ရိုက်ကွင်းမှ ချောကလက်များကို စားသုံးခဲ့ပြီးနောက် ကိုယ်အလေးချိန် ပေါင် ၅၀ တက်လာကြောင်း Wonka ဒါရိုက်တာ ပေါလ်ကင်း ထုတ်ဖော်ပြောကြား

ရိုက်ကွင်းမှ ချောကလက်များကို စားသုံးခဲ့ပြီးနောက် ကိုယ်အလေးချိန် ပေါင် ၅၀ တက်လာကြောင်း Wonka ဒါရိုက်တာ ပေါလ်ကင်း ထုတ်ဖော်ပြောကြား
Published 23 July 2023

Wonka ဒါရိုက်တာ ပေါလ်ကင်းက သူသည် ရုပ်ရှင်အတွက်အထူးပြုလုပ်ထားသော ချောကလက်များကို ယူ၍ စားသုံးမိရာမှ ကိုယ်အလေးချိန်၂၃ ကီလို ဂရမ်(ပေါင် ၅၀) တက်လာခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ပေါလ်သည် ၁၉၇၁ ခုနှစ်က ထွက်ရှိခဲ့သည့် Willy Wonka and Chocolate Factory ၏ ရှေ့ဖြစ်ရုပ် ရှင်ဖြစ်သော ရုပ်ရှင်ဇာတ်ကားကို အဓိကပဲ့ကိုင်သူဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့သားများက ရုပ်ရှင်အတွက် ချောကလက်ပြုလုပ်ရန် ချောက လက်ပြုလုပ်သည့်ပစ္စည်းများကိုဝယ်ယူခဲ့ပြီး သူသည် ချောကလက်များ အားလုံးကို အရသာမမြည်းဘဲမနေ နိုင်ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့မှာ အံ့မခန်းဖွယ် ချောကလက်လုပ်တဲ့ပစ္စည်းတွေရှိပါတယ်။ သူတို့တွေကအရသာရှိတဲ့ ချောကလက်တွေကို ဖန်တီးပြီး ကျွန်တော်တို့တွေ မြည်းကြည့်ခဲ့ပါတယ်။  ကျွန်တော်တို့တွေ လိုအပ်တာထက်ကို ပိုပြီးအရသာမြည်းခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ သရုပ်ဆောင်တွေက ဒီပစ္စည်းတွေနဲ့ သရုပ်ဆောင်ရာမှာ အဆင်ပြေအောင်လို့ပါ။ဒါပေမဲ့ အံ့သြစရာကောင်းတာက ချောကလက်တွေဟာ အမြင်ထက်ကိုပိုပြီးအ ရသာကောင်းနေလို့ပါပဲ”ဟု၎င်းက ဆိုသည်။

“ကျွန်တော် ပေါင် ၅၀ လောက် ကိုယ်အလေးချိန်တက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒါပေမဲ့ကျွန် တော်ရုပ်ရှင်မထွက်ခင်တော့ကိုယ် အလေးချိန်လျှော့ချနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု၎င်းကဆိုသည်။

ပေါလ်က ထိုရုပ်ရှင်တွင်အဓိက ပါဝင်သရုပ်ဆောင်ထားသည့် မင်းသားတီမိုသီချားလမက်အား နောက်ပြောင်၍“တင်မီက အရမ်းကိုပိန်ပါး ပြီးယောကျင်္ားပီသပါတယ်။ကျွန်တော်သူ့ကိုဝလာအောင် ကြိုးစားခဲ့ပေမယ့် သူ့ကိုဝအောင်လုပ်ဖို့ခက်ခဲ ပါတယ်”ဟုဆိုသည်။Wonka ရုပ်ရှင်သည် လာမည့်ဒီဇင်ဘာလတွင် ရုံတင်ပြသသွားမည်ဖြစ်သည်။

Most Read

Most Recent