သက်သာတဲ့ဈေးအတွက် တန်းစီကြသူများနဲ့ ဆီဈေးနှုန်းထိန်းဖို့ အလုပ်ဖြစ်နိုင်မလား

သက်သာတဲ့ဈေးအတွက် တန်းစီကြသူများနဲ့ ဆီဈေးနှုန်းထိန်းဖို့ အလုပ်ဖြစ်နိုင်မလား
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း သက်သာသောနှုန်းထားဖြင့် ရောင်းချနေသော စားအုန်းဆီကို တန်းစီဝယ်ယူနေသူများအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ မြို့နယ်တစ်ခုအတွင်း သက်သာသောနှုန်းထားဖြင့် ရောင်းချနေသော စားအုန်းဆီကို တန်းစီဝယ်ယူနေသူများအား စက်တင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 17 September 2023

မြန်မာနိုင်ငံတွင် စားသုံးဆီသုံးစွဲမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၁၂ သိန်းခန့်ရှိပြီး  ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုမှာ တန်ချိန် သုံးသိန်းခန့်သာရှိသဖြင့် နှစ်စဉ်ပြည်ပမှ တန်ချိန်ကိုးသိန်းခန့် တင်သွင်းနေရကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ သိရသည်။

စားသုံးဆီသုံးစွဲမှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် ၁၂ သိန်းခန့်ရှိပြီး ပြည်တွင်း၌ မြေပဲ၊ နှမ်း၊နေကြာ၊ပဲပုပ်၊မုန် ညင်း၊ပန်းနှမ်းစသည့် ဆီထွက်သီးနှံများ စိုက် ပျိုးထုတ်လုပ်လျက်ရှိ သော်လည်း ပြည်တွင်းစားသုံးဆီထုတ်လုပ် မှုမှာ တန်ချိန်သုံးသိန်းခန့်သာ ထုတ်လုပ်နိုင် သဖြင့် နှစ်စဉ်ပြည်ပမှ  တန်ချိန် ကိုးသိန်းခန့် တင်သွင်းနေရခြင်းဖြစ်သည်။

“ပြည်တွင်းက ထွက်တဲ့ ပဲဆီ၊နှမ်းဆီစျေး တွေက တစ်ပိဿာ ၁၀၀၀၀ အထက်ချည်းပဲ။ လူတိုင်းဝယ်မစားနိုင်ကြဘူး။ စားအုန်းဆီဆိုလည်း တစ်ပိဿာ အခုတော့ ၈ဝဝဝဖြစ်သွား ပြီ။ အရင်လကဆို ၁၁၀၀၀၊ ၁၂ဝဝဝလောက် အထိ စျေးတက်သွားတာ။ ဆီစျေးတွေကြီး လွန်းလို့ ပိဿာချိန်နဲ့ ဝယ်မစားနိုင်ဘဲ၊ ၁၀ သား၊ ၁၅ ကျပ်သားပဲ ဝယ်စားနေရတဲ့ပြည် သူတွေ ဒုနဲ့ဒေးပဲ။ အဲတော့ အခု စားအုန်းဆီ ကို အစိုးရသတ်မှတ်စျေးပေါ့၊ ဒီတပတ်ဆိုရင် တစ်ပိဿာ ၄၅၀၀၊၄၈၀၀ နဲ့ ရောင်းပေးနေ တယ်လည်းဆိုရော ဆီဝယ်ဖို့ တန်းစီးနေ ကြ တာ လူတန်းရှည်ကြီးကိုဖြစ်လို့ပဲ”ဟု လုပ် ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ် သြဂုတ်ပထမအတွင်းက စားအုန်းဆီတစ်ပိဿာလျှင် ကျပ်      ၁၀၀၀၀ နီးပါးသို့ ရောက်ရှိခဲ့ပြီး စားသုံးဆီကုမ္ပဏီအချို့ အရောင်းပိတ်ထားသည့်ဖြစ်စဉ်များ ရှိခဲ့ သည်။ ပြင်ပစျေးကွက်အတွင်း စားအုန်းဆီ ငါးဆယ်ကျပ်သားလျှင် ကျပ် ၄၉ဝဝအထိ စျေးရှိခဲ့သည်။

စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏အပတ်စဉ်ရည်ညွှန်းစျေး သတ်မှတ်မှုအရ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်အထိ  လက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီတစ် ပိဿာလျှင် ၄၂၉၅ ကျပ်ဖြစ်သည်။ ကော်မတီ အနေဖြင့် စားသုံးဆီလက်ကားရည်ညွှန်းစျေး ကို ပျမ်းမျှငွေလဲနှုန်း အမေရိကန်ဒေါ်လာ ၂၄၈၈ ကျပ်အပေါ် အခြေခံပြီး တွက်ချက် ထားခြင်းဖြစ်သည်။

စားအုန်းဆီတစ်ပိဿာအရင်းစျေး၊ စ ရိတ်နှင့် ထပ်ဆောင်းအရောင်းကုန်သွယ်ခွန် တို့ ထည့်သွင်းတွက်ခက်ထားသည့် စားအုန်း ဆီတစ်ပိဿာစျေးမှာ ၄၂၁၂ ကျပ်ဖြစ်ပြီး လက်ကားရည်ညွှန်းစျေးမှာ ၄၂၉၅ ကျပ်ဖြစ် ကြောင်း ကော်မတီက သတ်မှတ်ထားသည်။

သြဂုတ် ၇ ရက်မှ ၁၃ ရက်အထိမှာ  စား အုန်းဆီတစ်ပိဿာအရင်းစျေး၊ စရိတ်နှင့် ထပ်ဆောင်းအရောင်းကုန်သွယ်ခွန် တို့ ထည့် သွင်းတွက်ခက်ထားသည့် စားအုန်း ဆီတစ်ပိ ဿာစျေးမှာကျပ်၄၀၇၀ ဖြစ်ပြီး လက်ကား ရည်ညွှန်းစျေးမှာ ကျပ် ၄၁၅ဝဟု ကော်မတီက သတ်မှတ်ထားသည်။

သို့သော် ယင်းကာလအတွင်း ပြင်ပစျေး ကွက်အတွင်း စားအုန်းဆီစျေးနှုန်းမှာ ယခင်က တစ်ပိဿာလျှင် ကျပ် ၇၀၀၀၊ ၈၀၀၀ ကျပ် ခန့်သာ ရှိရာမှာ သြဂုတ်လလယ်တွင် ၁၀၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

  ဆီ ၅၀ သားရရန် မနက် သုံးနာရီဝန်းကျင်မှ စတင်ကာ တန်းစီနေရသည့် ပြည်သူများ

အခြေခံလူတန်းစားများ စားသုံးဆီ ဖူလုံစေရေးနှင့်စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကုန်သည်ကြီးမျာ းအသင်းနှင့် ဆီလုပ်ငန်းရှင်များ ပူးပေါင်းပြီး သတ်မှတ်ရက်အလိုက် မြို့ပေါ်ရပ်ကွက်များ  နှင့်ကျေးရွာများတွင် လှည့်လည်ရောင်းချပေ းလျက်ရှိသည်။

ရန်ကုန်မြို့ရှိ ဆီအရောင်းဆိုင်များတွင်လည်း လူတစ်ဦးလျှင်  ၅၀ ကျပ်သားနှုန်းဖြင့် စား အုန်းဆီများ ရောင်းချပေးလျက်ရှိသည်။ သို့သော် လူတစ်ဦးလျှင် တိုကင်တစ်ခု၊ တိုက င်တစ်ခုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ရောင်း ချပေးနေခြင်းဖြစ်သည်။

“တိုကင်ရဖို့ မနက်သုံးနာရီကတည်းက  ထ တန်းစီ ထားရတာ။ တစ်ခါတိုးမှ ၅၀ သားပဲ ရတယ်။ တစ်ပိဿာကို ၄၈၀၀ စျေးနဲ့ဆိုတော့  ၅၀ သားကို ၂၄၀၀ ပေးရတယ်။ ဆန်လိုချင် တဲ့သူတွေထက် ဆီလိုချင်တဲ့သူတွေက ပိုများ တယ်။ ဆန်သမားက တစ်ယောက်ကို ဧည့်မထ ဆန်တစ်ပြည် ၂၅၀၀ စျေးနဲ့ နှစ်ပြည်ရ  ကြတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုအတွင်း စား အုန်းဆီကိုယ်စားလှယ်တစ်ဦး၏ဆိုင်တွင်  လာရောက်တန်းစီသူတစ်ဦးက “ကျွန်မတို့က  သားအမနှစ်ယောက်လာတန်းစီတာ၊ ရောင်း မစားပါဘူး။ အိမ်စားဖို့ပါပဲ။ နေ့တိုင်းလည်း တန်းမစီအားပါဘူး။မနက်ခင်းက စျေးရော င်းရသေးတယ်လေ။ မနက် ၁၁ နာရီလောက် ကတည်းက လာတန်းစီတာ၊ နေ့လည် ၂ နာရီဆို တိုကင်စပေးတယ်။ သုံးနာရီလောက် တော့ စောင့်ရတာပေါ့။ ဆိုင်ကလည်း တိုကင် ဝေထားသလောက်ရောင်းပေးပါတယ်။ တိုက င်ကုန်ရင် အရောင်းရပ်ရော၊ နောက်တစ် ကြော့ပြန်တန်းစီလို့မရပါဘူး”ဟု ပြောကြား ခဲ့သည်။

အဆိုပါဆိုင်သည် ယခင်လပိုင်းက တစ် နေ့လျှင် လူတစ်ဦး စားအုန်းဆီတစ်ပိဿာ နှုန်း တန်းစီစနစ်ဖြင့် ရောင်းချခဲ့သော်လည်း ပြီးခဲ့သည့်တစ်ပတ်ခန့်မှစ၍ တနေ့ဆီ ၅၀ ကျပ်သားသာ ရောင်းချသည်ဟု သိရသည်။

“ကျွန်တော့်တိုကင်နံပါတ်က ၅၀၀၊ တန်း စီတာ နောက်ဆုံးပဲ။ ဒီဆိုင်မှာ တစ်နေ့တိုကင် ၅၀၀ ပဲပေးတယ်။ လူတစ်ဦး ၅၀ ကျပ်သား၊ တိုကင် ၅၀၀ ဆိုတော့ တနေ့ဆီ ပိဿာ ၂၅၀  ရောင်းတယ်ပေါ့။ ညနေ ၃ နာရီခွဲလောက်ဆို ဆီအရောင်းပိတ်ပြီ”ဟု စားအုန်းဆီတန်းစီသူ တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါဆိုင်သည် စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်း များအရ တစ်နေ့လျှင် ဆီပီပါ ၁၀ လုံးရောင်း ချခွင့်ရစဉ်က တန်းစီပြည်သူများအတွက်  တစ်ပိဿာလျှင် ကျပ် ၄၄၀၀ နှုန်းဖြင့် တစ်နေ့ လျှင် လူတစ်ဦး ဆီတစ်ပိဿာနှုန်း ရောင်းချ ခဲ့သောဆိုင်ဖြစ်သည်။ ဆီတစ်ပီပါလျှင် ပိဿာ ၁၁၀ ရှိသဖြင့် ဆီပီပါ ၁ဝလုံးသည် ပိ ဿာ ၁၁၀၀ ရောင်းချခြင်းဖြစ်သည်။

