ပြည်ပကို ဆက်တိုက်ထွက်ခွာနေတဲ့ မြန်မာလူငယ်လုပ်သားများ

ပြည်ပကို ဆက်တိုက်ထွက်ခွာနေတဲ့ မြန်မာလူငယ်လုပ်သားများ
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများအား လိုက်လံပို့ဆောင်သည့် မိသားစုဝင်အချို့ကို မတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများအား လိုက်လံပို့ဆောင်သည့် မိသားစုဝင်အချို့ကို မတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 31 March 2024

“တခါမှ မတွေ့ဖူးဘူး။ အခုလေဆိပ်က  အခန်းထဲမှာ လူတွေအပြည့်ပဲ” ဟု မတ် ၂၈ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သူတစ်ဦးက ပြောကြားသည်။

ယခင်ကာလကများက ပြည်ပအလုပ်အကိုင်အေဂျင်စီ နှစ်ခု၊ သုံးခုမှ ပြည်ပသို့သွား ရောက်အလုပ်လုပ်ကိုင်မည့်သူများကို ပို့ ဆောင်မည့်ရက်များတွင်သာ လူပြည့်ခြင်းများ ရှိသော်လည်း ယခုတွင်မူ နေ့စဉ်နီးပါးလေဆိပ် တွင်ပြည့်နေခြင်းဖြစ်သည်။

“ အကုန်လုံးက နယ်ဘက်ကလူတွေက များတယ်။ သွားတာက တစ်ယောက်ပေါ့။ လိုက်ပို့တာက သုံးလေးယောက်လောက်ဖြစ် သွားတော့ လူများတဲ့သဘောပေါ့” ဟု ရန်ကုန် လေဆိပ်သို့ မကြာခဏရောက်ရှိနေသူတစ်ဦး ကပြောကြားသည်။

၁၁ လတာ ကာလအတွင်း ပြည်ပနိုင်ငံ များသို့ အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာ နိုင်ငံသားတစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်ထားသည့်အချက်အလက်များအရ သိရ သည်။

ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ် အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ် သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့်အချက်အလက်များအရ ယခင်နှစ် ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်ကို တွေ့ရသည်။

“အခုကတော့ လေဆိပ်မှာ နေ့တိုင်းနီး ပါးလောက် လူကပြည့်နေတာပဲ။ အလုပ်သွား လုပ်မယ့်သူတွေကို လိုက်ပို့တဲ့သူတွေရော မ နည်းဘူး။ လေဆိပ်ထဲမှာ။ အကုန်လုံးက အ လုပ်သွားလုပ်ကြတာချည်းပဲ” ဟု မတ် ၂၈ ရက်ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသူတစ်ဦးက ပြောကြား သည်။

အလုပ်သမားဝန်ကြီးဌာန၏ တရားဝင် လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိသည့် အေဂျင်စီ ၅၀၀ ကျော်ရှိသည်။

မြန်မာလုပ်သားအများစုမှာ ထိုင်းနိုင်ငံ သို့ သွားရောက်လုပ်ကိုင်လျက်ရှိပြီး အလုပ်သ မားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်အချက် အလက်များအရ တစ်လလျှင် တစ်သောင်းခန့် သွားရောက်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရ သည်။

ထို့ပြင် ထိုင်းနိုင်ငံသို့ တရားမဝင်သွား ရောက်လုပ်ကိုင်သဖြင့် မြန်မာလုပ်သားများ သည်လည်း နေ့စဉ်နီးပါး ဖမ်းဆီးခံနေရပြီး ထိုင်းအာဏာပိုင်များဘက်ကလည်း နယ်စပ် အဝင်အထွက်များကို သတိထားစောင့်ကြည့် လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခင်က လာအိုနိုင်ငံသို့ မြန်မာ လုပ်သားများ သွားရောက်လုပ်ကိုင်မှုမရှိ  သလောက် နည်းပါးသော်လည်း ယခုနှစ်ပိုင်း တွင် တရားဝင် သွားရောက်လုပ်ကိုင်မှုများ လည်းရှိလာကြောင်း ပြည်ပအလုပ်အကိုင် စျေးကွက်အတွင်းမှ သိရသည်။

 “အရင်က နယ်စပ်က လူတွေလောက်ပဲ လာအိုကို သွားကြတာ။ အခုကတော့ ရန်ကုန် မှာနေတဲ့သူတွေတောင် လာအိုမှာ အလုပ် သွားလုပ်ကြတာရှိတယ်” ဟု ပြည်ပအလုပ်အ ကိုင် ကျွမ်းကျင်သူတစ်ဦးက ပြောကြားသည်။

ပြည်ပအလုပ်သွားရောက်လုပ်ကိုင်သူတွေကြား ခေတ်စားနေတဲ့ ကိုရီးယားနဲ့ဂျပန်

၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အတွက် စာမေးပွဲဖောင်တင်သူ စုစုပေါင်း ၇၄၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆ ကျော်များပြားကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့်သူတစ်ဦးက “ဒီနှစ် ကတော့ စံချိန်တင်ပါပဲဗျာ။ မနှစ်ကတောင် ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး*မွေးမြူ ရေး အားလုံးပေါင်းဖြေဆိုသူမှ သုံးသောင်း ကျော်ပဲရှိတာ။ ဒီနှစ်က ခုနစ်သောင်းကျော် ဆိုတော့ နှစ်ဆကျော်လောက်ကို များသွား တာ။ အောင်ဖို့ လွယ်တော့မလွယ်ဘူး။ ပြီး တော့ ဒီနှစ်က အခြေခံကျွမ်းကျင်မှု စစ်ဆေး ခြင်းဆိုတဲ့  skills test ပါ သက်သက်ဖြေရမှာ။ အောင်မြင်ဖို့ တော်တော်ကြိုးစားရတော့မယ်”ဟု ပြောကြားသည်။

ကိုရီးယားဘာသာစကားဝင်ရောက်ဖြေ ဆိုမည့်သူများအနေဖြင့် စာမေးပွဲဖောင် လျှောက်လွှာကို အွန်လိုင်းမှတစ်ဆင့် တင် သွင်းခဲ့ရာတွင် လျှောက်ထားသူများပြား သဖြင့် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

“စာမေးပွဲဖောင်တင်သွင်းတုန်းက ဖုန်း နဲ့သွင်းရတာဆိုတော့ အခက်အခဲအနည်းငယ် ဖြစ်ပေါ်ခဲ့ပါတယ်။ ပုံထည့်မရတာတို့၊ အဆင့် ထပ်နှိပ်မရတာတို့ စသဖြင့် ဖြစ်ပေါ်တာတွေ လည်း ကြုံခဲ့ရပါတယ်” ဟု စာမေးပွဲဖြေဆိုမည့် သူက ပြောကြားသည်။

ယင်းသို့ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သူများပြားသဖြင့် စာမေးပွဲကြေးကိုလည်း ည အိပ်စောင့်ဆိုင်းကာ တန်းစီပေးသွင်းခဲ့ရ သည်။

“မတ် ၂၁ ရက်မှာ သွင်းဖို့အတွက်  ၂၀ ရက် ညနေ ၅ နာရီကတည်းက ကြိုတင်တန်းစီ နေကြပြီ။ လူဦးရေ ၃၀၀ နားတော့ ရှိပြီထင် တယ်ဗျ”ဟု ငွေသွင်းရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောကြားသည်။

EPS ဖြေဆိုမည့် ကျောင်းသားတစ်ဦးက “ဒီနေ့မှ သွင်းရမှာကို မနေ့ညနေကတည်းက တန်းစီနေကြတာတော့ သူတို့တွေ အဲဒီမှာပဲ အိပ်ကြတာထင်တယ်ဗျ။ သူတို့ ဘာလို့တန်းစီ တာလဲဆိုတော့ စာမေးပွဲဖောင်တင်တုန်းက ဆော့ဖ်ဝဲအခက်အခဲဖြစ်ပေါ်လို့ payment no  က နည်းနည်းနောက်ကျပေမဲ့ စောစော တန်းစီပြီး စောစောငွေသွင်းရင် ခုံနံပါတ်စော စောရချင်တယ်ထင်လို့ အဲဒီလိုစောစော တန်း စီကြတာလို့ပဲ မြင်ပါတယ်” ဟု ပြောကြား သည်။

စာမေးပွဲဖောင် လျှောက်လွှာတင်ထား သူများအား မတ် ၁၉ ရက်မှစ၍ ရက်အလိုက် သတ်မှတ်ဦးရေဖြင့် စာမေးပွဲကြေးပေးသွင်း ခဲ့ရပြီး မတ် ၁၉ ရက်တွင် ဝန် ဆောင်မှုလုပ်ငန်း ဖြင့် ဝင်ရောက်ဖြေဆိုမည့် မိန်းကလေးများ အားလုံး စတင်ပေးသွင်းခဲ့ရသည်။

