ဗီယက်နမ်နိုင်ငံတွင် အပူချိန်များ စံချိန်တင်မြင့်တက်

ဗီယက်နမ်နိုင်ငံတွင် အပူချိန်များ စံချိန်တင်မြင့်တက်
၂၀၂ဝပြည့်နှစ် ဇွန် ၁၆ ရက်က ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် အမျိုးသားတစ်ဦးက နေအပူဒဏ်ကို ကာကွယ်ရန် ထီးဆောင်း၍ သွားလာနေစဉ် - Photo: AFP
၂၀၂ဝပြည့်နှစ် ဇွန် ၁၆ ရက်က ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် အမျိုးသားတစ်ဦးက နေအပူဒဏ်ကို ကာကွယ်ရန် ထီးဆောင်း၍ သွားလာနေစဉ် - Photo: AFP
Published 7 May 2023
Ref: AFP

ဗီယက်နမ်နိုင်ငံတွင် အပူချိန်စံချိန်တင် မြင့်တက်နေပြီး ရာသီဥတုဆိုင်ရာကျွမ်းကျင် သူများက ယင်းကဲ့သို့ အလွန်ဆိုးရွားသော ရာသီဥတုဖြစ်စဉ်များသည် ဆက်လက်ဖြစ်ပေါ် နိုင်လိမ့်မည်ဟု သတိပေးထားသည်။

ကမ္ဘာကြီးပူနွေးလာမှုသည် ဆိုးရွားသော  ရာသီဥတုဖြစ်စဉ်ကို ပိုမိုဆိုးရွားလာစေနိုင်သည်ဟု ဗီယက်နမ်သိပ္ပံပညာရှင်များကသတိပေးထားပြီး ဗီယက်နမ်တွင် ဧပြီလကအပူလှိုင်းဖြတ်သန်းမှုအောက် ရောက်ရှိနေချိန်၌ အိမ်နီးချင်းနိုင်ငံများတွင်လည်း စံချိန်တင်အပူချိန်နှင့် ကြုံတွေ့နေရသည်။

ဗီယက်နမ်နိုင်ငံတွင် မေ ၆ ရက်ကအပူချိန် ၄၄ ဒသမ ၁ ဒီဂရီဆဲလ်စီးယပ် ရှိကြောင်း အမျိုးသားမိုးလေဝသခန့်မှန်းချက်ဗဟိုဌာန က ထုတ်ပြန်ထားပြီး ယင်းအပူချိန်သည်၂၀၁၉ ခုနှစ်က အပူဆုံးစံချိန်ဖြစ်သော ၄၃ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စံချိန်ကို ကျော်လွန်ခဲ့သည် ဟု ဆိုသည်။

နိုင်ငံအလယ်ပိုင်း ဒါနန်းမြို့၏အပူချိန် သည် ပိုမိုမြင့်တက်လာပြီး အလုပ်သမားများ သည် ပိုမိုစောစီးစွာ လုပ်ငန်းခွင်များကိုစတင် လုပ်ကိုင်ခဲ့ကြရသည်ဟု လယ်သမားတစ်ဦး ဖြစ်သူ ငုရင်သီလန်းက အေအက်ဖ်ပီသတင်း ကို ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ အပူကိုရှောင်ဖို့ နံ နက် ၁၀ နာရီမတိုင်ခင် အလုပ်တွေကိုအပြီး သတ်ကြပါတယ်”ဟု၎င်းကဆိုသည်။

မိုးလေဝသခန့်မှန်းသူများကအပူချိန် ကို ၄၀ ဒီဂရီဆဲလ်စီးယပ်နီးပါးအထိ မြင့်တက် လာမည်ဟု ပြောထားကြောင်းလန်ကပြော ကြားခဲ့သည်။“ဒါပေမဲ့ နေ့လယ်စာစားချိန် ရောက်ရင် ပိုပူတယ်လို့ ကျွန်တော်ထင်ပါ တယ်”ဟု လန်ကဆိုသည်။

ဗီယက်နမ်၏ရာသီဥတုသည် မြောက်မှ တောင်သို့ ကွဲပြားသော်လည်း လက်ရှိတွင်မူ တစ်နိုင်ငံလုံးသည် ၎င်း၏အပူဆုံးနွေရာသီလ များအတွင်းသို့ ရောက်ရှိနေသည်။

နိုင်ငံမြောက်ပိုင်း သန်းဟိုအာပြည်နယ် ဟွိုင်ရွှမ်ဘူတာရုံ၏အဆောက်အအုံအတွင်း ပိုင်းအတွင်း စံချိန်တင်အပူချိန်ရောက်ရှိနေ ပြီး ယခင်စံချိန်တင်အမြင့်ဆုံးအပူချိန်ဖြစ်ခဲ့ သည့်နိုင်ငံအလယ်ပိုင်း ဟာတင်းပြည်နယ် ဟောင်ခဲခရိုင်တွင် ၂၀၁၉ ခုနှစ်ဧပြီလကစံ ချိန်တင်အပူချိန် ၄၃ ဒသမ ၄ ဒီဂရီဆဲလ်စီ ယပ်ထက် ကျော်လွန်ခဲ့သည်။

“ဒါဟာ ရာသီဥတုပြောင်းလဲမှုနဲ့ကမ္ဘာ ကြီးပူနွေးလာမှုအခြေအနေမှာ စိုးရိမ်စရာ မှတ်တမ်းတစ်ရပ်ဖြစ်ပါတယ်”ဟု ရာသီဥတု ပြောင်းလဲမှုကျွမ်းကျင်သူ ငုရင်ငိုဟွေးကဆို သည်။

“ဒီစံချိန်က အချိန်ပေါင်းများစွာထပ်တ လဲလဲ ဖြစ်ပေါ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်။လွန်ကဲတဲ့ ရာသီဥတုပုံစံတွေဟာအမှန် တွေဖြစ်တယ်လို့ဒါကသက်သေပြနေပါ တယ်”ဟု ၎င်းကပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းလုံးအနေဖြင့် တစ်နေ့တာ ၏ အပူဆုံးအချိန်အတွင်း အဆောက်အအုံ များအတွင်း၌သာ နေထိုင်ကြရန် မိုးလေဝသ ကျွမ်းကျင်သူများနှင့် အာဏာပိုင်များကသတိ ပေးထားသည်။

ဒါနန်းအစိုးရက အပူချိန်နှင့်ဖြစ်နိုင်ခြေ ရှိသော မိုးခေါင်မှုနှင့် ရေရှားပါးမှုကိုထိရောက် စွာ ဖြေရှင်းမှုတွင် ပူးပေါင်းဆောင်ရွက်ရန်ဗီ ယက်နမ်၏စက်မှုနှင့် လျှပ်စစ်ဝန်ကြီးဌာနများ ကို တောင်းဆိုထားကြောင်း နိုင်ငံပိုင်မီဒီယာ တွင်ဖော်ပြထားသည်။

မြို့၏ရေပေးဝေရေးကုမ္ပဏီကိုလည်း ပြည်တွင်းအသုံးပြုရန်အတွက် လုံလောက် သောရေထောက်ပံ့မှုများရှိစေရေးသေချာ စေရန်အတွက် တာဝန်ရှိသူများကတိုက်တွန်း ထားသည်။  

မေ ၆ ရက်နေ့လယ်ခင်းအချိန်တွင်ဟ နွိုင်းမြို့ရှိ ဒေသခံများက အပူချိန်ကိုရှောင်ရှား ရန် အဆောက်အအုံအတွင်း၌သာနေထိုင် ကြသောကြောင့် လမ်းများတွင်လူမရှိလုနီးပါး ဖြစ်နေသည်။

                  

 

Most Read

Most Recent