ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှု နှင့် အဖြေ မရှိသော ပုစ္ဆာ

ဂါဇာဆေးရုံ တိုက်ခိုက်ခံရမှု နှင့် အဖြေ မရှိသော ပုစ္ဆာ
Published 18 October 2023
ဇင်မျိုး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးနိုင်ငံကို ရောက်မလာမီ တစ်ရက်အလို အောက်တိုဘာ ၁၇ ရက်တွင် ဂါဇာရှိ အယ်အာလီ အာရပ်ဆေးရုံ၌ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ယင်းပေါက်ကွဲမှုသည် မည်သူ့လက်ချက်ဖြစ်သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရပေ။

အပြန်အလှန်စွပ်စွဲနေကြသည်။ ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်က အစ္စရေးစစ်တပ် ပစ်လိုက်သော ဒုံးကျည်ကြောင့်ဟုဆိုသည်။ အစ္စရေးကလည်း ဟားမာ့စ်တို့ဘက်က ပစ်လိုက်သော ဒုံးကျည်သည် ပစ်မှတ်ထံ မရောက်ဘဲ ကျရောက် ပေါက်ကွဲခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၅၀၀ ရှိမည်ဟု အေအက်ဖ်ပီက ဖော်ပြသည်။ ဘီဘီစီကမူ သေဆုံးသူ ၁,၀၀၀ ရှိမည်ဟု ဖော်ပြသည်။

အစ္စရေးက ဂါဇာကို အစာဖြတ်၊ ရေဖြတ်၊ လျှပ်စစ်ဓာတ်အားဖြတ် လုပ်ထားခြင်း ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ ပူပန်မှု များဖြစ်ပေါ်နေချိန် အောက်တိုဘာ ၁၇ ရက် တွင် ယင်းဆေးရုံ$ ပြင်းထန်သော ပေါက်ကွဲ မှုဖြစ်ပွားခြင်းဖြစ်ပြီး သေဆုံးသူ ရာကျော်ရှိ သည်ဟု ပါလက်စတိုင်းတာဝန်ရှိသူများက ပြောကြားသည်။

အယ်အာလီအာရပ်ဆေးရုံခေါ် Al Ahli Baptist ဆေးရုံသည် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် နေရပ်စွန့်ခွာလာသူ ထောင်ချီ ခိုလှုံနေသော ဆေးရုံဖြစ်သည်ဟု ပါလက် စတိုင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။  သေဆုံးသူအများအပြားသည် အပျက်အစီး များအောက်တွင် ရှိနေဆဲဖြစ်သည်ဟု ထုတ် ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ပါလက်စတိုင်းတာဝန်ရှိသူများက ပြင်းထန်သည့် ပေါက်ကွဲမှုအတွက် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို အပြစ်တင်ထားသည်။ သို့သော်လည်း အစ္စရေးကာ ကွယ်ရေးတပ် IDF က ဆေးရုံတိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်မှုမှန်သမျှကို ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပြီး ဂါဇာရှိ ပြိုင်ဘက် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုဖြစ်သော ပါလက်စတိုင်းအစ္စလာမ်မစ် ဂျီဟတ် အုပ်စု၏ မအောင်မြင်သော ရော့ကတ်ပစ် လွှတ်မှုကို အပြစ်ဖို့ထားသည်။

“ဆေးရုံကို ကျွန်တော်တို့ တိုက်ခိုက်တာ မဟုတ်ပါဘူး။ အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့ရဲ့ မအောင်မြင်တဲ့ ရော့ကတ်ပစ်လွှတ်မှုကြောင့် ဖြစ်ရတာလို့ ကျွန်တော်တို့ ထောက်လှမ်းရေးက ယူဆထားပါတယ်။ ကျွန်တော်တို့ကတော့ အရေးကြီးတဲ့နေရာတွေ အထူးသဖြင့် ဆေးရုံ တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမျိုး မလုပ်ဘူးလို့ ကျွန်တော် ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု အစ္စရေးစစ်တပ်က ဒုတိယဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရီကပ်စ်က CNN ကို ပြောသည်။

အစ္စရေးက ဂါဇာကို ၀ိုင်းထားသည်မှာ  တစ်ပတ်ကျော်ရှိပြီဖြစ်သည်။ ဂါဇာသည် ပြည်သူ ၂ ဒသမ ၂ သန်းနေထိုင်သည့် ကမ်း ရိုးတန်းနယ်မြေစုလေးဖြစ်ပြီး အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စု ဟားမာ့စ် ထိန်းချုပ်ထား သော နယ်မြေဖြစ်သည်။ ယခု ယင်းနယ်မြေ ကို အစ္စရေးက ၀ိုင်းထားခြင်းဖြစ်သည်။

