Mission : Impossible 7 ဇာတ်ကားမိတ်ဆက်ပွဲသို့ တွမ်ခရုစ်နှင့် တွဲဖက်မင်းသမီးများ တက်ရောက်

Mission : Impossible 7 ဇာတ်ကားမိတ်ဆက်ပွဲသို့ တွမ်ခရုစ်နှင့် တွဲဖက်မင်းသမီးများ တက်ရောက်
Photo: Page Six
Photo: Page Six
Published 20 June 2023

ဇွန် ၁၉ ရက်က Mission : Impossible Dead Reckoning Part One ဇာတ်ကားသစ် မိတ်ဆက်ပွဲကို ရောမမြို့တွင်ပြုလုပ်ခဲ့ရာ တွမ်ခရုစ်နှင့်အတူ တွဲဖက်ရုပ်ရှင်မင်းသမီးများလည်း တက်ရောက်လာကြသည်။

ကော်ဇောနီထက်တွင် တွမ်ခရုစ်ဘေး၌   ဗြိတိန်-အမေရိကန်ရုပ်ရှင်မင်းသမီး ဟေလီအတ်ဝဲလ်၊ ဆွီဒင်မင်းသမီးရေဗက္ကာဖာဂူဆန်၊  ဗြိတိန်မင်းသမီး ဗနက်ဆာကာဘီတို့ သူ့ထက် ငါအပြိုင်လှနေကြပြီး ဓာတ်ပုံများအရိုက်ခံရင်း တွမ်ခရုစ်က ဖာဂူဆန်(အသက် ၃၉ နှစ်)၏ ပါးကိုနမ်းလိုက်သည်။ဖာဂူဆန်ကလည်း တွမ်ခရုစ်ကို တစ်စုံတစ်ရာ တီးတိုးကပ်ပြောလိုက်သည့်ပုံမျိုး တွေ့ရသည်။

Mission : Impossible ဇာတ်ကားစီးရီး၏ ခုနစ်ကားမြောက်ဇာတ်ကားဖြစ်သည့်  M:I7 တွင် ဖာဂူဆန်က အီလ်ဆာဖောက်ဇာတ်ကောင်ကို ပြန်သရုပ်ဆောင်ထားသည်။ ဇာတ်ကားမိတ်ဆက်ပွဲတွင် ၎င်းနှင့်ခရုစ်က အတော် ပင်နီးနီးကပ်ကပ် ရှိခဲ့ကြသည်။

ဟေလီအတ်ဝဲလ်(အသက် ၄၁ နှစ်)က  ဂရေ့စ်ဇာတ်ကောင်ဖြင့် ပါဝင်ထားသည်။၎င်းနှင့်ခရုစ်တို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာကသတင်း ထွက်လိုက်သေးပြီး ရိုက်ကွင်းတွင်ဆုံပြီးကတည်းက နှစ်ဦးကြားဆက်ဆံရေးအဆင်ပြေ  ခဲ့သည်ဟု ထုတ်လုပ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။သို့သော်ခရုစ်နှင့်ဆက်ဆံရေးက ၅၂၈ ပါဟု အတ်ဝဲလ်ဘက်ကပြောပြီး အခြားသူတစ်ဦးနှင့်စေ့စပ်သည့်သတင်းကို ဧပြီတွင်ကြေညာခဲ့သည်။

Mission : Impossible ဇာတ်သိမ်းပိုင်းနှစ်ကားကို ဆက်တိုက်ရိုက်ကူးထားခြင်းဖြစ်ပြီး Dead Reckoning Part One ကို အမေရိကန်တွင် ဇူလိုင် ၁၂ ရက်၌ စပြမည်ဖြစ်ကာ Part Two ကို ၂၀၂၄ ခုနှစ်၊ ဇွန် ၂၈ ရက်တွင်  ပြသရန် လျာထားသည်။