စေပိုင် ကုမ္ပဏီပိုင်ရှင်ထံမှ ​ဒေါ်လာသိန်းချီ လာဘ်​ယူခဲ့သည်ဟုဆိုကာ ​ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် ​စေပိုင်ကုမ္ပဏီပိုင်ရှင် ​ဦး​မောင်ဝိတ်ကိုယ်တိုင် သက်​သေထွက်ဆို

စေပိုင် ကုမ္ပဏီပိုင်ရှင်ထံမှ ​ဒေါ်လာသိန်းချီ လာဘ်​ယူခဲ့သည်ဟုဆိုကာ ​ဒေါ်​အောင်ဆန်းစုကြည်အား အဂတိဖြင့် တရားစွဲထားသည့် အမှုအတွက် ​စေပိုင်ကုမ္ပဏီပိုင်ရှင် ​ဦး​မောင်ဝိတ်ကိုယ်တိုင် သက်​သေထွက်ဆို
Published 31 May 2022

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ မေရိကန်ဒေါ်လာ ငါးသိန်း လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှု နှစ်မှုအတွက် တရားလိုပြသက်သေအဖြစ် စေပိုင်ကုမ္မဏီပိုင်ရှင် ဦးမောင်ဝိတ် လာရောက်ထွက်ဆိုခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

​​မေ ၃၁ ရက်က ​​နေပြည်တော်ကောင်စီဝန်းအတွင်းရှိ ဇမ္ဗူသီရိအထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အား ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

နေ့ ရုံးချိန်းတွင် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ အမေရိကန်ဒေါ်လာ ငါးသိန်း လာဘ်ယူခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင် ၄/၂၀၂၂ တို့အတွက် စေပိုင်ကုမ္ပဏီပိုင်ရှင် ဦး​​မောင်ဝိတ်ကိုယ်တိုင် တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့ကြောင်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် လှူဒါန်းခဲ့ကြောင်းကိုလည်း ထည့်သွင်းထွက်ဆိုသွားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

ထို့ပြင် ၎င်းထောင်မှ ပြန်လည်လွတ်မြောက်လာချိန်တွင် ​​ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဖွဲ့ဝင်အမျိုးသမီးမှတဆင့် ​​ဒေါ်အောင်ဆန်းစုကြည်နှင့် သိကျွမ်းခဲ့ခြင်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ဒေါ်လာများ လှူဒါန်းခဲ့ခြင်းများကို ထွက်ဆိုခဲ့ပြီး ၎င်းအား စစ်ဆေးမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်အား ဦးမောင်ဝိတ်က ထိုင်ကန်တော့သွားခဲ့ကြောင်းလည်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။

အထက်ပါအမှုနှင့်ပတ်သက်၍ လုပ်ငန်းများအဆင်ပြေရေး သက်ဆိုင်ရာအစိုးရအဖွဲ့များကို ထောက်ပံ့လှူဒါန်းခြင်း အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ငါးသိန်းခွဲကို ကိုယ်တိုင်ပေးခဲ့ကြောင်း စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်ကို ၂၀၂၁ ခုနှစ် မတ် ၁၇ ရက် ည ၈ နာရီတွင် MWD ရုပ်သံက သတင်းကြေညာထားသည်။

MWD ရုပ်သံတွင် ကြေညာထားသည့် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်တွင် ၂၀၁၈ ခုနှစ် မေလတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ တစ်သိန်းခွဲကို စက္ကူလက်ဆောင်အိတ်အနက်ထဲကို ထည့်ပြီယ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပေးအပ်ခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီတွင် အမေရိကန်ဒေါ်လာ ငါးသောင်းကို  ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ထပ်မံပေးအပ်ခဲ့ကြောင်းနှင့် ဧပြီလတွင် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲကို ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ပေးအပ်ခဲ့ကြောင်း ထည့်သွင်းထွက်ဆိုထားကြောင်း သိရသည်။

စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်၏ ထွက်ဆိုချက်များအရ ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၂၂ နှင့် ၄/၂၀၂၂ တို့အား ဇွန်လ ၇ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့် သတင်းများအရ သိရသည်။