အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေး၌ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပူးတွဲဥက္ကဋ္ဌအဖြစ် ပါဝင်တက်ရောက်

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေး၌ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပူးတွဲဥက္ကဋ္ဌအဖြစ် ပါဝင်တက်ရောက်
Published 20 March 2023

(၂၄)ကြိမ်မြောက် အာဆီယံ-တရုတ် ပူးတွဲပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးကို မတ် ၁၇ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံ-တရုတ်ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူးတာဝန်ယူထားသော အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် H.E.Mrs.Hou Yanqi နှင့်အတူ ပူးတွဲ၍အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Michael Tene တို့တက်ရောက်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တီမောလက်စ်တေသံရုံးမှ တာဝန်ရှိသူက လေ့လာသူအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ဖြစ်ပေါ်တိုးတက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး၊ သက်ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များမှ ယခုနှစ်အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း ဆောင်ရွက်မည့်ဦးစားပေးအစီအစဉ်များ၊ Initiative for ASEAN Integration (IAI) Work Plan အောက်တွင် ဖြစ်ပေါ်တိုးတက်မှုများနှင့် တရုတ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ ASEAN Smart Cities နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံ-တရုတ်လုပ်ငန်းအစီအစဉ် (၂၀၂၁-၂၀၂၅)နှင့် ၎င်း၏နောက်ဆက်တွဲ အစီအစဉ်တို့နှင့်ပတ်သက်၍ အကောင်အထည်ဖော်လျက်ရှိသည့် ဖြစ်ပေါ်တိုးတက်မှုများ၊ (၂၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးနှင့် အထူးထိပ်သီးအစည်းအဝေးတို့၏ ရလဒ်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် အာဆီယံ-တရုတ် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေး ပူးပေါင်းဆောင်ရွက်ရေးနှစ်တွင် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent