BTS အဖွဲ့ဝင် Jungkook ၏ Seven သီချင်းက Billboard Hot 100 စာရင်းတွင် ထိပ်ဆုံးဖြစ်နေ

BTS အဖွဲ့ဝင် Jungkook ၏ Seven သီချင်းက Billboard Hot 100 စာရင်းတွင် ထိပ်ဆုံးဖြစ်နေ
Published 26 July 2023

အမေရိကန်တွင် လူကြိုက်အများဆုံး တေးသီချင်းများစာရင်း Billboard Hot 100  ၏ ထိပ်ဆုံးနေရာကို Jungkook ၏တစ်ကိုယ်တော်သီချင်း Seven က ရယူထားသည်။

ဇူလိုင် ၂၅ ရက်တွင် Billboard တရားဝင်ဝက်ဘ်ဆိုဒ်၌ စာရင်းထွက်လာခဲ့ပြီး ဇူလိုင် ၁၄ ရက်ကထွက်ခဲ့သည့် Seven သီချင်းကို အမေရိကန်ရက်ပ်အဆိုတော် Latto က ပါဝင်အားဖြည့် ဆိုပေးထားသည်။ မိမိချစ်ရသူနှင့် တစ်ပတ်တာလုံး အတူရှိနေလိုသည့်ဆန္ဒကို ရေးစပ်ထားသည့် အချစ်သီချင်းဖြစ်ပြီး ကိုရီးယားမင်းသမီးချော ဟန်ဆိုဟီနှင့် Jungkook တို့  တွဲဖက်သရုပ်ဆောင်ထားသည်။

သီချင်းထွက်လာပြီးကတည်းက Spotify ၏ နေ့အလိုက်လူနားဆင်မှုအများဆုံး သီချင်းများစာရင်းတွင်လည်း Seven က ဗိုလ်စွဲခဲ့သည်။

Jungkook သည် Hot 100 စာရင်းတွင် နံပါတ်(၁)နေရာသို့ ရောက်ခဲ့သည့် ဒုတိယမြောက် ကေပေါ့အဆိုတော်ဖြစ်ကာ ပထမတစ်ဦးက BTS အဖွဲ့ဝင် Jimin ဖြစ်သည်။

Seven သည် ဗြိတိန်တွင်လူကြိုက်အများ ဆုံး တေးသီချင်းစာရင်း  Top 100 တွင်လည်း နံပါတ်(၃)နေရာ၌ ရပ်တည်နေသည်။

ယခုအခါ အဖွဲ့ဝင်တစ်ဦးချင်း၏ တစ်ကိုယ်တော်သီချင်းများရော၊ အဖွဲ့လိုက်သီချင်းများပါ ထည့်တွက်မည်ဆိုလျှင် Hot 100 စာရင်း၏ ထိပ်ဆုံးနေရာကို BTS အဖွဲ့က စုစုပေါင်းသီချင်းရှစ်ပုဒ်ဖြင့် ရောက်ထားသည်။ ကျန်သီချင်းများက Dynamite ၊ Life goes on ၊ Butter ၊ Permission To Dance ၊ Savage Love ၊ My Universe တို့ဖြစ်ပြီး အဖွဲ့ဝင် Jimin ၏ တစ်ကိုယ်တော်သီချင်း Like Crazy ကလည်း မတ်လအစောပိုင်းက Hot 100 စာရင်း၏ထိပ်ဆုံးနေရာကို ရောက်လာခဲ့သည်။

Most Read

Most Recent