လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း သို့မဟုတ် လျှို့ဝှက်အာဏာပိုင်နိုင်ငံတော် (Deep State)

 လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း သို့မဟုတ် လျှို့ဝှက်အာဏာပိုင်နိုင်ငံတော် (Deep State)
Published 9 October 2022
ရဲကျော်စွာ

''Deep State ဆိုသည်မှာ''

     လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်းခေါ် လျှို့ဝှက်အာဏာပိုင်နိုင်ငံတော် (Deep State) ဆိုသည်မှာ “ရုံးဘက်ဆိုင်ရာ တရားဝင် အာဏာပိုင် နိုင်ငံတော် “ (Official State) ၊ “ရုံးဘက်ဆိုင်ရာ တရားဝင် နိုင်ငံတော်အာဏာများ“ (Official State Powers) ၊ “ရုံးဘက်ဆိုင်ရာ တရားဝင် နိုင်ငံတော် စက်ယန္တရားများ“ (Official State Mechanisms) ၏ အထက်တွင် သီးခြားလွတ်လပ်စွာတည်ရှိနေသော၊ လျှို့ဝှက်လမ်းညွှန်မှု၊ လျှို့ဝှက်ပဲ့ကိုင်ထိန်းကျောင်းမှု၊ လျှို့ဝှက် အုပ်စိုးမှု၊ 

လျှို့ဝှက် ဩဇာလွှမ်းမိုးမှု၊ လျှို့ဝှက်ခေါင်းဆောင်မှု၊ လျှို့ဝှက်ထိန်းညှိမှုနှင့် လျှို့ဝှက်အုပ်ချုပ်မှုများကို ပြုလုပ်နေသော၊ သီးခြား လွတ်လပ်နေသော၊ အမှီအခိုကင်းမဲ့သော၊ လျှို့ဝှက်စက်ယန္တရားများ၊ လျှို့ဝှက်အင်စတီကျူးရှင်းများနှင့် လျှို့ဝှက်အစုအဖွဲ့များ၏ ထပ်ဆင့်ပေါင်းစပ်ပါဝင်နေသော၊ သီးခြားလွတ်လပ်နေသော နိုင်ငံတော်အဆင့် ဗဟိုကွန်ရက်တစ်ခု သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ အထွေထွေရပ်ဝန်းတစ်ခုဖြစ်သည်။

''Deep State ၏ အခြေခံပုံမှန်လုပ်ငန်းများ''

 “အာဏာပိုင်နိုင်ငံတော်“ (State) တစ်ခုအတွင်း အာဏာရပါတီများ၊ အာဏာရလူတန်းစားများ၊ အစိုးရအဖွဲ့များနှင့် အစိုးရခေါင်းဆောင်များက ခေတ်အလိုက် တစ်ခုပြီးတစ်ခု ပြောင်းလဲသွားသော်လည်း နိုင်ငံတော်တစ်ခု၏ ကာလရှည်မဟာဗျူဟာအကျိုးစီးပွားများအတွက် လျှို့ဝှက်စွာသတ်မှတ်ထားသော၊ အများပြည်သူကို အသိပေးထုတ်ပြန်ခြင်း ပြုလုပ်မထားသော၊ နိုင်ငံတော်၏ လျှို့ဝှက်လုပ်ငန်းစဉ်များနှင့် လျှို့ဝှက်ရည်မှန်းချက်များအတွက် အစိုးရများ၊ အာဏာရပါတီများနှင့် အာဏာရလူတန်းစားများကို လမ်းညွှန်ပဲ့ကိုင်ထိန်းကျောင်းခြင်းနှင့် ထိန်းညှိပေးခြင်းလုပ်ငန်းများကို Deep State က ဆောင်ရွက်သည်။

''Deep State ၏ အထူးလုပ်ငန်းများ''

အခြားသောနိုင်ငံများနှင့် မလွှဲမရှောင်သာ ထိပ်တိုက်တွေ့ရခြင်း၊ ယှဉ်ပြိုင်ရခြင်း၊ စစ်မက်ပြုရခြင်းများဖြစ်ပေါ်လျှင် Deep State သည် နိုင်ငံတော်၏ စုစည်း ညီညွတ်မှုကို တည်ဆောက်မြှင့်တင်ခြင်း သို့မဟုတ် နိုင်ငံတော်၏ အတွင်းပဋိပက္ခများကို ယာယီအရှိန်မြှင့်တင်ပေးခြင်း နှစ်မျိုးအနက် တစ်မျိုးမျိုးကို ယာယီရွေးချယ် အသုံးပြုနေစဉ်အတွင်း တစ်ပြိုင်တည်းမှာပင် တစ်ဖက်ပြိုင်ဘက်နိုင်ငံများအပေါ် မိမိနိုင်ငံက အသာစီးရစေရန်နှင့် အနိုင်ရစေရန် ဆောင်ရွက်ကြရသည်။

''Deep State ကို ပြန်လည်ထိုးနှက်ဝေဖန်သူများ''

 တစ်ခါတစ်ရံတွင် ထိပ်တန်း အနောက်နိုင်ငံခေါင်းဆောင်အချို့က သူတို့နိုင်ငံ၏ ပြည်တွင်းရေးနယ်ပယ်ခေါင်းစဉ်များဖြင့် ပြည်တွင်း Deep State အပေါ် ပြင်းထန်သော ဝေဖန်ထိုးနှက်မှုများကို ပြုလုပ်တတ်သည်။

   နမူနာအားဖြင့် အမေရိကန်ပြည်ထောင်စု ရီပတ်ဘလစ်ကန်ပါတီမှ လက်ယာရှေးရိုးစွဲ အမျိုးသားရေးဝါဒီ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်နှင့် ဗြိတိန်နိုင်ငံ အလုပ်သမားပါတီမှ လက်ဝဲသစ်ဝါဒီ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲရ်တို့ ဖြစ်သည်။ 

     ထိုကဲ့သို့ သူတို့နိုင်ငံအတွင်းမှ ပြည်တွင်း Deep State ကို ပြင်းထန်စွာဝေဖန်ထိုးနှက်သော “နိုင်ငံရေး သရုပ်ပြစွန့်စားခန်းများ“ (Political Stunts) ကို အသုံးပြု၍ ယင်းခေါင်းဆောင်များသည် အခြားသောပြိုင်ဘက်နိုင်ငံများမှ သူတို့နိုင်ငံအပေါ် မယုံကြည်မှုများကို လျှော့ချနိုင်ရန်နှင့် သံတမန်ဆက်ဆံရေးတိုးတက်စေရန် နည်းပရိယာယ်အရ ပြုလုပ်ကြသည်။

    သို့သော်လည်း ယင်းကဲ့သို့ ပြည်တွင်း Deep State ကို ပြန်လည်၍ ပြင်းထန်စွာထိုးနှက်ဝေဖန်နေသူများကိုယ်တိုင်က အာဏာရခေါင်းဆောင်ဖြစ်စေ၊ အတိုက်အခံခေါင်းဆောင်ဖြစ်စေ၊ ယင်းသက်ဆိုင်ရာနိုင်ငံမှ Deep State နှင့် အမှန်တကယ် ကင်းလွတ်နေသူဖြစ်ကြောင်း၊ အမှန်တကယ် မသက်ဆိုင်သူ ဖြစ်ကြောင်း ခိုင်လုံသော ‌သက်သေအထောက်အထားမျိုးမရှိပါ။

     ဒေါ်နယ်ထရမ့်ပ်နှင့် တိုနီဘလဲရ် နှစ်ယောက်စလုံးသည်ပင်လျှင် သူတို့နိုင်ငံများမှ Deep State အစစ်များကို တမင်ဖုံးကွယ်ပေးသွားခဲ့ပြီး နိုင်ငံ၏ ဗဟိုအစိုးရဌာနများမှ အစိုးရဝန်ထမ်းစက်ယန္တရားများကို Deep State များအဖြစ် အခြားသူများ ထင်မြင်ယူဆသွားစေရန်၊ လမ်းကြောင်းရှာလွဲစေရန် တမင်လမ်းလွှဲ ပေးသွားခဲ့ကြသည်။

