COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ အဆုံးသတ်လိုက်ကြောင်း WHO ပြောကြား

COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်မှ အဆုံးသတ်လိုက်ကြောင်း WHO ပြောကြား
၂၀၂ဝပြည့်နှစ် မတ် ၂၉ ရက်က ပြင်သစ်နိုင်ငံမြူးဟောက်စ်မြို့တွင် COVID-19 လူနာတစ်ဦးအား ဆေးရုံကားဆီသို့ လူနာတင်တွန်းလှည်းဖြင့် သယ်ဆောင်လာစဉ် (Photo: AFP)
၂၀၂ဝပြည့်နှစ် မတ် ၂၉ ရက်က ပြင်သစ်နိုင်ငံမြူးဟောက်စ်မြို့တွင် COVID-19 လူနာတစ်ဦးအား ဆေးရုံကားဆီသို့ လူနာတင်တွန်းလှည်းဖြင့် သယ်ဆောင်လာစဉ် (Photo: AFP)
Published 8 May 2023
Ref: AFP

ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာကို သေဆုံးစေခဲ့ပြီး စီးပွားရေးနှင့်လူမှုရေးဆိုင် ရာကသောင်းကနင်းအခြေအနေကို ဖြစ်ပေါ်စေခဲ့သော COVID-19 ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေမဟုတ်တော့ကြောင်း WHO က မေ ၅ ရက်တွင် ပြောကြားခဲ့ပြီး ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေကြောင်း သတိပေးခဲ့သည်။

“ကျွန်တော့်အနေနဲ့ COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ်ကနေ အဆုံးသတ်ကြောင်း ကြီးစွာသောမျှော်လင့်ချက်တွေနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်”ဟုကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက သတင်းထောက်များကို ပြောကြားခဲ့သည်။

WHO ၏ COVID အကျပ်အတည်း ဆိုင်ရာလွတ်လပ်သောအရေးပေါ်ကော်မတီက အဖွဲ့အစည်း၏အမြင့်ဆုံး သတိပေးချက်အဆင့်ကို အဆုံးသတ်ရန် သဘောတူညီခဲ့ပြီး COVID-19 ကပ်ရောဂါ၏ကာလကြာရှည် စီမံခန့်ခွဲမှုပုံစံံကို ပြောင်းလဲရန် အချိန်ကြပြီဖြစ်ကြောင်းအကြံပြုခဲ့ပြီးနောက် ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော်အန္တရာယ်များ ပြီးဆုံးမသွားသေးကြောင်း တက်ဒရိုက ပြောကြားခဲ့ပြီးကို ဗစ်ကြောင့် သေဆုံးသူ သန်း ၂၀ ထက်မနည်း ရှိသည်ဟု ခန့်မှန်းထားပြီး ယင်းသည်တရား ဝင်ထုတ်ပြန်ထားသည့် ကိုဗစ်ကြောင့်သေဆုံးသူ ခုနစ်သန်းနီးပါးထက် သုံးဆခန့်ပိုမိုမြင့် တက်နေသည်။

“ဗိုင်းရပ်စ်က ရှိနေပါသေးတယ်။ ဗိုင်းရပ်စ်ကြောင့် လူတွေသေနေကြတုန်းပါ။ နောက်ပြီးဗိုင်းရပ်စ်က ပြောင်းလဲနေပါသေးတယ်”ဟု၎င်းက ပြောကြားခဲ့သည်။

“ဒီသတင်းကို အသုံးချပြီးဘယ်နိုင်ငံမဆို လုပ်နေကြတဲ့အဆိုးဆုံးအရာကတော့အကာ အကွယ်တွေကို လျှော့ချဖို့ အကြောင်းပြချက်အဖြစ် အသုံးချနေတာ၊ တည်ဆောက်ထားတဲ့ စနစ်တွေကို တစ်စတစ်စနဲ့ ဖျက်သိမ်းနေတာတွေအပြင် သူတို့ရဲ့ပြည်သူတွေကို COVID-19ဟာ စိုးရိမ်ဖို့မလိုတော့ဘူးဆိုတဲ့သတင်း စကားတွေပေးနေတာပဲ ဖြစ်ပါတယ်”ဟု တက်ဒရိုက သတိပေးခဲ့သည်။

WHO က ကိုဗစ်အကျပ်အတည်းကိုနိုင်ငံတကာဆိုင်ရာ စိုးရိမ်ဖွယ်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ(PHEIC) အဖြစ် ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၃၀ ရက်က ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာခဲ့သည်။

တရုတ်နိုင်ငံတွင် ထူးဆန်းသောဗိုင်းရပ်စ်အသစ်ကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ပြီးနောက် ကူးစက်ခံရသူ ၁၀၀ အောက်လျှော့နည်းပြီး တရုတ်နိုင်ငံအပြင်ဘက်တွင်ဗိုင်းရပ်စ်ကြောင့် သေဆုံးတစ်ဦးမှမရှိသေးချိန်သီ တင်းပတ်အနည်းငယ်အတွင်း WHO က ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

တက်ဒရိုက ကိုဗစ်၏ကူးစက်မှုအဆိုး ရွားဆုံးအခြေအနေဖြစ်သည့် ၂၀၂ဝပြည့်နှစ် မတ်လတွင် COVID-19အားကပ်ရောဂါအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ထိုအချိန်တွင် SARs CoV-2 ဗိုင်းရပ်စ်သည်ကမ္ဘာ တစ်ဝန်းလုံးတွင် ပျံ့နှံ့ရောက်ရှိနေပြီးလူပေါင်းများစွာကို သေဆုံးစေခဲ့သည်။

“COVID-19 ရဲ့ အကြီးမားဆုံးစိတ်မ ကောင်းဖွယ်ရာတွေထဲက တစ်ခုကတော့ ဒီလိုနည်းအတိုင်းမဖြစ်သင့်ပါဘူး” ဟု တက်ဒရိုက ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ တန်းတူညီမျှမှုမရှိခြင်းနှင့် စည်းလုံးမှုမရှိခြင်းတို့ကြောင့် လူ့အသက်ပေါင်းများစွာ သေဆုံးရသည်ကို ရည်ညွှန်း၍ ပြစ်တင်ပြောကြားခဲ့ခြင်းဖြစ်သည်။                                             

Most Read

Most Recent