့ပြင် ဦးသန်းဌေးက ဆွေးနွေးပွဲအပြီး ကျေးဇူးတင်စကား ပြောကြားရာတွင် “ဒီကနေ့ ပြည်သူအားလုံး အမှန်တကယ် လိုလားနေတာက စားဝတ်နေရေး ချောင်လည်မှု၊ တည်ငြိမ်အေးချမ်းမှု၊ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့အညီ နေထိုင်နိုင်တဲ့ လူမှုပတ်ဝန်းကျင် တို့ ဖြစ်ကြပါတယ်။ စီးပွားရေးကောင်းမွန်မှုမရှိဘဲ တည်ငြိမ်အေးချမ်းမှု မဖြစ်ပေါ်နိုင်သလို တည်ငြိမ်အေးချမ်းမှုရှိမှလည်း စီးပွားရေး၊ ကြီးပွားရေးကို မပူမပင်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။ စီးပွားရေးကျပ်တည်းမှုနဲ့ တရားဥပဒေစိုးမိုးမှု လျော့နည်းခြင်းတို့ရဲ့ အကျိုးဆက်ကြောင့် ပြည်သူတွေ တောင့်တနေခဲ့ကြတဲ့ ဒီမိုကရေစီဟာ ပုံပျက်ပန်းပျက် ဖြစ်စပြုနေပါပြီ”ဟု ထည့်သွင်းပြောကြားသည်။မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော်ဘဏ္ဍာရေး၊ ငွေရေးကြေးရေးနှင့် စီးပွားရေးအခြေအနေ၊ အမျိုးသားစီမံကိန်း အကောင်အထည်ဖော်မှုများ၊ ကုန်သွယ်ရေးနှင့် အခြေခံကုန်ဈေးနှုန်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နံှမှုများအား အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ စာရင်းအင်းအချက်အလက်နှင့် ဖွံ့ဖြိုးတိုးတက်မှု စသည့်ခေါင်းစဉ်များကို ယခင်အစိုးရလက်ထက်က ပြည်ထောင်စုအဆင့် တာဝန်ယူခဲ့ကြသည့် ဝန်ကြီးများက ၎င်းတို့ ဆောင်ရွက်ခဲ့သည်များကို ရှင်းလင်း ပြောကြား၍ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။အဆိုပါအစည်းအဝေးကို လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုပြဿနာများအား  ကျော်လွှား၍ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူပြည်သားများ ခံစားနေရသော လူမှုစီးပွားအကျပ်အတည်းများ လျော့ပါးစေရန်၊ ပါတီ၏ စီးပွားရေးဆိုင်ရာမူဝါဒအဖြစ် ခိုင်ခိုင်မာမာ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ပြောကြားချက်အရ သိရသည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ယခုဆွေးနွေးပွဲကဲ့သို့ ပြည်သူ့ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ တောင်သူလယ်သမား အလုပ်သမားအရေး၊ လူမှုရေး၊ လူငယ်ရေးရာ စသဖြင့် ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသန်းဌေးက ပြောကြားသည်။ 

Most Read

Most Recent