''နိုင်ငံတိုင်းတွင် အမြဲတမ်း မတည်ရှိ''

       လျှို့ဝှက်အာဏာပိုင် နိုင်ငံတော် (ခေါ်) လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (Deep State) သည် အချို့သောနိုင်ငံများတွင် အမှန်တကယ်တည်ရှိနေသော်လည်း နိုင်ငံတိုင်းတွင် Deep State တစ်ခု အမြဲတမ်းတည်ရှိနေခြင်းမျိုးမရှိပါ ။

''Deep State မရှိကြသော နိုင်ငံများ''

၁၉၉၁ မတိုင်ခင်က ယခင် ဆိုဗီယက်ပြည်ထောင်စုဟောင်းနှင့် ပထမမျိုးဆက် အရှေ့အုပ်စုဝင် ဖြစ်ခဲ့သော ကွန်မြူနစ် နိုင်ငံဟောင်းများ၊ ယခုခေတ် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လော၊ မြောက်ကိုရီးယား၊ ကျူးဘား၊ တရုတ်ကဲ့သို့ ရိုးရှင်း‌တိကျသော အာဏာစနစ်ဖွဲ့စည်းမှု တည်ရှိနေသော ကွန်မြူနစ် နိုင်ငံများ၊ အလားတူ ရိုးရှင်းတိကျသော အာဏာစနစ်များ ဖွဲ့စည်းထားသော တစ်ပါတီ အာဏာပိုင်နိုင်ငံများ၊ နီပေါလ်၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဆီးရီးယား၊ အီရန် ကဲ့သို့ တိကျပွင့်လင်းသော အာဏာပိုင်များက တိုက်ရိုက်အုပ်ချုပ်သောနိုင်ငံများ၊ ဆာဟာရ သဲကန္တာရအောက်ပိုင်း အာဖရိက ဒေသ (Sub-Saharan Africa) မှ နိုင်ငံများ၊  မြို့ပြယဉ်ကျေးမှုသမိုင်းစဉ် (Historical Process of Civilization) ခရီး နောက်ကျနေသောနိုင်ငံများနှင့် လူဦးရေ နည်းပါးလွန်းသော အသေးစား နိုင်ငံငယ်များ တွင် လျှို့ဝှက် အစိုးရ (ခေါ်) လျှို့ဝှက်အုပ်စိုးမှုရပ်ဝန်း (ခေါ်) လျှို့ဝှက်သော အာဏာပိုင်နိုင်ငံတော် (Deep State) များ ယခုခေတ်ကာလ အချိန်အထိ 

မရှိကြ‌သေးပါ။

''Deep State မဟုတ်သော အဖွဲ့အစည်းများ''

    လူပေါင်းများစွာသည် Deep State များကို ရှာဖွေရာတွင် ပုဂ္ဂိုလ်ရေး စုဖွဲ့မှုများ၊ အာဏာနိုင်ငံရေးဂိုဏ်းဂဏများ၊ ထိပ်တန်း စီးပွားရေးသမားများ၊ အစိုးရဝန်ထမ်း စက်ယန္တရားများမှ အထက်တန်း အရာရှိလူတန်းစားများ၊ တပ်မတော်များ၊ လျှို့ဝှက်ဝန်ထမ်းအေဂျင်စီများ၊ အနီးကပ်အကြံပေးအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များကို လျှို့ဝှက်အုပ်စိုးမှု ရပ်ဝန်း (Deep State) အဖြစ် အယူအဆမှား၊ အထင်မှားတတ်ကြသည်။

     အထင်မှားခံရ‌သော အဖွဲ့များကလည်း  “ ငါတို့ကို အထင်မှား ခံရလေ - ငါတို့ အတွက် ပိုကောင်းလေ “  ဆိုသည့် သဘောထားများဖြင့် တမင်ဆက်ပြီး ပုံမှားရိုက်ကာ စီးပွားရှာခြင်း၊ တက်လမ်းရှာခြင်း၊ အာဏာ၊ လုပ်ပိုင်ခွင့်နှင့် ဩဇာလွှမ်းမိုးမှုများကို ချဲ့ထွင်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းမျိုးစုံကို ဆက်လက် ပြုလုပ်တ

တ်ကြသည်။

 ထိုကဲ့သို့ အထင်မှားခံရမှုများထံမှ အခွင့်ကောင်းပြန်ယူကာ Deep State အဖွဲ့ဝင်အစစ်မဟုတ်သူများက သူတို့၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားများအတွက် ပြန်အမြတ်ထုတ်တတ်ကြသည်။

လျှို့ဝှက် အုပ်စိုးမှုရပ်ဝန်း (Deep State) ဆိုသည်မှာ 

(၁) ပုဂ္ဂိုလ်ရေး စုဖွဲ့မှုများ (Personal Cult Organized Structures)  မဟုတ်ပါ။

(၂) အာဏာ နိုင်ငံရေး ဂိုဏ်းဂဏများ (Factions in the Power Politics) မဟုတ်ပါ။

(၃) ထောက်လှမ်းရေး အေဂျင်စီများ (Intelligence Agencies)၊ စုံစမ်းစစ်ဆေးရေး အေဂျင်စီများ (Investigation Agencies)၊ လုံခြုံရေး အေဂျင်စီများ 

(Security Agencies)၊ လျှို့ဝှက်ဝန်ထမ်းအေဂျင်စီများ (Secret Service Agencies) မဟုတ်ပါ။ 

(၄) သုတေသန အေဂျင်စီများ (Research Agencies)၊ မူဝါဒနှင့် မဟာဗျူဟာဌာနများ (Policy and Strategy Institutions) မဟုတ်ပါ။

(၅) စစ်ဌာနချုပ်များ (Military Headquarters)၊ အရာရှိလူတန်းစား (Officers Class)၊ အစိုးရဝန်ထမ်းများလူတန်းစား (Governmental Employees Class) 

မဟုတ်ပါ။

(၆) ပညာတတ်လူတန်းစား (Intelligentsia)၊ ကျောင်းတော်ပညာရှင်များ (Scholars)၊ ပညာရှင်များ (Academicians) မဟုတ်ပါ။

(၇) ကော်ပရိတ်များ (Corporates)၊ ထိပ်တန်းအရင်းရှင်များ (Top Capitalists)၊ ထိပ်တန်းမြေရှင်များ (Top Landlords)၊ ထိပ်တန်းအီလစ်များ (Top Elites) 

မဟုတ်ပါ။

(၈) ထိပ်တန်းအမှုဆောင်အရာရှိများ (Top Executive Officers)၊ အနီးကပ်အကြံပေးအဖွဲ့များ (Close Advisory Teams) နှင့် ထိပ်တန်း ဘာသာရေး 

ခေါင်းဆောင်များ (Top Religious Leaders) မဟုတ်ပါ။

 Deep State ဆိုသည်မှာ အထက်ပါအရာများအားလုံး၏အထက်တွင် သီးခြားလွတ်လပ်စွာတည်ရှိနေပြီး ထိုအရာများအနက် အင်အားအကြီးမားဆုံးသူများ 

သို့မဟုတ် ထိုအရာများအားလုံးနီးပါးကို ပြန်လည်အုပ်စိုးမှု သို့မဟုတ် ပြန်လည်လွှမ်းမိုးမှု သို့မဟုတ် ပြန်လည်ထိန်းချုပ်မှု သို့မဟုတ် သာလွန်ကွပ်ကဲမှု သို့မဟုတ် 

သာလွန်ခေါင်းဆောင်မှု သို့မဟုတ် သာလွန်အုပ်ချုပ်မှု တစ်မျိုးထက်မကကို ပြန်လည်ပြုလုပ်နိုင်စွမ်းရှိသည်။

