ဧရာဝတီမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းနှင့် ကပ္ပလီပင်လယ်ပြင်၌ မုတ်သုံလေအားကောင်းနေခြင်းကြောင့် တနင်္သာရီ၊ ရခိုင်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနိုင်

ဧရာဝတီမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ရွှေကူမြို့တွင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်းနှင့် ကပ္ပလီပင်လယ်ပြင်၌ မုတ်သုံလေအားကောင်းနေခြင်းကြောင့် တနင်္သာရီ၊ ရခိုင်နှင့် မွန်ပြည်နယ်တွင် နေရာကွက်၍မိုးကြီးနိုင်
Published 1 July 2022

ဧရာဝတီမြစ်ရေသည် လာမည့်နှစ်ရက် အတွင်း ရွှေကူမြို့၌ စိုးရိမ်ရေမှတ်သို့ရောက် ရှိနိုင်ခြင်းနှင့် ကပ္ပလီပင်လယ်ပြင်တွင် မုတ် သုံလေ အားကောင်းနေခြင်းကြောင့် တန င်္သာရီ၊ ရခိုင်နှင့် မွန်ပြည်နယ်၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း ဇွန် ၃၀ ရက်တွင် မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ သည် ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက် တစ်ပေခွဲခန့်တွင် ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လာမည့်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ခြင်း ကြောင့် ရွှေကူမြို့နယ်အတွင်းရှိ မြစ်ကမ်း အနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း၌လည်း မုတ်သုံလေ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ် အော်တွင် မုတ်သုံလေအားအနည်းငယ်မှ အားအသင့်အတင့်ရှိနေခြင်းကြောင့် မကွေး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တ လေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအ သင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက် ခတ်နိုင်ကြောင်း၊ ကျန်မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်း အမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ခုနစ်ပေမှ ကိုးပေခန့်နှင့် မြစ်ဝကျွန်း ပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ငါးပေမှ ခုနစ် ပေခန့်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိ ရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ရန်ကုန်တိုင်းဒေသကြီး၌ နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေ သကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကရင် ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် ဒေသအ လိုက်နှင့် နေပြည်တော်နှင့် မကွေးတိုင်းဒေသ ကြီးတို့တွင် နေရာကွက်၍ မိုးကြီးခဲ့ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း မိုးလေဝသခန့် မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးပို နေမည်ဖြစ်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက် အရ သိရသည်။

Most Read

Most Recent