အရန်အဖြစ် ကစားရသော်လည်း အယ်လ်ဗာရက်ဇ် စိတ်မပျက်

အရန်အဖြစ် ကစားရသော်လည်း အယ်လ်ဗာရက်ဇ် စိတ်မပျက်
Photo: UEFA
Photo: UEFA
Published 3 November 2022

မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်က ဟော်လန်း၏ အရန်အဖြစ်သာ ကစားနေရခြင်းကို စိတ်မပျက်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နွေတွင် ရေးဗားပလိတ်အသင်းမှ မန်စီးတီးအသင်းထံသို့ ရောက်ရှိလာသည့် အာဂျင်တီးနားတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်(၂၂ နှစ်)သည် မန်စီးတီးအသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး ဟော်လန်း၏ အရန်အဖြစ်သာ ကစားခွင့်ရနေသည်။

သို့သော် အယ်လ်ဗာရက်ဇ်က '' ဘောလုံးသမားတွေ ကြုံတွေ့ရလေ့ရှိတဲ့ အရာဖြစ်ပြီး ဒါကို လက်ခံရမှာပါ။ ရေးဗားပလိတ်မှာရော၊ အာဂျင်တီးနားအသင်းမှာပါ ပုံမှန်မကစားရတာတွေရှိပါတယ်။ ကျွန်တော့်ကတော့ အကောင်းဆုံးလေ့ကျင့်ပြီး အသင်းကိုကူညီဖို့ အသင့်ရှိနေမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent