ထိုင်းနိုင်ငံသို့ မြန်မာဒုက္ခသည် ၃၀၀၀ ဝန်းကျင် တိုက်ပွဲရှောင်လာပြီး နယ်စပ်အခြေအနေလေ့လာရန် ထိုင်းဝန်ကြီးချုပ်က မဲဆောက်သို့ လာရောက်မည်ဟု ထိုင်းအာဏာပိုင်များ ပြောကြား

ထိုင်းနိုင်ငံသို့ မြန်မာဒုက္ခသည် ၃၀၀၀ ဝန်းကျင် တိုက်ပွဲရှောင်လာပြီး နယ်စပ်အခြေအနေလေ့လာရန် ထိုင်းဝန်ကြီးချုပ်က မဲဆောက်သို့ လာရောက်မည်ဟု ထိုင်းအာဏာပိုင်များ ပြောကြား
Photo:Bangkok Post,Nation,AFP
Photo:Bangkok Post,Nation,AFP
Published 21 April 2024

ထိုင်းနိုင်ငံသို့ မြန်မာဒုက္ခသည် ၃၀၀၀ ဝန်းကျင် တိုက်ပွဲရှောင်လာပြီး နယ်စပ်အခြေအနေလေ့လာရန်  ထိုင်းဝန်ကြီးချုပ်က မဲဆောက်သို့ လာရောက်မည်ဟု ထိုင်းအာဏာပိုင်များက ပြောကြားသည်။

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းအဖွဲ့များဖြစ်ပွားနေသော တိုက်ပွဲများ ပြင်းထန်နေချိန်တွင် မြန်မာနိုင်ငံသား ၃၀၀၀ ခန့်သည် တိုက်ပွဲရှောင်ရန် မြဝတီမှ ထိုင်းနိုင်ငံ တက်ခ်ပြည်နယ် မဲဆောက်ခရိုင်သို့ ထွက်ပြေးလာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် ထိုင်းဝန်ကြီးချုပ်ကလည်း နယ်စပ်အခြေအနေကို သိရှိရန် မဲဆောက်ကို လာမည်ဟု သိရသည်။

မဲဆောက်ကို ရောက်လာသော မြန်မာဒုက္ခသည် အရေအတွက်သည် ၃,၀၀၀ ဝန်းကျင် အထိရှိလာသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာက ဧပြီ ၂၁ ရက်တွင်ပြောကြားပြီး ၎င်းတို့သည် ပြည်ထဲရေးဝန်ကြီဌာန၏ ကြီးကြပ်မှုဖြင့် နေထိုင်နေကြသည်ဟု ဆိုသည်။

ယခင်က မဲဆောက်သည် မြန်မာဒုက္ခသည်တစ်သိန်းခန့်ကို လက်ခံခဲ့သည်ဟု ၎င်းက ပြောကြားသည်။ အခြေအနေသည် ပုံမှန်အနေအထားသို့ပြန်ရောက်သွားပြီးနောက် ၎င်းတို့သည် မြန်မာနိုင်ငံကို ပြန်သွားကြသည်ဟု ဆိုသည်။

မြန်မာဒုက္ခသည်များ၏ ၄၀ ရာခိုင်နှုန်းခန့်သည် အမျိုးသမီးများ၊ အသက်ကြီးပိုင်းများ၊ ကလေးများဖြစ်သည်ဟု လုံခြုံရေးသတင်းအရင်းအမြစ်များက ပြောကြားသည်။ ဒုက္ခသည် အများစုသည် အပူဒဏ်ကြောင့် မောပန်းနေသည်ဟုဆိုသည်။

လုံခြုံရေးအာဏာပိုင်များက ဒုက္ခသည်များအတွက် မဲဆောက်တွင် ယာယီခိုလှုံရေးစခန်း ခြောက်ခုဖွင့် ပေးထားပြီး ဒဏ်ရာရလာသူများကို မဲဆောက်ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု သိရသည်။

နယ်စပ်ကုန်သွယ်ရေးအပါအဝင် အဖြစ်အပျက်များကို စောင့်ကြည်ရန် မဲဆောက်ကို သွားမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရတ်သာထားဝီဆင်းက ဧပြီ ၁၆ ရက် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် Facebook ၌ ရေးသားခဲ့ပြီး ဒေသခံပြည်သူများနှင့် လုံခြုံရေးတာဝန်ရှိသူများကို စိတ်ဓာတ်ရေးရာ အားပေးမည်ဟု ဖော်ပြခဲ့သည်။

အဆိုပါတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံအား ထိခိုက်သည် မလိုလားကြောင်းနှင့် မြဝတီ၌ လုပ်ကိုင်နေသော လူလိမ်များ မဲဆောက်ကို ထွက်ပြေးလာနိုင်သဖြင့် တာဝန်ရှိသူများက ၎င်းတို့ကို စောင့်ကြည့်ရမည်ဟု ထိုင်းဝန်ကြီးချုပ်က ရေးသားခဲ့သည်။

Ref:Bangkok Post

 

Most Read

Most Recent