သို့သော် စက်တင်ဘာ ၁၄ ရက်တွင်   ဆီတစ်ပိဿာ ကျပ် ၄၈၀၀ စျေးဖြင့် လူတစ်ဦး လျှင် ၅၀ ကျပ်သား နှုန်း၊ လူဦးရေ ၅ဝဝအ တွက် စားအုန်းဆီနေ့စဉ် ပိဿာ ၂၅၀ သာ ရောင်းချသည့်အတွက်  ဆီဆိုင်များ ခွဲတမ်း ရရှိသည့်ဆီပီပါအရေအတွက် လျော့ကျခြင်း  လား သို့မဟုတ်ပါက ရောင်းချရန်ခွဲတမ်းရ သည့်ဆီပီပါအရေအတွက်နှင့်တန်းစီပြည်သူ များကို ရောင်းချသည့်ဆီပီပါအရေအတွက်  ကွာဟချက်များရှိနိုင်သလားဟု မေးခွန်းထုတ် မှုများရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆီကိုယ် စားလှယ်အရောင်းဆိုင်တစ်ခုကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “ပိုင်ရှင်မရှိပါဘူး။ ကျွန်တောတ်ို့က အလုပ်သမားတွေပါ၊ ဘာမှ မသိပါဘူး။ ပိုင်ရှင်ဖုန်းနံပါတ်လည်း ပေးလို့ မရပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း “ကျွန်မတို့နားက ဆိုင်ကတော့ လူဦး ၂၅ ကျပ်သား(အစိတ်သား)ပဲပေးတယ်။  တစ်ပိဿာ ၅၀၀၀ စျေး။ လူအယောက် ၄၀ အတွက် ဆီပိဿာချိန် ၁၀ ပဲ ကိုတာ (Quota ) ရတယ်ပြောတယ်။ အဲဒါတောင် နေ့တိုင်း ရောင်းတာမဟုတ်ဘူး”ဟု ပြောကြားခဲ့သည်။

ရပ်ကွက်များအတွင်း ကားများဖြင့် လှည့် လည်ရောင်းချသည့် ဆီကိုယ်စားလှယ်အ ရောင်းဆိုင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၊ စျေးများအတွင်းရှိ ဆိုင်အချို့တွင်မူ ၎င်းင်းတို့ ရရှိသည့်ဆီခွဲတမ်းပမာဏအပေါ် မူတည်၍ စားအုန်းဆီ ၂၀ ကျပ်သား၊ ၂၅ ကျပ်သား၊ ၅၀ ကျပ်သား စသည်ဖြင့် ရောင်းချပေးလျက်ရှိ ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့က ဘုရင့်နောင်၊မရမ်းကုန်းပေါ့နော်၊ ပေပါ ၂၀ ရတယ်၊ အလေး ချိန်က ၂၂၀၀ ပေါ့။ဒါပေမဲ့ ၁၅ ပေပါကို အ သင်းက ချပေးတယ်။ သူတို့ကခွဲတမ်းအနေနဲ့ ချပေးတာက တစ်ရက်ကို ငါးဦး၊ ကျွန် တော် တို့က ပေပါ ၂၀ ရတော့ ၁၅ ပေပါကို သူတို့အ သင်းချပေးတဲ့ သူတွေကို ကျွန်တော်တို့ ပြန် ပေးရတာက ၁၅ ပေပါ။ ကျွန်တော်တို့က  ကျန် တဲ့ ငါးပေပါကိုတော့ ကိုယ့်ဖောက်သည် လေး တွေကို မျှပေးရတာပေါ့”ဟု ဘုရင့်နောင်ရှိ ဆီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်း ရှင်များအသင်းမှ ဖွဲ့စည်းထားသော စားသုံး ဆီစျေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့မှ  ကုမ္ပဏီအလိုက် ရောင်းချပေးမည့်လက်လီ/  လက်ကားဆိုင်များနှင့် တိုင်းဒေသကြီး၊ ပြည် နယ်အသင်းများစာရင်းကို ရက်အလိုက် ထုတ် ပြန်ပေးထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်များရှိ စားသုံးဆီလက် လီ၊လက်ကားကုန်သည်များနှင့် ဆီအရောင်း ဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းစျေး နှုန်းဖြင့် ဝယ်ယူရရှိစေရေးအတွက် စျေး ကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာ တွင် ပွင့််လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်တွင် “စားသုံးဆီစျေးနှုန်းတည်ငြိမ် စေရေးလုပ်ငန်းအဖွဲ့”ကို ဖွဲ့စည်းခဲ့သည်။

စျေးကွက်အတွင်း စားသုံးဆီလွယ်ကူ စွာ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူ (end user) များ ဝယ်ယူရသည့်အချိန်အထိ စျေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်း ကြပ်မတ်သွားရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

■ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများနှင့် ရောင်းချရန် လုပ်ငန်းရှင်တွေကို  သတိပေးထား

နိုင်ငံတော်အနေဖြင့် စားအုန်းဆီကို ပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူ စားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်း ရာ တွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏  ရာခိုင်နှုန်း ၅၀ ကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲ လှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန်ရာခိုင်နှု န်း ၅၀ ကို ပြင်ပစျေးထက် သက်သာသည့် နိုင်ငံ ခြားငွေလဲလှယ်မှုနှုန်းထားဖြင့်လည်း ကောင်း ပံ့ပိုးပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦးက သြဂုတ် ၃၀ ရက်က ကျင်းပသည့် စားသုံးဆီစျေးနှုန်း တည်ငြိမ်ကျ ဆင်းစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြော ကြားခဲ့သည်။

ထို့ပြင် ဝယ်ယူတင်သွင်းသူများ ငွေ ကြေးအခက်အခဲမပေါ်ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားကာ ဖြစ်သင့်ဖြစ်ထိုက် သည့် စားအုန်းဆီအခြေခံရည်ညွှန်းစျေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက အပတ်စဉ်ပုံမှန်တွက်ချက် ထုတ် ပြန်ပေးလျက်ရှိသည်။ သို့သော် စားသုံးသူ စျေးကွက်အတွင် စားအုန်းဆီ စျေးနှုန်းများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့် တက်နေသည်။

“စားအုန်းဆီစျေးများမြင့်တက် နေမှုနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး အနေနဲ့ ဇူလိုင် (၁)ရက်က ရန်ကုန်မြို့မှာ လုပ်ငန်း ရှင်တွေကို ခေါ်ယူတွေ့ဆုံပြီး  ဖြစ်သင့်ဖြစ် ထိုက်တဲ့ စျေးနှုန်းနဲ့ ရောင်းချဖို့ သတိပေး ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ လုပ်ငန်း ရှင်တွေ အနေနဲ့ မိမိအကျိုးအမြတ်ရရှိမှု တစ်ခု တည်း ကိုသာ ဦးမတည်ဘဲ စားသုံးသူတွေသက်သာ ချောင်ချိစွာ စားသုံးနိုင်ရေး် ဦးစားပေးစဉ်းစား ဖို့ လိုအပ်ပါတယ်”ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

လုပ်ငန်းရှင်များက သတ်မှတ်ရည် ညွှန်းစျေးကိုအခြေခံပြီး တိုင်းဒေသကြီး^ ပြည်နယ်အသီးသီး၏ စျေးကွက်များ၌ ဖြန့် ဖြူး ရောင်းချရာတွင် စျေးနှုန်းမြှင့် တင်ရောင်း ချ ခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည် ညွှန်းစျေး အပေါ်အခြေခံကာ သက်သာသည့် စျေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စား သုံးဆီ စျေးနှုန်းများကို လက်ရှိအခြေအနေမှ လျှော့ချသွားရေး ၀ိုင်းဝန်းပူးပေါင်းဆောင် ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနကကြပ် မတ် ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ် ကြောင်း ကတိကဝတ်ပြုကြသည်ဟု သိရ သည်။

■ လက်ကားရည်ညွှန်းစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်

လက်ကားကုန်သည်များ၊အရောင်း ဆိုင်များအနေဖြင့် ရည်ညွှန်းစျေးအပေါ် အမြတ် ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ရောင်း ချခြင်းမပြုရန်နှင့် လက်ကား ရည်ညွှန်းစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြား နိုင်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင် များအသင်း မှ ထုတ်ပြန်ခဲ့သည်။         

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းသည် စားသုံးဆီစျေးနှုန်း များ တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်မှ စပြီး “စားသုံးဆီစျေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့”ကို အသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင်သွင်းသော  ကုမ္ပဏီများမှ ပါဝင်သော ၂၉ ဦးအဖွဲ့ဖြင့် ဖွဲ့ စည်း၍ ဆီတင်သွင်းသောကုမ္ပဏီများမှ ဆီ ရောင်းချရေးကို စီမံဆောင်ရွက်လျက်ရှိ သည်။

စားသုံးဆီများကို စျေးကွက်အတွင်း ပျံ့ နှံရောက်ရှိစေရန်၊ စားသုံးသူများအား လက် လွှဲပြောင်းမှုအနည်းဆုံးဖြင့် တိုက်ရိုက်ရောင် း ချနိုင်ရန်၊ စားသုံးသူများ သက်သာသော စျေးဖြင့် ဝယ်ယူရရှိနိုင်ရန်၊ ဆီအရောင်းဆိုင်  ကြီးများအနေဖြင့် လက်ကားရည်ညွှန်းစျေး ဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ ပွင့်လင်းမြင်သာ မှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက် လျက်ရှိသည်။

လက်ကားရည်ညွှန်းစျေးဖြင့် ဝယ်ယူရ ရှိသော လက်ကားကုန်သည်ကြီးများအရော င်းဆိုင်ကြီးများအနေဖြင့် လက်ကားရည်ညွှန် းစျေးအပေါ်တွင် အသားတင်အမြတ်နှစ်ရာ ခိုင်နှုန်းနှင့် အထွေထွေကုန်ကျစရိတ်ပေါင်း ပြီးသော စျေးနှုန်းဖြင့် ရောင်းချရန်နှင့်အဆင့် ဆင့်လက်လွှဲ၍ ဝယ်ယူရောင်းချရသည့်တိုင် အောင် စားသုံးသူအထိ ရောင်းချရာတွင် ရည်ညွှန်းစျေးအပေါ်တွင် စုစုပေါင်းအမြတ် ငွေ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်း  ချခြင်းမပြုရန်လည်း အသိပေးထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဘုရင့် နောင်၊ ညောင်ပင်လေးစျေးနှင့်မြို့နယ်များရှိ စျေးများ၊ ရပ်ကွက်အတွင်းရှိအရောင်းဆိုင် များအပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းခွဲများရှိရာ မြို့နယ် များဖြစ်သည့် နေပြည်တော်၊မန္တလေး၊မကွေး ၊ ပဲခူး၊ပြည်၊တောင်ကြီး၊မြင်းခြံ၊ရွှေဘို၊ပခုက္ကူ ၊ အောင်လံ၊ ကျောက်ပန်းတောင်း၊မိတ္ထီလာ၊ ပုသိမ်၊မော်လမြိုင်၊ရမည်းသင်း၊ကျောက်ဆည် ၊ ပြင်ဦးလွင်၊ညောင်ဦး၊ မြိတ်၊ ကော့သောင် း၊ ထားဝယ်၊လားရှိုး၊ဘားအံ၊စစ်တွေနှင့် မြစ် ကြီး နားစသည့်မြို့နယ်များတွင်လည်း ရောင် း ချပေးလျက်ရှိသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတအွက်လည်း ဆက်လ က်ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်သည်။

သို့ဖြစ်ရာ အထက်ပါမြို့နယ်များမှအ ရောင်းဆိုင်များအနေဖြင့် လက်ကားရည် ညွှန်းစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက “စား သုံးသူစျေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအ ဖွဲ့” ဖုန်း-၀၉၇၅၇၄၈၂၉၁၂ နှင့် ၀၉၇၅၆၅၇၅၂၁၆ တို့သို့ ဆက်သွယ်တိုင် ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

  တန်းစီစနစ်ဖြင့် ဆီဝယ်ယူနေရခြင်းက ဆီစျေး ကျဆင်းရေး အလုပ်ဖြစ်ပါ့မလား

လတ်တလောဆောင်ရွက်နေသည့် ဆီဆိုင်များမှ တန်းစီစနစ်ဖြင့် ခွဲတမ်းချကာ တစ်ဦးလျှင် ၅၀ ကျပ်သားစီ ရောင်းချပေးနေခြင်းက ပြည်သူများမျှော်လင့်နေသည့် စားအုန်းဆီစျေး ကျဆင်းလာစေမည်လားဟု မေးခွန်း ထုတ်မှုများရှိလာခဲ့သည်။