ရေနှင့်မီး မရသည့် အနေအထား၌ ဆေးရုံများသည် ဂါဇာ၌ ထိခိုက်ဒဏ်ရာရသူ များကို ကုသပေးရန် အခက်အခဲရှိနေသည်။  အရေးပါသည့် အကူအညီများ ပေးအပ်ရေးသည်လည်း အီဂျစ်ဘက်က လမ်းကြောင့်မ ဖွင့်ပေးသောကြောင့် အခက်အခဲများ ရှိနေ သည်။ ထို့ကြောင့် ပိတ်ဆို့ခံထားရသော ဂါဇာနယ်စပ်တွင် အကူအညီပစ္စည်းများ စု ပုံနေသည်။ အကူအညီပစ္စည်းများ သယ် ဆောင်သော ယာဉ်တန်းများ ဘေးကင်းစွာ သွားနိုင်ရေးအတွက် အာမခံချက်လိုအပ်နေ သည်ဟု ကုလသမဂ္ဂနှင့် အခြားသော တာ ဝန်ရှိသူများက ပြောကြားသည်။

ပဋိပက္ခကို ကိုင်တွယ်ရန် နိုင်ငံတကာ ဖိအားပေးမှုများရှိနေချိန်တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အောက်တိုဘာ ၁၈ ရက်တွင် အစ္စရေးနိုင်ငံကို ရောက်လာသည်။   အမေရိကန်သမ္မတစ်ဦး၏ စစ်အတွင်းထူး ခြားလွန်းသော ခရီးဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် အရှေ့အလယ်ပိုင်းကို ရောက်လာပြီးနောက် သမ္မတဘိုင်ဒင်လည်း အရှေ့အလယ်ပိုင်းကို ရောက်လာခြင်းဖြစ်သည်။

ဘိုင်ဒင်သည် ဂျော်ဒန်မြို့တော် အမ်မမ်တွင် ကျင်းပရန်စီစဉ်ထားသော ထိပ်သီး ညီလာခံကို တက်ရောက်ရန်စီစဉ်ထားသည်။ ယင်းညီလာခံကို အာရပ်ခေါင်းဆောင်အချို့လည်း တက်ရောက်ရန် စီစဉ်ထားခြင်းဖြစ် သော်လည်း ဆေးရုံပေါက်ကွဲမှုဖြစ်ပွားပြီး နောက် အဆိုပါညီလာခံကို ဖျက်သိမ်းလိုက် သည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘက်စ် က ညီလာခံကို မတက်ရောက်တော့ဘဲ ပါ လက်စတိုင်းခေါင်းဆောင်များနှင့်ပြုလုပ်မည့် အရေးပေါ်အစည်းအဝေးအတွက် ရာမာလာမြို့ကို ပြန်သွားမည်ဟုပြောသည်။

အယ်အာလီအာရပ်ဆေးရုံသည် မဖြစ်မနေ နေရပ်စွန့်ခွာခဲ့ကြရသော ပြည်သူ ထောင်ပေါင်းများစွာ ခိုလှုံလျက်ရှိသည့် ဂါဇာမြို့က ခိုလှုံရာနေရာဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။

ဆေးရုံ၌ ပေါက်ကွဲခြင်းကြောင့် လူ ၅၀၀ ကျော် သေဆုံးသွားသည်ဟု ဟားမာ့စ် အုပ်စုက ပြောသည်။ ပါလက်စတိုင်းကျန်းမာ ရေးဝန်ကြီးဌာနကမူ လူ ၂ဝဝမှ ၃ဝဝအကြား သေဆုံးသည်ဟု ကနဦးခန့်မှန်းထားကြောင်း အစောပိုင်းတွင် ထုတ်ပြန်ထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန် ယာဟုက ဆေးရုံတိုက်ခိုက်မှုအတွက် ဂါဇာက ရိုင်းစိုင်းလှသော အကြမ်းဖက်သမားများ ကို အောက်တိုဘာ ၁၇ ရက်တွင် အပြစ်တင် ခဲ့သည်။

“ကျွန်တော်တို့ရဲ့ကလေးတွေကို ရက် ရက်စက်စက် သတ်ခဲ့တဲ့သူတွေက သူတို့ရဲ့ ကလေးတွေကိုလည်း သတ်နေပါတယ်” ဟု နေတန်ယာဟုက ဖြည့်စွက်ပြောကြားသည်။

