လူကာကူ၏ ချယ်လ်ဆီးကစားသမားဘဝ ပြီးဆုံးတော့မည်ဟု ပိုချက်တီနို အတည်ပြု

လူကာကူ၏ ချယ်လ်ဆီးကစားသမားဘဝ ပြီးဆုံးတော့မည်ဟု ပိုချက်တီနို အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 20 July 2023

ချယ်လ်ဆီးနည်းပြသစ် ပိုချက်တီနိုက အသင်းတိုက်စစ်မှူး လူကာကူ၏ ချယ်လ်ဆီးကစားသမားဘဝ မကြာခင်ပြီးဆုံးတော့မည်ဟု အတည်ပြုပြောကြားခဲ့သည်။

ပိုချက်တီနိုသည် လူကာကူအား အခွင့်အရေးပေးရန် ဆန္ဒရှိခဲ့သော်လည်း ကစားသမားက အသင်းနှင့် ရာသီကြိုခရီးစဉ်သို့ လိုက်ပါရန် ငြင်းဆန်ခဲ့ကြောင်း သိရှိရသည်။

ပိုချက်တီနိုက ''လူကာကူရဲ့ အခြေအနေက စိတ်ဝင်စားစရာပါ။ အသင်းနဲ့ ကစားသမားက သူတို့အတွက် အကောင်းဆုံးအဖြေကို ရှာဖွေနေပါတယ်။ ဒါက ကစားသမားရဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး အသင်းက အဆင်ပြေအောင် လုပ်ပေးနေတာပါ''ဟု ပြောကြားခဲ့သည်။

လူကာကူအား ခေါ်ယူရန် ဂျူဗင်တပ်စ်၊ အင်တာမီလန်နှင့် ဆော်ဒီကလပ်များက စိတ်ဝင်စားနေကြောင်း သိရှိရသည်။

Most Read

Most Recent