“အခုဆိုင်တွေမှာ ရောင်းပေးနေတာက သူတို့ရတဲ့ခွဲတမ်းထဲက ရောင်းပေးတာ။ ဆိုပါတော့-တစ်ဆိုင်ကို ပိဿာ ၅၀ ခွဲတမ်းရရင် အဲဒါကိုပဲ ရောင်းပေးတာ။ တစ်ယောက်ကို ၅၀ သားဆိုတော့ လူ ၁၀၀ စာပဲရှိမယ်။ ဆိုင် တွေမှာ တန်းစီနေတဲ့လူတန်းက အနည်းဆုံး လူ ၃၀၀ လောက်ရှိမယ်။ ဆိုင်တွေက သူတို့  ရောင်းနိုင်တဲ့ပမာဏကို တိုကင်လေးလုပ်ပေးတယ်။ မနက်စောစောထ တန်းစီ၊ တိုကင်ရ အောင်ယူ၊ တိုကင်ရရင် ဆီ ၅၀ သားရမယ်၊ တိုကင်မရလိုက်ရင် ဆီမရတော့ဘူး။ တကယ်က အဲဒါက အဖြေမဟုတ်ဘူးဗျ။ လိုသလောကို သတ်မှတ်စျေးနဲ့ စိတ်ကြိုက်ဝယ်ခွင့်ရှိမှပဲ စျေးက ကျလာမယ်။ မဟုတ်ရင် ခွဲတမ်းကိုပဲ  သတ်မှတ်စျေးနဲ့ရောင်းမယ်။ တိုကင်တန်းမစီနိုင်တဲ့သူ အပြင်ပေါက်စျေးနဲ့ ဝယ်ရမယ်။ဒါ ပဲ”ဟု ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြော  ကြားခဲ့သည်။

လက်ရှိတွင် တန်းစီကာ တိုကင်စနစ်ဖြင့် ဆီရောင်း ချပေးနေခြင်းကြောင့် အခြေခံ လူတန်းစားများအတွက် အနည်းငယ်သက်သာရာသော်လည်း ရေရှည်တွင် ရည်ညွှန်းလက် ကားစျေးနှုန်းဖြင့် စား အုန်းဆီ ဝယ်ယူလိုကြ ခြင်းဖြစ်သည်။

ယင်းသို့ တန်းစီစနစ်ဖြင့် ဝယ်လျှင် စျေး သက်သာပြီး ပြင်ပစျေးကွက်အတွင်း လွတ် လပ်စွာ ဝယ်ယူပါက လက်ရှိပေါက်စျေး တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင်အထိ စျေးကြီးပေးကာ ဝယ်ယူနေရသည်။

ယင်းအခြေအနေများကြောင့် ရေရှည် တွင် စားအုန်းဆီစျေးနှုန်း ကျဆင်းလာနိုင်ခြေ အပေါ် ဘုရင့်နောင်ရှိ စားအုန်းဆီကိုယ်စား လှယ်တစ်ဦးက”အဲဒါက သူ တို့ demand နဲ့ supply ပေါ့။ နှစ်ခုမျှရင်တော့ သူတို့အဆင် ပြေသွားမှာပေါ့။အဲလိုပဲ ကျွန်တော်မှန်း လို့ ရတာပေါ့။ တချို့ကျတော့လည်း စားတဲ့သူ က ဒီစျေးလေး သက်သာတယ်ဆိုပြီး ပိုဝယ် ထားချင်တဲ့သူတွေက များတယ်ဗျသိလား။ အဲလိုကျတော့ ဝယ်အားက ပိုနေပြန်ရော။ တ ချို့စားသုံးသူ တွေဆိုရင် ဘယ်လိုပြော လဲ ဆိုတော့ ဒီစျေး ဆိုရင် ပိုဝယ်ထားချင်ကြတယ်။ အဲဒီဟာက အပိုဆိုတော့ စဉ်းစားကြည့်ပါလေ။လူ သန်း ဘယ်လောက်ရှိလဲ။ တစ်ယောက်ကို ၅၀ သားပဲ ပိုဝယ်ကြည့်အုံးလေ။ ဆိုတော့ လို အပ်ချက်က အများကြီးဖြစ်နေပြန်ရော။ ရေ ရှည်မှာ ဒီလိုမျိုးပေးနိုင်ရင်တော့ သူ့ဟာနဲ့ သူ စျေးနှုန်းတည်ငြိမ်သွားမယ်လို့ ကျွန်တော် တို့ မှန်းပါတယ်”ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့ သည့် နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ် ပေါ် မှုများအရ  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက် မှစက်တင် ဘာ ၁၇ ရက်အထိ ရန်ကုန်အ ထိုင်စျေး အခြေ ခံလက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၅၂၄  ကျပ် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။                 

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏အ ပတ်စဉ်ရည်ညွှန်းစျေး သတ်မှတ်မှုအရ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက် မှစက်တင် ဘာ ၁၇ ရက်အထိ လက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီတစ် ပိဿာလျှင် ၄၅၂၄ ကျပ်ဖြစ် သည်။ ကော်မတီအနေဖြင့် စားသုံးဆီလက် ကားရည်ညွှန်းစျေး ကို ပျမ်းမျှငွေလဲနှုန်း အမေ ရိ ကန်ဒေါ်လာ၂၅၁၃ ကျပ်အပေါ် အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်သည်။

စားအုန်းဆီတစ်ပိဿာအရင်းစျေး၊ စ ရိတ်နှင့် ထပ်ဆောင်းအရောင်းကုန်သွယ်ခွန် တို့ ထည့်သွင်းတွက်ခက်ထားသည့် စားအုန်း ဆီတစ်ပိဿာစျေးမှာ ၄၄၃ရကျပ်ဖြစ်ပြီး လက်ကားရည်ညွှန်းစျေးမှာ ၄၅၂၄ ကျပ်ဖြစ် ကြောင်း ကော်မတီက သတ်မှတ်ထားသည်။         

စားအုန်းဆီလက်ကျန်များကို စျေး ကွက် အတွင်း လက်ကားရည်ညွှန်းစျေး အ ပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသား တင်အမြတ်နှစ်ရာခိုင်နှုန်းထက် မပို သော စျေးဖြင့် ရောင်းချနိုင်ရေးနှင့် အဆင့် ဆင့် လက်လွှဲရောင်းချသည့်တိုင်အောင် အ သား တင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပို သော စျေးနှုန်းဖြင့်သာ ရောင်းချရန် မြန်မာနိုင်ငံဆီ ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက  အသိပေးထားသည်။

သို့သော်လည်း ဆီဆိုင်များမှ တန်းစီစ နစ်ဖြင့် ဝယ်ယူချိန်တွင်သာ စားအုန်းဆီတစ် ပိဿာ ကျပ် ၄၈၀၀ ဝန်းကျင်ဖြင့် ရရှိပြီး  ပြင် ပမှောင်ခိုစျေးကွက်တွင်မူ တစ်ပိဿာ ကျပ် ၈၀၀၀ ဝန်းကျင်ဖြင့် ဝယ်ယူနေရသည်။အချို့ မှာမူ ဝယ်၍မရသည့်အခြေအနေများပင် ရှိ နေကြောင်း သိရသည်။

ယင်းအခြေအနေများကြောင့် လတ်တ လောစားအုန်းဆီစျေး ကျဆင်းရေး အစီအ မံများထက် ရေရှည်တွင် သတ်မှတ်ရည် ညွှန်း စျေးဖြင့် စိတ်ကြိုက် လိုသလောက်ဝယ်ယူ ရရှိနိုင်ရန် ပြည်သူများက မျှော်လင့်နေကြ ခြင်းဖြစ်သည်။              

Most Read

Most Recent