ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းရန်လိုအပ်ပြီး ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ရန် မှန်မှန်ကန်ကန်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောကြား

ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းရန်လိုအပ်ပြီး ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဖြစ်ရန် မှန်မှန်ကန်ကန်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောကြား
Published 11 June 2022

UEC ဥက္ကဋ္ဌနှင့် ဂျွန်ဟော့ကင်းစ် တက္ကသိုလ် အရှေ့တောင် အာရှလေ့လာရေး ဌာနဂုဏ်ထူးဆောင်ပါမောက္ခတို့ ဇွန် ၁၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo: MOI)

ရွေးကောက်ပွဲကျင်းပပေးနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းရန်လိုအပ်ပြီး ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီလွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဖြစ်ရန် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။

ဇွန် ၁၀ ရက်က နေပြည်တော်ရှိ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းစ်တက္ကသိုလ် အရှေ့တောင် အာရှလေ့လာရေး ဌာနဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန် အား လက်ခံတွေ့ဆုံစဉ် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ထိုသို့ပြော ကြားခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံမှု၌ ဂုဏ်ထူးဆောင် ပါမောက္ခ ကာဒီဂျက်ဆန်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ် ငန်းစဉ်ငါးရပ်နှင့်အညီ ဆောင်ရွက်နေမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် အ‌ခြေအနေ၊ ရွေးကောက်ပွဲကျင်းပနိုင် ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ များနှင့်သိရှိလိုသည်များကို မေးမြန်းခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် လက်ရှိဆောင်ရွက်လျက်ရှိသည့်အခြေ အနေ များနှင့်စပ်လျဉ်း၍ ကော်မရှင်နှင့် နိုင်ငံ ရေး ပါတီများတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ နှင့်သင့်လျော်သည့် အချိုးကျကိုယ်စားပြု စနစ် ပြောင်းလဲကျင့်သုံး နိုင်ရေးသဘောတူ ညီခဲ့ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ပြဋ္ဌာန်း  နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒ ရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် အလေးထားပြီး မြေပြင်လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ စိစစ်ခြင်းနှင့် ပြုစု ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ် လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရေးကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်းများကို လေ့ကျင့် သင်တန်းပေးခြင်း၊ ပြုစုပျိုးထောင်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောကြား သည်။

ထို့အတူ ရွေးကောက်ပွဲများကျင်းပရာ တွင်လည်း ပြည်တွင်း၊ ပြည်ပမှလေ့လာသူ များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း၊ ကော် မရှင်အနေဖြင့် မိမိတို့နိုင်ငံအတွင်းရှိ နိုင်ငံ ရေးပါတီများ၊ ဝင်ရောက်ယှဉ်ပြိုင်ကြသူများ၊ မဲဆန္ဒရှင်ပြည်သူများကလက်ခံသည့် လွတ် လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ် အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အခြေအနေအရ နိုင် ငံတော် အာဏာကိုထိန်းသိမ်းခဲ့ရသော် လည်း ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ ဆောင်ရွက် နိုင်ရန် နိုင်ငံရေးပါတီဝင်မဟုတ်သူများ၊ အတွေ့အကြုံရှိသူများဖြင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ ကြောင်း၊ ရွေးကောက်ပွဲပြန်လည်ကျင်းပပေး နိုင်ရေး ဦးတည်ဆောင်ရွက်ခဲ့ပြီး မိမိတို့ ကော်မရှင်၏ အဓိကတာဝန်မှာလည်း ရွေးကောက်ပွဲကျင်းပပေးရန်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရန်လိုအပ်ကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုက ရေစီအထွေထွေ ရွေးကောက်ပွဲဖြစ်ရန် မှန် မှန်ကန်ကန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ က ဦးသိန်းစိုးက ပြောကြားသည်။

ယင်းနောက် ဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်က ကော်မရှင်၏ ပြင်ဆင် ဆောင်ရွက်နေမှု၊ လုပ်ဆောင်နေမှုများကို သိ ရှိရသည့်အတွက် မိမိအနေဖြင့် နိုင်ငံ တကာက သိရှိအောင် ပြန်လည်သတင်းစကား ပါးပေးမည်ဖြစ်ကြောင်း၊ လိုအပ်သောအကူ အညီများရှိပါက ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်ဟု သတင်း ထုတ်ပြန်မှုအရ သိရသည်။