ရုရှား၏ တိုက်ခိုက်နေကျမဟုတ်သော နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့ခံများ အထိတ်တလန့်ပြေးခဲ့ရ

ရုရှား၏ တိုက်ခိုက်နေကျမဟုတ်သော နေ့ခင်းကြောင်တောင် တိုက်ခိုက်မှုများကြောင့် ကိယက်ဗ်မြို့ခံများ အထိတ်တလန့်ပြေးခဲ့ရ
မေလ ၂၉ ရက်က ရုရှားဒုံးကျည်တို်က်ခိုက်မှုအတွင်း ကိယက်ဗ်မြေအောက်ရထားဘူတာတွင် လာရောက်ခိုလှုံနေသူများကို တွေ့ရစဉ် (Photo: AFP)
မေလ ၂၉ ရက်က ရုရှားဒုံးကျည်တို်က်ခိုက်မှုအတွင်း ကိယက်ဗ်မြေအောက်ရထားဘူတာတွင် လာရောက်ခိုလှုံနေသူများကို တွေ့ရစဉ် (Photo: AFP)
Published 30 May 2023
Ref: AFP

မေလ ၂၉ ရက်တွင် ရုရှားက ကိယက်ဗ်မြို့ကို ဒုံးကျည်များဖြင့် တရစပ်ပစ်ခဲ့ရာ ညပိုင်းတွင် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီးနောက် တိုက်ခိုက်နေကျမဟုတ်သော နေ့ခင်း ကြောင်တောင်တိုက်ခိုက်မှုအတွင်း ထိတ်လန့်နေသော မြို့ခံများသည် အကာအကွယ်ရှိရာ နေရာများထံ ပြေးလွှားခဲ့ကြရသည်ဟုဆိုသည်။

ရုရှားက ယူကရိန်းမြို့တော်ကို ၂၄ နာရီအတွင်း ဒုတိယအကြိမ် ပစ်မှတ်ထားတိုက် ခိုက်ခြင်းကြောင့် ကိယက်ဗ်မြို့တွင် ဆက်တိုက်ပေါက်ကွဲမှုများသည် ကျယ်လောင်နေခဲ့သည်။

ကိယက်ဗ်သည် ၂၀၂၃ ခုနှစ် နှစ်စပိုင်းကတည်းက အများအားဖြင့် သက်သာရာရနေခဲ့သည်ဆိုသော်လည်း ယခုလအတွင်းတွင် ကိယက်ဗ်မြို့ခံများသည် ညစဉ်နီးပါး လေကြောင်းအချက်ပေး ဥသြသံများ၊ ပေါက်ကွဲ သံများနှင့် လုံးပန်းနေရသည်။

အေအက်ဖ်ပီသတင်းထောက်များသည် ဒေသစံချိန်တော်ချိန် နံနက် ၁၁ နာရီ ၁၀ မိ နစ်ဝန်းကျင်တွင် ကိယက်ဗ်၌ အနည်းဆုံး ပေါက်ကွဲသံ ၁၀ ကြိမ် ကြားရသည်ဟုဆိုသည်။ လေကြောင်းရန် သတိပေးချက်ထွက်လာပြီး မိနစ်ပိုင်းအတွင်း ယင်းပေါက်ကွဲသံများကို စတင်ကြားရခြင်းဖြစ်သည်ဟု ဆိုသည်။

မေလ ၂၈ ရက်ညတွင် ကိယက်ဗ်မြို့ခံများသည် လေကြောင်းမှ ခြိမ်းခြောက်မှုများကို ထပ်မံကြုံတွေ့ခဲ့ရသည်။

ယူကရိန်းလေကြောင်းကာကွယ်ရေးသည် ကိယက်ဗ်ဒေသကိုပစ်သော ရုရှားဒုံး ကျည်အားလုံးကို ပစ်ချခဲ့သည်ဟု နောက်ပိုင်းတွင် အာဏာပိုင်များက ပြောကြားသည်။

ဒဏ်ရာရသွားသော အမျိုးသားတစ်ဦးကို ဆေးရုံတင်လိုက်ရသည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားသည်။

“မြောက်ဘက် လားရာကနေ စုစုပေါင်းဒုံးကျည် ၁၁ ခုကို ပစ်ခဲ့တာဖြစ်ပါတယ်။ အစ္စကန်ဒါ-အမ်နဲ့ အစ္စကန်ဒါ-ကေ ဒုံးကျည်တို့ ဖြစ်ပါတယ်”ဟု ယူကရိန်းစစ်တပ်အကြီးအကဲ ဗယ်လာရီဇာလူဇနီက ပြောကြားသည်။ လေ ကြောင်းကာကွယ်ရေးက ပစ်မှတ်အားလုံးကို ပစ်ချခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

မေလ ၃၀ ရက် နံနက်ပိုင်းတွင် မော်စကိုသည် ဖြစ်ခေါင့်ဖြစ်ခဲ ဒရုန်းတိုက်ခိုက်မှုခံရသည်ဟု မော်စကိုမြို့တော်ဝန်က ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အသေးအဖွဲပျက်စီးမှုသာရှိပြီး ထိခိုက်ဒဏ်ရာရသူမရှိဟု ဆိုသည်။

“ဒီမနက် အရုဏ်တက်ချိန်လောက်မှာ  ဒရုန်းတိုက်ခိုက်မှုက အဆောက်အအုံအချို့ကို အသေးအဖွဲ ပျက်စီးတာမျိုး ဖြစ်စေခဲ့ပါတယ်။ မော်စကိုရဲ့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အားလုံးဟာ ဖြစ်ပွားရာနေရာကို ရောက် နေပါတယ်။ အခုချိန်ထိတော့ ဘယ်သူမှ ကြီးကြီးမားမား ဒဏ်ရာရတာမရှိပါဘူး”ဟု မော် စကိုမြို့တော်ဝန်ဆာဂေးဆိုဗြာနင်က ပြောကြားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး နောက်ပိုင်းယူကရိန်းမြို့တော်ကိယက်ဗ်ကို ဒရုန်းများဖြင့် အကြီးမားဆုံးတိုက်ခိုက်မှုကို လုပ်ဆောင်ရာတွင်ရုရှားက အီရန်ရှာဟက်ဒရုန်းများကို အသုံးပြုခဲ့သည်ဟု ယူကရိန်းက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာ မေလ ၂၉ ရက်တွင် ယူကရိန်းပါလီမန်ကရုရှားမ ဟာမိတ်အီရန်ကို ပိတ်ဆို့မှုများချမှတ်ခဲ့သည်။

သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက မေလ ၂၉ ရက်ကို အလွန်ရှည်လျားသော နေ့တစ်နေ့ဖြစ်သည်ဟု ညနေခင်း မိန့်ခွန်းတွင် ယူကရိန်းပြည်သူများအား ပြောကြားခဲ့ပြီး ဤတိုက်ခိုက်မှုများနှင့်အတူ ရုရှားသည် မ ကောင်းမှုလမ်းကို အဆုံးထိသွားလိုနေပုံရသည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းသည် ဧပြီလထဲတွင် အမေရိကန်လုပ် ပေးထရီးယက် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်ကို ပထမဆုံးလက်ခံရရှိထားသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ယူကရိန်းအတွက် နောက်ထပ်အကူအညီများ ရောက်လာမည်ဟု မေလ ၂၉ ရက်တွင် ပြောကြားသည်။ ရုရှားတိုက်ခိုက်မှုများသည် မျှော် လင့်မထားသောအရာမဟုတ်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။