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို လည်း ယခုနှစ်တွင် စတင်ခေါ်ယူခဲ့သည်။

ထို့နောက် ကုန်ထုတ်လုပ်ငန်း၊ ဆောက် လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုး/မွေးမြူရေးလုပ် ငန်း လျှောက်လွှာတင်ထားသူများ သတ်မှတ် ရက်၊ သတ်မှတ် payment no  အလိုက် ထပ်မံ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပေးသွင်းရမည့် စာမေးပွဲကြေး သည် အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာဖြစ် ပြီး မြန်မာငွေဖြင့်လည်း ပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ (၁၆) ကြိမ်မြောက် ကိုရီးယား ဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို ဧပြီ ၁၇ ရက်တွင် ကြေညာမည်ဖြစ်ကာ ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ EPS-TOPIK ကျင်းပခြင်းကို ဧပြီ ၂၄ ရက်မှ မေ ၁၀ ရက်အထိ တစ်ကြိမ်၊ မေ ၂၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ တစ်ကြိမ် ပြုလုပ်မည်ဖြစ် ပြီး စာမေးပွဲအောင်စာရင်း ထုတ်ပြန်ခြင်းကို မေ ၁၇ ရက်မှ သြဂုတ် ၅ ရက်အတွင်း ထုတ် ပြန်မည်ဖြစ်ကြောင်း၊ ဖြေဆိုသူဦးရေအပေါ် မူတည်ပြီး အချိန်ဇယားများ ပြောင်းလဲနိုင် ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၁၁၀၀၀ ခန့် စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားညွှန်ကြားရေးဥိီးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီး ယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား များစေလွှတ်လျက်ရှိရာ၂၀၂၃ ခုနှစ်တွင် ကုန် ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်း အနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေ လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီး ယားသမ္မတနိုင်ငံ၊ အလုပ်အကိုင်နှင့် အလုပ် သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ် ဖြင့် နိုင်ငံခြားသားအလုပ်သမားများ ခန့်ထား မှုစနစ် (Point System for Recruitment of Foreign Workers)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။

အလားတူ ဂျပန်သို့အလုပ်သွားရောက် လုပ်ကိုင်ရန်အတွက် ဂျပန်ဘာသာစကား ဖြေဆိုရမည့်စာမေးပွဲကိုလည်း ပြီးခဲ့သည့်နှစ် ကုန်ပိုင်းက ပြုလုပ်ရာ ဝင်ရောက်ဖြေဆိုသူ ထောင်နှင့်ချီရှိခဲ့ပြီး စာစစ်ဌာနများကို တိုးချဲ့ ပြုလုပ်ခဲ့ရသည်။

“ ဂျပန်ကို သွားကြတာက လုပ်ခလစာ လည်း ပိုရတာကြောင့် သွားကြတယ်။ ဒါပေမဲ့ သွားဖို့ကုန်တဲ့စရိတ်ကျတော့ အများစုက မ တတ်နိုင်ကြတော့ လူက ထောင်ဂဏန်း လောက်ပဲ ဖြေကြတာ။ ဒါပေမဲ့ ပြန်ရတာကျ တော့လည်း ဝင်ငွေကကောင်းတော့ လူငယ် တွေတော်တော်များများ စိတ်ဝင်စားကြတယ်” ဟု ပြည်ပအလုပ်အကိုင် ကျွမ်းကျင်သူတစ်ဦး က ပြောကြာသည်။

ငွေကြေးမတတ်နိုင်သူများမှာ မလေး ရှား၊ ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံများကို သွားရောက် လုပ်ကိုင်ရန် ရွေးချယ်ခဲ့သော်လည်း လတ်တ လောတွင် မလေးရှားအစိုးရက အလုပ်သမား ခေါ်ယူမှုကို ခေတ္တရပ်ဆိုင်းထားသဖြင့် မလေး ရှားသို့ အလုပ်သမားသွားရောက်မှု လျော့ကျ မည် ဖြစ်သည်။

သို့သော် ထိုင်း၊ လာအိုကဲ့သို့နိုင်ငံများ၊ အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်သည့် ကူဝိတ်၊ ကာတာ၊ ယူအေအီးနိုင်ငံများသို့ အလုပ်သွား ရောက်လုပ်ကိုင်မည့်သူများ လျော့ကျခြင်းမရှိ ဘဲ ယခင်ထက်ပိုများနိုင်သည်ဟု ပြည်ပအ လုပ်အကိုင်အေဂျင်စီအချို့က သုံးသပ်သည်။

Most Read

Most Recent