မိန်းကလေးအဆိုတော်တစ်ဦးက စာမပြန်သည့်အတွက် SM Entertainment ဝန်ထမ်းများကို သတ်မည်ဟု အမျိုးသားတစ်ဦးက ခြိမ်းခြောက်

မိန်းကလေးအဆိုတော်တစ်ဦးက စာမပြန်သည့်အတွက် SM Entertainment ဝန်ထမ်းများကို သတ်မည်ဟု အမျိုးသားတစ်ဦးက ခြိမ်းခြောက်
Photo: Allkpop
Photo: Allkpop
Published 15 August 2023

အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးက သူကြိုက်သည့်ကေပေါ့မိန်းကလေး အဆိုတော်တစ်ဦး၏ အဖက်လုပ်ဆက်ဆံမှုကို ပြန်မရသည့်အတွက် SM Entertainment အေဂျင်စီမှ ဝန်ထမ်းကိုးဦးကို သတ်ပစ်မည်ဟု အွန်လိုင်းတွင် ခြိမ်းခြောက်စာများတင်ခဲ့သည်။

သြဂုတ် ၁၁ ရက်တွင်မူ သူ့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။တောင်ကိုရီးယားသတင်းများအရ သူသည် မိန်းကလေးအဆိုတော်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကို အမာခံအားပေးလာသည်မှာ ၁၇ နှစ်ရှိပြီဖြစ်သည်။ သူပို့သည့်စာများကို အဆိုတော်ဘက်မှ မတုံ့ပြန်သည့်အတွက် ဒေါသဖြစ်နေသည်ဟု ရဲတပ်ဖွဲ့ကိုသူက ပြော သည်။

ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ ယင်းအမျိုးသားသည် အချို့ပွဲများတွင် အဆိုတော်နှင့်ရင်းနှီးခွင့်ရရန် ကြိုးပမ်းမှုများလည်းရှိခဲ့သည်။သို့သော် တုံ့ပြန်မှုမရခဲ့ပေ။

တောင်ကိုရီးယားနိုင်ငံတွင် ဒုတိယအကြိမ် ဓားထိုးတိုက်ခိုက်မှုဖြစ်ပြီး လူ ၁၄ ဦးဆေးရုံတင်လိုက်ရပြီးနောက် ယခုကဲ့သို့ ဖျော်ဖြေရေးကုမ္ပဏီများအား ခြိမ်းခြောက်မှုများဖြစ်လာကာ ရဲတပ်ဖွဲ့ကလည်း အလေးအနက်ထား စုံစမ်းလျက်ရှိသည်။

SM အေဂျင်စီလက်အောက်ရှိ  မိန်းကလေးအဆိုတော်အဖွဲ့ Aespa မှ အဖွဲ့ဝင် ဝင်တာသည်လည်း အွန်လိုင်းတွင် လတ်တလောခြိမ်းခြောက်ခံထားရသည်။

အလားတူ BTS ၊ Seventeen နှင့် News Jeans အဖွဲ့တို့၏အေဂျင်စီ HYBE လည်း ခြိမ်းခြောက်ခံထားရသဖြင့် ရုံးရှေ့အဓိကဝင်ပေါက်ကို ပိတ်ထားရပြီး ရုံးသို့ဝင်ရောက်လိုသူများ နောက်ဝင်ပေါက်မှသာဝင်ကြရန်  နှိုးဆော်ထားသည်။ရုံးနားတွင်လည်း ရဲတပ်ဖွဲ့က ရှာဖွေရေးများလုပ်ခဲ့သည်။သို့သော် သံသယဖြစ်စရာ မတွေ့သေးပေ။

Most Read

Most Recent