''Deep State ၏ ဝိသေသအချင်းအရာများ''  

Deep State များ၏ ဝိသေသအချင်းအရာများမှာ 

(၁) စနစ်တကျ ယန္တရားပြု ဖွဲ့စည်းမှု (Institutionalized) လုပ်ထားကြသော အင်စတီကျူးရှင်းများခေါ် စနစ်ဖွဲ့ယန္တရားပြုအဖွဲ့အစည်းများ (Institutions) အနက် 

လျှို့ဝှက်စွာတည်ရှိပြီး ဩဇာလွှမ်းမိုးမှုနှင့် အာဏာ နှစ်မျိုးစလုံးတွင် အင်အားကြီးမားသော “လျှို့ဝှက် အာဏာ အင်စတီကျူးရှင်းများ “ (Secret Power Institutions)

၏ “ နိုင်ငံတော်အဆင့် ဗဟိုလျှို့ဝှက်ကွန်ရက် “ (National Level Covert Network) ဖြစ်သည်။

(၂) အနည်းဆုံးအနေဖြင့် ဆယ်စုနှစ်အနည်းငယ်မှသည် အများဆုံးအနေဖြင့် မျိုးဆက်များစွာ၊ ခေတ်များစွာအထိ ကာလရှည်လက်ဆင့်ကမ်းလာခဲ့သော လျှို့ဝှက် 

အာဏာ အင်စတီကျူးရှင်းအဖွဲ့အစည်းများ၏ ထပ်ဆင့်ပေါင်းစပ်လျှို့ဝှက်ရပ်ဝန်းတစ်ခု (A Hidden Complex Sphere of Covert Power Institutions) ဖြစ်သည်။

(၃) အုပ်စိုးမှု (Rule) ကို အဓိက ပြုလုပ်ပြီး အာဏာပိုင် နိုင်ငံတော် (State)၊ အချုပ်အခြာပိုင်စိုးမှု (Sovereignty)၊ နိုင်ငံတော်အာဏာများ (State Powers) နှင့် 

နိုင်ငံရေးအာဏာများ (Political Powers) ၏ အထက်တွင် သီးခြားလွတ်လပ်စွာတည်ရှိသည်။

(၄) သို့သော်လည်း Deep State တိုင်းသည် ဩဇာလွှမ်းမိုးမှုများ (Influence)၊ အာဏာများ (Powers)၊ လုပ်ပိုင်ခွင့်များ (Authorities) နှင့် အရင်းအမြစ်များ 

(Resources) ကိုလည်း အတိုင်းအတာတစ်ခုအထိ၊ အစိတ်အပိုင်းတစ်ခုအထိ လက်တွေ့အနီးကပ်ထားရှိခြင်း၊ လက်တွေ့အနီးကပ် ပိုင်ဆိုင်၊ ထိန်းချုပ်ခြင်း၊ အနီး

ကပ် ခေါင်းဆောင်မှုပေးခြင်း သို့မဟုတ် လမ်းညွှန်ပဲ့ကိုင်ပေးခြင်းများကို ပြုလုပ်တတ်ကြသည်။

''Deep State မရှိသော နိုင်ငံများတွင် ဖြစ်လာနိုင်သောပြဿနာများ''

    Deep State မရှိသော အာဏာပိုင် နိုင်ငံတော်များ (State)၊ တိုင်းပြည်များ (Nations)၊ လူ့အဖွဲ့အစည်းများ (Societies) နှင့် မြို့ပြယဉ်ကျေးမှုများ (Civilizations) တွင် မတူညီသော သမိုင်းခေတ်များ၊ နိုင်ငံရေးစနစ်များ၊ စီးပွားရေးစနစ်များ၊ လူမှုစနစ်များနှင့် ရုပ်ဝတ္ထုစနစ်များကို ခေတ်ကူးပြောင်း ဖြတ်သန်းရချိန်များတွင် 

