ဟောလိဝုဒ် A-list စာရင်းဝင်အနုပညာရှင်များက ဆန္ဒပြသရုပ်ဆောင်များကို ကူညီရန် ဒေါ်လာသန်းချီလှူဒါန်း

ဟောလိဝုဒ် A-list စာရင်းဝင်အနုပညာရှင်များက ဆန္ဒပြသရုပ်ဆောင်များကို ကူညီရန် ဒေါ်လာသန်းချီလှူဒါန်း
Photo - AFP
Photo - AFP
Published 6 August 2023

ဟောလိဝုဒ်အနုပညာရှင်များ၏ ဆန္ဒထုတ်ဖော်မှု သီတင်းလေးပတ်မြောက် ကာလအတွင်းသို့ ရောက်ရှိလာချိန်၌ ဂျော့ချ်ကလိုနီမှ မယ်ရီစထရိအထိဟောလိဝုဒ်၏ ဝင်ငွေအမြင့်ဆုံး ဒါဇင်နှင့်ချီသည့် အနုပညာရှင်များသည် အလုပ်ရပ်ဆိုင်းထားသောအနုပညာရှင်များကို ထောက်ပံ့ရန်အတွက် တစ်ဦးလျှင် ဒေါ်လာ တစ်သန်း သို့မဟုတ် တစ်သန်းအထက် လှူဒါန်းခဲ့ကြသည်ဟု ၎င်းတို့၏ သမဂ္ဂအဖွဲ့၏ ပရဟိတဖောင်ဒေးရှင်းက သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင်များအစည်းအရုံး (SAG-AFTRA)ဆန္ဒထုတ်ဖော်မှုနှင့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စာရေးဆရာများက အခြားဆန္ဒထုတ်ဖော်မှုများသည် မေလကစတင်ခဲ့ပြီး လုပ်ခလစာနှင့် AI ၏ ခြိမ်းခြောက်မှုတို့နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်နေကြခြင်းဖြစ်ကာ အမေရိကန်ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ထုတ်လုပ်မှုများကို ရပ်ဆိုင်းထားရသည်။

၁၉၆၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဟောလိဝုဒ်၏ အကြီးမားဆုံး ဆန္ဒထုတ်ဖော်ပွဲသည် ဖျော်ဖြေရေးလောကနှင့် ကယ်လီဖိုးနီးယား စီးပွားရေးအတွက် တစ်ရက်လျှင် ဒေါ်လာသန်းပေါင်းများစွာ ထိခိုက်ခဲ့ပြီး သပိတ်မှောက်သော သမဂ္ဂအဖွဲ့ဝင်များ၏ ဝင်ငွေများလည်း ထိခိုက်ခဲ့သည်။

သို့သော် ကလိုနီနှင့် စထရိတို့မှ မက်ဒေမွန်၊ လီယိုနာဒိုဒီကာပရီယိုနှင့် ဒရိန်းဂျွန်ဆင်တို့အပြင် နီကိုးလ်ကစ်မန်း၊ ဂျူလီယာရောဘတ်၊ အိုပရာဝင်းဖရေးနှင့်အခြားချမ်းသာ ကြွယ်ဝသော ဟောလိဝုဒ် A-list စာရင်းဝင် အနုပညာရှင်များက သရုပ်ဆောင်များကို ထောက်ပံ့ရန်အတွက် ရန်ပုံငွေအဖြစ် SAG-AFTRA ဖောင်ဒေးရှင်းကို တစ်ဦးလျှင် ဒေါ်လာ တစ်သန်း သို့မဟုတ် ဒေါ်လာသန်းပေါင်းများစွာ ပါဝင်လှူဒါန်းခဲ့သည်။

စီးပွားရေးထိခိုက်မှုနှင့် ကြုံတွေ့နေရသော ထောင်နှင့်ချီသည့် ဆန္ဒပြအနုပညာရှင်များကို ထောက်ပံ့ကူညီရန်အတွက် အကျိုးမယူဖောင်ဒေးရှင်းအနေဖြင့် လွန်ခဲ့သည့်သီတင်းပတ်သုံးပတ်အတွင်း ဒေါ်လာ ၁၅သန်း ကျော် ရန်ပုံငွေရရှိခဲ့သည်။

“ဖျော်ဖြေရေးလောကမှာ အကျပ်အတည်းဖြစ်နေပြီး SAG-AFTRA ဖောင်ဒေး ရှင်းက လက်ရှိမှာ အရေးပေါ်ကူညီထောက်ပံ့မှုအတွက် လျှောက်လွှာပုံမှန်ပြုလုပ်နေကြထက် အဆပေါင်း ၃၀ ကျော်ကို ပိုမိုဆောင်ရွက်နေပါတယ်”ဟု ဖောင်ဒေးရှင်းဥက္ကဋ္ဌ ကော့တနေဘီဗန့်စ်က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent