အခွန်ကိစ္စဖြင့် ထပ်တိုးစုံစမ်းစစ်ဆေးမှုများကို ရှကီရာ ကြုံတွေ့နေရ

အခွန်ကိစ္စဖြင့် ထပ်တိုးစုံစမ်းစစ်ဆေးမှုများကို ရှကီရာ ကြုံတွေ့နေရ
Photo: New York Post
Photo: New York Post
Published 25 July 2023

ရည်းစားဟောင်း စပိန်ဘောလုံးသမား ဂျရတ်ပီကေနှင့် လမ်းခွဲပြီးနောက် လက်ရှိမိုင်ယာမီတွင် ပြောင်းရွှေ့နေထိုင်နေသည့် အဆိုတော်ရှကီရာသည် အခွန်လိမ်လည်မှုအတွက် နောက်ထပ်စစ်ဆေးမှုများ ရင်ဆိုင်နေရပြီး ငွေဒဏ်နှင့်ထောင်ရှစ်နှစ်အထိကျနိုင်သည့် စွဲချက်များဟု အနုပညာသတင်းများက ဖော် ပြနေကြသည်။

ရှကီရာကမူ သူမည်သည့်အမှားမှ မကျူးလွန်ကြောင်းနှင့် စပိန်အခွန်ရုံးကို ပေးစရာမည်သည့်အကြွေးမှ ရှိမနေဟုသာ ဆိုသည်။  နောက်ထပ်စစ်ဆေးမှုများခံနေရသည်ကို  ရှကီရာက အကြောင်းကြားခံရခြင်းမရှိဘဲ မီ ဒီယာမှတစ်ဆင့် သိလိုက်ရခြင်းဖြစ်သည်။

ရှကီရာသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ဝင်ငွေများနှင့်ပတ်သက်ပြီး အမေရိကန်ဒေါ်လာ ၁၆.၁ သန်း အခွန်ပေးဆောင်ခဲ့ခြင်းမရှိမှုဖြင့် ယခုနှစ်ကုန် စပိန်တွင် တရားရင်ဆိုင်ရမည်။အမှု၏အဓိကပြဿနာက ထို ကာလအတွင်း ရှကီရာမည်သည့်နေရာတွင် နေထိုင်ခဲ့သည်ဆိုသည့်ကိစ္စဖြစ်ပြီး ရှကီရာက စပိန်တွင်နေခဲ့သော်လည်း အခြားတစ်နေရာကို အနေပြခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲထားသည်။

Most Read

Most Recent