(၁) နိုင်ငံတော် ရှင်သန်ကျန်ရစ်ရေး (National Survival)၊

(၂) နိုင်ငံတော် အင်အားများ ဖွံ့ဖြိုးမှုနှုန်းထားပြုပြင်ထိန်းသိမ်းရေး (Maintenance of the Rate of Development of National Strengths)၊

(၃) ပြုပြင်ပြောင်းလဲရေးများ (Reformations)၊ ဆင့်ကဲပြောင်းလဲရေးများ (Evolutions) နှင့် ငြိမ်းချမ်းသော အဂ္ဂမဟာဗျူဟာ အဆင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းမှုများ (Peaceful Grand Strategic Restructurings) ကို ဆောင်ရွက်နိုင်စွမ်းနှင့် အကောင်အထည်ဖော်နိုင်စွမ်းများတွင် မအောင်မြင်မှုများ၊ လွဲချော်မှုများ၊ အစည်းပြေခြင်းများနှင့် အခြားသော အားနည်းချက်များစွာဖြစ်ပေါ်နေတတ်သည်။

''Deep States များ အချင်းချင်း သံတမန် ဆက်ဆံရေးများ''

      မတူညီသော နိုင်ငံများထံမှ Deep State များ အချင်းချင်း၏ နိုင်ငံတကာ ဆက်ဆံရေး နဲ့ သံတမန်မှု အဖြစ် 

(၁) လျှို့ဝှက် အာဏာပိုင်နိုင်ငံတော်များအချင်းချင်း၏ လျှို့ဝှက်ဆက်ဆံရေးများ (Hidden International Relations of Deep State to Deep State) နှင့်

(၂) လျှို့ဝှက် အာဏာပိုင်နိုင်ငံတော်များ အချင်းချင်း၏ လျှို့ဝှက်သံတမန်ဆက်ဆံရေးများ (Inter-Deep State Covert Diplomacy) 

     နယ်ပယ်များက သီးသန့်တည်ရှိကြသည်။

''Deep States များ၏ တည်ရှိမှုကိုငြင်းဆန်သူများ''

       နိုင်ငံတိုင်းတွင် အမြဲတမ်း မတည်ရှိသော်လည်း ၊ Deep State များ၏ နိုင်ငံ အချို့တွင် လက်တွေ့ တည်ရှိ နေမှုကို -

၁ ။ လုံးဝ မယုံကြည်သူများ၏ အများစုသည် လိမ်လည်ခံနေရသော ၊ အယုံသွင်း ခံနေရသော ညဏ်ရည်နိမ့်သူများ ဖြစ်ကြ၍ ၊

၂ ။ လုံးဝ မယုံကြည်သူများ၏ အနည်းစု ကမူ သတင်းအချက်အလက် ချို့တဲ့သူများ ၊ ခေတ် နှင့် အဆက်ပြတ်နေသူများ ဖြစ်ကြသည် ။

Deep State တည်ရှိမှုကို ဟန်ဆောင် ငြင်းဆန်သူများ

       Deep States များ၏ လက်တွေ့တည်ရှိမှု ကို လုံးဝမယုံကြည်သူအဖြစ် ဟန်ဆောင်သူများဆိုသည်မှာ 

(၁) လျှို့ဝှက် ဝန်ထမ်းအေဂျင်စီများမှ ဖုံးကွယ်ထားသော လျှို့ဝှက်အေးဂျင့်များ (Covered Agents) သို့မဟုတ်

(၂) ကြောင်သူတော်များ (Hypocrites) သို့မဟုတ်

(၃) Deep State က ငြိုငြင်လာမည်ကို ကြောက်တတ်သူများ၊ အကြောက်တရား ကြီးမားသူများ သို့မဟုတ်(၄) မိမိကိုယ်ကိုယ် မိမိ Deep State နှင့် ဆက်နွှယ်နေသူ၊ Deep State ၏ တိုက်ရိုက်လက်အောက်ခံ ဖြစ်သူအဖြစ် အခြားသူများ၏ ယူဆမှုရရှိစေရန်၊ အထင်ကြီး

