မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်သိန်း ခန့်အပ်ခံရ

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်သိန်း ခန့်အပ်ခံရ
Published 2 February 2023
ဘိုဘိုမြင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဖေဖော်ဝါရီလ ၁ ရက် ပြုလုပ်ခဲ့သည့် ကာလုံ အစည်းအဝေးတွင် ပြင်ဆင်ဖွဲ့စည်းလိုက်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့များမှ မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် မွန် ပြည်နယ် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်သိန်းအား ခန့်အပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၄၁၉ အရ ဦးအောင်ကြည်သိန်းအား မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ် ကြောင်း နစက ၏ အမိန့်အမှတ် (၁၀/၂၀၂၃) အရ သိရသည်။

ဦးအောင်ကြည်သိန်း မှာ ယခင်မွန်ပြည်နယ် အစိုးရအဖွဲ့တွင် သယံဇာတရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် (၂၀၁၇) ခုနှစ်အတွင်း ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲတွင် ဦးအောင်ကြည်သိန်းမှာ ချောင်းဆုံမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသော်လည်း (၂၀၂၀) ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင်မူ ချောင်းဆုံမြို့ယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေအမှတ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ထားသူဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent