ရုရှား၏ ဟိုက်ပါဆိုးနစ်ဒုံးကျည်တစ်စင်းကို အမေရိကန်လုပ် ပက်ထရီးယော့ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ဟု ယူကရိန်း ပြောကြား

ရုရှား၏ ဟိုက်ပါဆိုးနစ်ဒုံးကျည်တစ်စင်းကို အမေရိကန်လုပ် ပက်ထရီးယော့ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် ပစ်ချခဲ့ဟု ယူကရိန်း ပြောကြား
​​​​​​​၂၀၁၇ ခုနှစ်က လစ်သူယေးနီးယားတွင်ပြုလုပ်သည့် နေတိုး၏ စစ်ရေးလေ့ကျင့်မှုအတွင်း ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် အမေရိကန်စစ်သားများကိုတွေ့ရစဉ် - Photo: AFP
​​​​​​​၂၀၁၇ ခုနှစ်က လစ်သူယေးနီးယားတွင်ပြုလုပ်သည့် နေတိုး၏ စစ်ရေးလေ့ကျင့်မှုအတွင်း ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် အမေရိကန်စစ်သားများကိုတွေ့ရစဉ် - Photo: AFP
Published 7 May 2023
Ref: AFP

ရုရှား၏ ဟိုက်ပါဆိုးနစ်ဒုံးကျည်တစ်စင်း ကို အမေရိကန်လုပ် ပက်ထရီးယော့ဒုံးကျည် ကာကွယ်ရေးစနစ်ဖြင့် ကိယက်မြို့တော်၏ ကောင်းကင်ယံတွင် ပစ်ချနိုင်ခဲ့ကြောင်း ယူ ကရိန်းလေတပ်က မေ ၆ ရက်တွင် ပြောကြားခဲ့ ပြီး ယင်းသည် ယူကရိန်းက ရုရှား၏ ခေတ် အမီဆုံး ဒုံးကျည်များထဲမှ တစ်စင်းကို ပစ်ချ နိုင်စွမ်းရှိသည့် ပထမဆုံး ဖြစ်စဉ်တစ်ခုဖြစ် သည်။

ယခုသီတင်းပတ်အစောပိုင်းက ယူက ရိန်း၏မြို့တော် ကိယက်ဗ်ကို ညအချိန်တိုက် ခိုက်မှုတစ်ခုတွင် Kinzhal အမျိုးအစား ပဲ့ထိန်းဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ယူကရိန်းလေတပ်၏ တပ်မှူး မိုင်ကိုလာ အိုလက်ရှ်ချော့က Telegram တွင် ပြောကြားခဲ့သည်။

ယင်းသည် ယူကရိန်းအနေဖြင့် ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်ကို အသုံး ချခဲ့သည့် ပထမဆုံး ဖြစ်စဉ်တစ်ခုလည်းဖြစ် သည်။

“ကျွန်တော်တို့ kinzhal ဒုံးကျည်ကို ပစ်ချခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဟာ မေလ ၄ ရက်က ကိယက်ဗ်ဒေသရဲ့ ကောင်းကင်ယံတွေ မှာ ညအချိန်တိုက်ခိုက်မှုအတွင်း ဖြစ်ပွားခဲ့ တာပါ”ဟု အိုလက်ရှ်ချော့က ပြောကြားခဲ့ သည်။

ယင်း KH-47 ဒုံးကျည်သည် MIG – 31 K လေယာဉ်ဖြင့် ရုရှားနယ်နိမိတ်အတွင်း မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်ဖြစ်ပြီး ပက်ထရီး ယော့ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။

kinzhal ဒုံးကျည်သည် ရုရှား၏ နောက် ဆုံးပေါ်နှင့် ခေတ်အမီဆုံးလက်နက်များထဲမှ တစ်ခုဖြစ်သည်။

ယင်းဒုံးကျည်သည် ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၅၀) အကွာအဝေးအထိ ပစ်ခတ် ရောက်ရှိနိုင်ကာ အသံထက် ၁၀ ဆ ပိုမိုမြန် ဆန်စွာ ပျံသန်းနိုင်သဖြင့် ကြားဖြတ်ပစ်ချရန် ခက်ခဲကြောင်း ရုရှား စစ်တပ်က ပြောကြားခဲ့ သည်။

ယင်းကဲ့သို့ အသံထက်မြန်သည့် အလျင် နှင့် ကြီးမားလေးလံသည့် လက်နက်ထိပ်ဖူး တပ်ဆင်နိုင်သည့် kinzhal ဒုံးကျည်သည် မြေအောက်ဘန်ကာများ သို့မဟုတ် တောင် အတွင်းဖောက်လုပ်ထားသည့် ဥမင်လှိုဏ် ခေါင်းများကဲ့သို့ အခိုင်အမာကာရံထားသည့် ပစ်မှတ်များကို ဖျက်ဆီးနိုင်စွမ်းရှိသည်။

ယူကရိန်းစစ်တပ်ကမူ kinzhal ဒုံး ကျည်များကို ကြားဖြတ်ပစ်ချရန် လက်နက် များမရှိကြောင်း ယခင်က ဝန်ခံခဲ့သည်။

 “ပက်ထရီးယော့ဟာ ခေတ်မမီတော့တဲ့ အမေရိကန်လုပ် လက်နက်ဖြစ်ပြီး ရုရှားလက်နက်တွေကတော့ ကမ္ဘာပေါ်မှာ အကောင်း ဆုံးလို့ ပြောနေကြသူတွေလည်း ရှိပါတယ်။ အခုဆိုရင် ပက်ထရီးယော့ဟာ အသံထက် မြန်တဲ့ ဒုံးကျည်တစ်စင်းကိုတောင် ပစ်ချနိုင်တယ်ဆိုတာ သက်သေပြသွားပါပြီ”ဟု ယူက ရိန်းလေတပ်၏ ပြောရေးဆိုခွင့်ရှိသူ ယူရီ အင်နတ်က ယူကရိန်း၏ Channel 24 ရုပ်သံ တွင် ပြောကြားခဲ့သည်။

kinzhal ဒုံးကျည်ကို အောင်မြင်စွာ ပစ်ချခြင်းသည် ရုရှား၏မျက်နှာကို ဖြတ်ရိုက် ခြင်းဖြစ်သည်ဟုလည်း ၎င်းင်းက ပြောကြားခဲ့ သည်။

ယူကရိန်းသည် ပက်ထရီးယော့ ဒုံးကျည်  များထဲမှ ပထမဆုံးအသုတ်ကို ဧကြီလကုန် ပိုင်းက လက်ခံရရှိခဲ့သည်။

ယူကရိန်းထံတွင် ယင်းဒုံးကျည်ကာကွယ် ရေးစနစ် မည်မျှရှိသည်ဆိုခြင်းနှင့် မည်သည့် နေရာများတွင် ဖြန့်ကြက်ချထားသည်ဆိုခြင်း ကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော် လည်း ယင်းဒုံးကျည်ကာကွယ်ရေးစနစ်များ ကို အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန်နိုင်ငံ တို့က ထောက်ပံ့ပေးခဲ့သည့်အချက်ကို ထုတ် ဖော်ပြောကြားခဲ့သည်။

                                                             Ref: AP

Most Read

Most Recent