အလီယာဘတ်တွင် နောက်ဆုံးရုံတင်ထားသည့် ဇာတ်ကားအပါအဝင် ရူပီးကုဋေ ၁၀၀ ကျော်ရသည့် ရုံတင်ဇာတ်ကားပေါင်း ရှစ်ကားရှိလာ

အလီယာဘတ်တွင် နောက်ဆုံးရုံတင်ထားသည့် ဇာတ်ကားအပါအဝင် ရူပီးကုဋေ ၁၀၀ ကျော်ရသည့် ရုံတင်ဇာတ်ကားပေါင်း ရှစ်ကားရှိလာ
Photo: Koimoi
Photo: Koimoi
Published 9 August 2023

မင်းသားရန်ဗီဆင်းနှင့် တွဲဖက်သရုပ် ဆောင်ထားသည့် Rocky Aur Rani Kii Prem Kahaani ဇာတ်ကားက အလီယာဘတ် အတွက် ရုံံတင်ခဲ့သမျှ သူ့ဇာတ်ကားများထဲ ရုံတင်ဝင်ငွေရူပီးကုဋေ ၁၀၀ ကျော်ရခဲ့သည့်  ရှစ်ကားမြောက်ဇာတ်ကား ဖြစ်လာသည်။

အလီယာကို တမီးလ်ကျောင်းသူ၊ပန်ဂျာဘီကျောင်းသားအာဂျွန်ကပူး၏ ချစ်သူနေရာမှ မြင်ခဲ့ရသည့် 2 States (၂၀၁၄)ဇာတ်ကား  ကို ရုံတင်ပြသခဲ့စဉ်က ရူပီး ၁၀၂.၁၃   ကုဋေ ရခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အချစ်ဇာတ်မြူးရုပ်ရှင် Badrinath Ki Dulhania  ရုံတင်ပြသသည့် အခါ ရူပီး ၁၁၆.၆၈ ကုဋေရခဲ့ပြန်သည်။ ထိုဇာတ်ကားတွင် အလီယာဘတ်က မင်းသားဗာရွန်ဒါဝမ်နှင့် တွဲဖက်သရုပ်ဆောင်ထား သည်။

၂၀၁၈ စပိုင်ရုပ်ရှင်ဇာတ်ကား Raazi က တစ်ဦးတည်းဇာတ်ဆောင်အဖြစ်နှင့် ရူပီးကုဋေ ၁၀၀ ကျော်ကို အလီယာရှာပေးခဲ့သည့် ဇာတ်ကားဖြစ်သည်။ Raazi တွင် မင်းသားဗစ်ကီကော်ရှယ်က တွဲဖက်ပါခဲ့သော်လည်း အလီယာသာ နာမည်ရခဲ့သည်။ ဇာတ်လမ်းအရ အလီယာက ပါကစ္စတန်စစ်ဗိုလ် ချုပ်ကြီးတစ်ဦးနှင့် လက်ထပ်လိုက်သည့် ကက်ရှ်မီးယားစပိုင်တစ်ဦးဖြစ်သည်။ ထိုဇာတ်ကားရုံတင်မှုမှ ရူပီး ၁၂၃.၈၄ ကုဋေရခဲ့သည်။

ရန်ဗီဆင်း၏ချစ်သူ စိတ်ဆတ်သည့်မိန်းကလေး ဆာဖီနာအဖြစ် အလီယာသရုပ်ဆောင်ခဲ့သည့် Gully Boy ဇာတ်ကားသည် ရူပီး ၁၄၀.၂၅ ကုဋေရခဲ့ပြီး ရန်ဗီဆင်းနှင့် ပထမဆုံးအကြိမ် တွဲရိုက်သည့်ဇာတ်ကားဖြစ်သည်။

၂၀၂၂ ခုနှစ်သည် အလီယာ၏နှစ်ဟုဆိုရမည်။အလီယာကို အောင်မြင်မှုအထွတ်အထိပ်ရောက်စေခဲ့သည့် ဒါရိုက်တာဆန်ဂျေးလီလာ၏ Gangubai Kathiawadi သည်  ရူပီး ၁၂၉.၁၀ ကုဋေရခဲ့သည်။

ရမ်ချာရန်၊ Jr NTR တို့နှင့် အလီယာတို့ သရုပ်ဆောင်သည့် RRR ဇာတ်ကားက ရူပီး ၂၇၄.၃၁ ကုဋေအထိရခဲ့ပြီး ဇာတ်ဝင်တေး  Naatu Naatu က အော်စကာဆုပေးပွဲ၌ပင် အကောင်းဆုံးမူရင်းတေးသီချင်းဆု ဆွတ် ခူးခဲ့သည်။ခင်ပွန်းရန်ဘီကပူးနှင့် တွဲမြင်ရသည့် Brahmastra: Part One-Shiva သဘာဝလွန်ဇာတ်ကားက ရူပီး ၂၅၇.၄၄ ကုဋေရခဲ့ပြီး ရန်ဘီနှင့် ပထမဆုံးတွဲရိုက်သည့် ဇာတ်ကားဖြစ်သည်။

Most Read

Most Recent