IDf သည် ဂါဇာစစ်သွေးကြွများအချင်းချင်း ဆက်သွယ်ပြောကြားမှုများကို ရရှိ ထားသည်ဟု အစ္စရေးစစ်တပ် ပြောရေးဆို ခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် အဒမ်ဒန်နီရယ် ဟာဂါရီက နောက်ပိုင်းတွင် CNN ကို ပြောကြားခဲ့သည်။ ဆေးရုံကို အစ္စလာမ်မစ်စစ် သွေးကြွအဖွဲ့က တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊  ဆေးရုံ၏ ကားပါကင်နေရာကို ကျရောက် ပေါက်ကွဲခြင်းဖြစ်ပြီး ဆေးရုံပေါ်ကျရောက် ခြင်းမဟုတ်သည့် ဒရုန်းဗီဒီယိုရှိထားကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဗီဒီယိုနှင့် စစ်သွေးကြွချင်း ဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်း ယူထားသည့်အသံဖိုင်ကို IDF က မကြာခင် ထုတ်ပြန်ပေးသွားမည်ဟု ဒန်နီရယ်ဟာဂါရီ က ပြောကြားသည်။

ဆေးရုံ၌ ဖြစ်ပွားသော ပေါက်ကွဲမှုအတွက် အစ္စရေးတာဝန်ရှိသူများနှင့် ဂါဇာတာဝန်ရှိသူများ အပြန်အလှန် အပြစ်တင်လျက် ရှိစဉ် အမ်မန်မြို့အပါအဝင် အရှေ့အလယ် ပိုင်းဒေသရှိ မြို့ကြီးများတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လျက်ရှိသည်။ အမ်မန်မြို့တွင် ဆန္ဒပြသူများသည် အမေရိကန်သံရုံးထဲကို ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသည်။

သီတင်းတစ်ပတ်ကျော်ကြာ အစ္စရေး ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဂါဇာတွင် အနည်းဆုံး လူ ၃,၀၀၀ သေဆုံးသွားသည် ဟု အောက်တိုဘာ ၁၇ ရက်တွင် ပါလက်စ တိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပြီး သေဆုံးသူများထဲတွင် မိန်းကလေး ၁,၀၃၂ ဦး၊ ယောကျ်ားလေး ၉၄ဝဦး ပါဝင် သည်ဟု ဆိုသည်။ ဂါဇာ၌ ထိခိုက်ဒဏ်ရာရ သူ ၁၂,၅၀၀ ရှိသည်ဟု ဖော်ပြထားသည်။ ၁၀ ရက်စွန်းစွန်းရှိလာချိန်တွင် ဂါဇာ၌ သေ ဆုံးသူအရေအတွက်သည် ၂၀၁၄ တုန်းက ဖြစ်ပွားသည့် ဂါဇာ-အစ္စရေး ၅၁ ရက်ကြာ စစ်ပွဲအတွင်း သေဆုံးခဲ့သောအရေအတွက် ထက် ပိုများသွားပြီဖြစ်သည်။

ဆေးရုံများကို ပစ်မှတ်ထားခြင်းမရှိဟု IDF က ပြောကြားနေသည့်တိုင် နယ်စည်းမခြားဆရာဝန်များအဖွဲ့ကမူ အစ္စရေးလေ ကြောင်းတိုက်ခိုက်မှုများသည် ဆေးရုံများ နှင့် လူနာတင်ယာဉ်များအပါအဝင် ဆေး ဘက်ဆိုင်ရာ အဆောက်အအုံများကို ထိမှန် ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၇ ရက်တွင် အစ္စရေး စစ်လေယာဉ်များသည် ဂါဇာအလယ်ပိုင်း        မှ စစ်ဘေးရှောင်များနေထိုင်နေသည့် လူ နေထူထပ်သော ဒုက္ခသည်စခန်းနှစ်ခုနှင့် UNRWA ကျောင်းဆောင်တို့ကို တိုက်ခိုက် ခဲ့သောကြောင့် အနည်းဆုံးလူ ၁၈ ဦးသေဆုံး ခဲ့ပြီး လူအများအပြား ဒဏ်ရာသွားသည်ဟု ပါလက်စတိုင်းအာဏာပိုင်များက ပြောကြား သည်။

အောက်တိုဘာ ၁၇ ရက် ဂါဇာထိုးစစ် အတွင်း ဟားမာ့စ်တပ်မှူးကြီး အေမန်နိုဖာလ် သေဆုံးသွားသည်ဟု အစ္စရေးကာကွယ်ရေး တပ် (IDF) က ထုတ်ပြန်ခဲ့သည်။ မည်သို့ဆို စေ ဆေးရုံတိုက်ခိုက်မှုအတွက် လက်သည် မပေါ်ပေ။

Ref: CNN, BBC, AFP

Most Read

Most Recent