၂၀၂၃ ခုနှစ်တွင်ရုံတင်မည့် The Point Men  ဇာတ်ကားတွင် ဟွန်ဘင်းကို ယခင်မြင်ဖူးနေကျပုံစံမဟုတ်ဘဲ ခက်ထန်သည့်ပုံမျိုးဖြင့် မြင်ရမည်

၂၀၂၃ ခုနှစ်တွင်ရုံတင်မည့် The Point Men  ဇာတ်ကားတွင် ဟွန်ဘင်းကို ယခင်မြင်ဖူးနေကျပုံစံမဟုတ်ဘဲ ခက်ထန်သည့်ပုံမျိုးဖြင့် မြင်ရမည်
Photo:Allkpop
Photo:Allkpop
Published 15 December 2022

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီတွင် ရုံတင်ပြသတော့မည့် The Point Men  ရုပ်ရှင်ဇာတ်ကားကြီးမှ မင်းသားဟွန်ဘင်း၏ ဇာတ်ရုပ်နှင့်လိုက် ဖက်သည့်အပြင်အဆင်ဟန်ပန်များသည် ပရိသတ်များကို ရင်ခုန်စိတ်လှုပ်ရှားစေမည်မှာ အသေအချာပင်ဖြစ်သည်။

ထိုဇာတ်ကားတွင် ဟွန်ဘင်းက ယခင်ဇာတ်ရုပ်များတွင် မြင်ခဲ့ရသည့်ပုံစံမျိုးနှင့် လုံးဝကွဲထွက်စွာ ထူးခြားနေသည်ကိုမြင်ရမည် ဖြစ်ပြီး ၎င်းပါဝင်ရသည့်ဇာတ်ရုပ်နှင့်လိုက်အောင် ခပ်ကြမ်းကြမ်းပုံစံမျိုး ပြောင်းယူထားသည်။

ဟွန်ဘင်းပါဝင်ကာ စက်တင်ဘာကရုံတင်ထားသည့် Confidential Assignment 2:International ဇာတ်ကားမှာလည်းအောင် မြင်ထားပြီးရုံတင်သည့် ပထမသီတင်းပတ်မှာပင် လာရောက်အားပေးသူ နှစ်သန်းကျော်ရှိခဲ့သည်။

The Point Men  ဇာတ်ကားကို အခြားနာမည်တစ်ခုဖြင့် Negotiation ဟုလည်းခေါ်ပြီး ဇာတ်လမ်းက တာလီဘန်အဖွဲ့ပြန်ပေးဆွဲ ထားသည့် ကိုရီးယားဓားစာခံများကို ကယ်ထုတ်ရန် အာဖဂန်နစ္စတန်သို့ရောက်သွားသည့် NIS အေးဂျင့်တစ်ဦးနှင့် သံတမန်တစ် ဦးအကြား ညှိနှိုင်းရေးဗျူဟာအကြောင်း ဖြစ်သည်။

ဇာတ်လမ်းအရ ဟွန်ဘင်းက အရှေ့အလယ်ပိုင်းနှင့် အာရှအလယ်ပိုင်းရေးရာကို ကျွမ်းကျင်သည့် NIS အေးဂျင့် Park Dae Sik နေရာမှဖြစ်သည်။

၎င်းသည် ကိုရီးယားမှထွက်လာသည်မှာ ကြာပြီဖြစ်ပြီး အီရတ်စစ်ပွဲတစ်ခုအတွင်း ဓားစာခံများကို မကယ်တင်နိုင်ခဲ့သည့် အတိတ် ဆိုးစိတ်ဒဏ်ရာနှင့် နေထိုင်နေသူဖြစ်သည်။ အထက်လူကြီးများ၏ အသုံးချမှုကိုခံနေရသည်ဆိုသည့် ခံစားချက်ဖြင့် အလုပ်မှထွက်ခါနီး အာဖဂန်တွင် တောင်ကိုရီးယားနိုင်ငံသားများ ဓားစာခံအဖြစ်အဖမ်းခံထားရသည်ကို သိသွားပြီး အလုပ်အပေါ်စိတ်ပျက်နေမှုကိုဘေးချိတ်၊ အာဖဂန်ကိုသွားရောက်ကာ ဓားစာခံများလွတ်မြောက်ရေးကို ကြိုးပမ်းခဲ့သည်။

The Point Men သည် ဟွန်ဘင်းဖခင် ဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးပိတ်ကား ထက်ပေါ်ရောက်သည့် ဇာတ်ကားလည်းဖြစ်သည်။ ဇာတ်ကားကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်တွင် ကိုရီးယားရုပ်ရှင်ရုံများ၌ စတင်ပြသမည်။

Most Read

Most Recent