ခံရစေရန် လှည့်ဖြားလိုသူများအနက် တစ်မျိုးမဟုတ်တစ်မျိုး ဖြစ်‌နေတတ်ကြသည်။

''Deep State အစစ်ကို ဖုံးကွယ်ပေးခြင်း''

အာဏာရအစိုးရခေါင်းဆောင်များနှင့် အဓိက အတိုက်အခံခေါင်းဆောင်များကဲ့သို့ပင် အနောက်နိုင်ငံအချို့မှ ပညာရှင်အချို့ကလည်း မိမိနိုင်ငံ၏ Deep State အစစ်ကို အခြားသူများ ရှာဖွေတွေ့ရှိခြင်း မပြုနိုင်စေရန် ဝိုင်းဝန်းဖုံးကွယ်ပေးတတ်ကြသည်။

 ယင်းပညာရှင်များက Deep State ကို “နိုင်ငံတော် တစ်ခု၏ အတွင်းမှ နိုင်ငံတော် “ (State Within A State) အဖြစ် လမ်းကြောင်းလွဲစေရန် ပုံဖော်ပေးကြသည် ။

အမှန်စင်စစ်တွင် Deep State ဆိုသည်မှာ “ရုံးဘက်ဆိုင်ရာ တရားဝင် နိုင်ငံတော်“ (Official State) ၏ အထက်တွင် လျှို့ဝှက်စွာ တည်ရှိသော လျှို့ဝှက် အာဏာရပ်ဝန်း ဖြစ်သည်။

''ဆောင်ရွက်သူနှင့် ထိန်းညှိသူ (Actor and Venue)''

    Deep State သည် 

(၁) မိမိကိုယ်တိုင် ဆောင်ရွက်သူ (State-as-Actor) နှင့်

(၂) အခြားသူများ၏ ဆောင်ရွက်ချက်များနှင့် အပြန်အလှန် ဆောင်ရွက်ချက်များကို ထိန်းညှိသူ (State-as-Venue) 

     အဖြစ် နှစ်မျိုးစလုံးကို လုပ်ဆောင်ရသည်။

''အမာထည်အာဏာ၊ အနုထည်အာဏာနှင့် အရင်းအမြစ်များ''

    Deep State တိုင်းသည် အမာထည်အာဏာများ (Hard Powers) နှင့် အနုထည်အာဏာများ (Soft Powers) နှစ်မျိုးစလုံးနှင့် တိုက်ရိုက် အရင်းအမြစ်များ (Direct Resources) နှင့် တစ်ဆင့်ခံ/သွယ်ဝိုက်အရင်းအမြစ်များ (Indirect Resources) နှစ်မျိုးစလုံးကို ထိန်းညှိပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ ပဲ့ကိုင်ထိန်းကျောင်းခြင်း၊ ခေါင်းဆောင်မှုပေးခြင်းနှင့် “သာလွန် စီမံခန့်ခွဲမှု ပြုခြင်း“ (Super-Management) များကို ပုံမှန် ပြုလုပ်ရသည်။

''ရုပ်ဝါဒီများနှင့် စိတ်ဝါဒီများ''

     လက်ရှိ ကမ္ဘာပေါ်တွင် အဆင့်မြင့်နည်းပညာ စက်မှုလုပ်ငန်းများ အင်အားအကြီးမားဆုံးနိုင်ငံများအတွင်း အချို့သောနိုင်ငံများတွင် လတ်တလော တည်ရှိနေသော Deep States များ၏ ထိပ်တန်းအလွှာများတွင် ရုပ်ဝါဒီများ၊ စိတ်ဝါဒီများ၊ တိတ်တိတ်ပုန်းရုပ်ဝါဒီများ (Crypto Materialists) နှင့် တိတ်တိတ်ပုန်း စိတ်ဝါဒီများ(Crypto Idealists/Theists) အမျိုးအစား လေးရပ်စလုံး ပါဝင်နေတတ်ကြသည်။

 

Most Read

Most Recent