ကမ္ဘာ့ကိုဗစ်အရေးနှင့် စီးပွားရေး

ကမ္ဘာ့ကိုဗစ်အရေးနှင့် စီးပွားရေး
Published 24 April 2022
ဒေါက်တာ လွင်သန့်

၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်က စတင်ခဲ့တဲ့ ကိုဗစ်ကပ် ရောဂါဟာ ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်နေ့မှာ ကိုဗစ်လူနာ ၅၀၈ သန်း၊ ကိုဗစ်ကြောင့် သေဆုံး ၆ ဒသမ ၂ သန်း၊ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ ၆၁၂၆၉၃ ဦး၊သေဆုံးသူ ၁၉၄၃၄ ဦးရှိခဲ့ပါတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ဆေး၊ ကုသဆေး‌၊ ဖြစ်ပွားမှု၊‌ သေဆုံးမှုတို့ကို‌ နေ့စဉ် အချိန် နဲ့အမျှ တင်ပြဖော်ပြထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးကို ခွဲဝေရရှိမှုမှာ ဆင်းရဲချမ်းသာနိုင်ငံများ ကြား မမျှမတဖြစ်နေတယ်။ အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ စင်ကာပူက တတိယအကြိမ်ထပ်ဆင့်မြှင့်ဆေး ထိုးနှံပြီးချိန်မှာ အစ္စရေး၊ ထိုင်း၊ ချီလီတို့မှာ စတုတ္ထအကြိမ်ထိုးနှံပြီးချိန်မှာ အာဖရိကပြည်သူတစ်ဦးအနေနဲ့ ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးပါဘူး။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့က ဆင်းရဲတဲ့နိုင်ငံများထံ ကိုဗစ်ကာကွယ်ဆေး တစ်ဘီလျံကျော်စီလှူဒါန်းသွားမယ်လို့ သိရပါတယ်။

ထူးခြားတဲ့ဖြစ်ရပ်က ဂျာမနီမှာ အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက ကိုဗစ်ကာကွယ်ဆေးကို အကြိမ် ၉၀ ထိုးနှံထားကာ ကိုယ်တိုင်ကာကွယ်ဆေးမထိုးလိုဘဲ ကာကွယ်ဆေး ထိုးပြီးကြောင်း အသိအမှတ်ပြုလက်မှတ်ကတ် လိမ်ညာ သုံးစွဲလိုသူများအတွက် ကိုယ်စား ထိုးနှံကာ အသိအမှတ်ပြုကတ်တွေ ရောင်းစားတယ်ဆိုပါတယ်။ ဂျာမနီ အရှေ့ပိုင်းမက်ဒီဘာ့ဂ်မြို့မှာ နေထိုင်ပြီး အမည်မဖော်ပြတဲ့ အမျိုးသားက ဘာဆိုနီပြည်နယ် ကိုဗစ် ကာကွယ်ဆေးထိုးနှံပေးရေးစင်တာမှာ လနဲ့ချီအကြိမ်များစွာ‌ ဆေးထိုးနှံခဲ့ပြီး ရဲများမိသွားချိန် ထိုးနှံကာကွယ်ဆေးလုံးရေ ၉၀ အထိရှိ သွားပြီလို့ဂျာမန် သတင်းဌာန သတင်းမှာ ဖော်ပြထားပါတယ်။စုံစမ်းစစ်ဆေးဆဲဖြစ်ပါတယ်။ကာ ကွယ်ဆေးအလုံးရေ ၉၀ ထိုးနှံထား လို့ အမျိုးသားရဲ့ကျန်းမာရေးသက်ရောက်မှု ဘယ်လိုရှိလဲ ချက်ချင်း မသိရသေးပါဘူး။

ဂျာမနီနိုင်ငံမှာ ဧပြီ ၃ ရက် တစ်နေ့တည်းကူးစက်သူ ၇၄၀၅၃ ဦး ရှိပြီး ကပ်ရောဂါကြောင့် သေဆုံးသူ ၁၃၀၀၂၉ ဦးအထိရှိထားကြောင်း သိရပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ ကပ်ရောဂါကြောင့် နှစ်နှစ်ကြာပိတ်ထားခဲ့တဲ့ ခရီးသွားလုပ်ငန်းကို ဧပြီ ၁ ရက်ကစပြီး ပြန်ဖွင့်ပေးခဲ့ပြီဖြစ်ပါတယ်။ ခက်ခဲတဲ့ ကပ်ရောဂါစည်းမျဉ်းမရှိတော့ဘဲ ပြန်လည်ပတ်နိုင်ပြီဖြစ်လို့ ဝမ်းသာ ပျော်ရွှင်တယ်လို့ ဧည့်သည်တွေက ဆိုပါတယ်။ အာရှလေကြောင်းပျံ သန်းရေး အဓိကဝင်ပေါက် စင်ကာ ပူအနေနဲ့ ဒေသတွင်းအခြားနိုင်ငံ များ ပူးပေါင်းကာ ခရီးသွားလာမှု ကန့်သတ်ချက်တွေ ဖြေလျှော့ခဲ့ပြီး ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်မှုပုံစံ ပြောင်းလဲဖို့ကြိုးစားခဲ့တာဖြစ်ပါ တယ်။ ယခင်က စင်ကာပူကွာရန် တင်းမလိုဘဲ ဝင်ရောက်နိုင်တဲ့နိုင်ငံ အနည်းငယ်သာရှိခဲ့ပြီး ဧပြီ ၁ ရက် မှစပြီး ကာကွယ်ဆေးထိုးနှံပြီး ခရီး သွားအားလုံး ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးချက်အဖြေယူလာရုံနဲ့ လာရောက်နိုင်ပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံနဲ့ နယ်စပ်တွေကိုလည်းဧပြီ ၁ ရက်မှာ အပြည့် အဝဖွင့်ပေးခဲ့ပါတယ်။ နှစ်နိုင်ငံကူး လူးသွားလာတဲ့လမ်းမှာ မော်တော်ယာဉ်တွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။

တောင်ကိုရီးယားက ဧပြီ ၁ ရက်ကစပြီး နိုင်ငံအားလုံးမှ ကာကွယ်ဆေး ထိုးနှံပြီးသားခရီးသည် တွေကိုကွာရန်တင်း ကင်းလွတ်ခွင့် ပြန်ဖွင့်ပေးလိုက်ပြီလို့သိရတယ်။ ယခင်ကလည်း ခရီးသည်တွေ ကွာရန်တင်းလိုအပ်ချက် လျှော့ချပေးခဲ့ဖူးပြီး အိုမီခရွန်မျိုးကွဲကူးစက်မှု အများဆုံးအချိန်မှာခရီးသွားလာမှု အကျပ်အတည်းပြုခဲ့တာဖြစ်ပါတယ်။ ယခုအခါကပ်ရောဂါရင်ဆိုင်နေရင် တောင်ကိုရီးယားနိုင်ငံကို ကွာရန်တင်းမဝင်ဘဲ ဘေးကင်းစွာ နဲ့ ပြန်ဖွင့်နိုင်စေဖို့ကြိုးပမ်းလာရာ ဧပြီ ၁ ရက်ကစတင်ပြီးကွာရန်တင်း စည်းမျဉ်းများ လျှော့ချကာ ပြန်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးနေ့မှာတင် အင်ချွန်းနိုင်ငံတကာ လေဆိပ်မှာခရီးသည်ဝင်ရောက်မှု ၂၀၀၀၀ ကျော်အထိရှိမယ်လို့ မျှော်မှန်းထားပါတယ်။တောင်ကိုရီးယား နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေအပေါ် မူတည်ပြီး ကွာရန်တင်းလိုအပ်ချက်ပြန် လည်ထုတ်ပြန်မယ်လို့ တောင်ကိုရီးယားအာဏာပိုင်တို့က ဆိုပါတယ်။

တရုတ်နိုင်ငံရှန်ဟိုင်းမှာ‌ လော့‌ဒေါင်းစည်းမျဉ်းကြောင့် အစာရေစာရရှိမှု အခက်အခဲများ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း “ကိုဗစ် သုညစည်းမျဉ်း” (zero COVID-19) ဖြေလျှော့ကာ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ရေးမူကို ကျင့်သုံးသွားမယ်လို့ဆိုပါတယ်။ ကိုဗစ် သုညမူက တရုတ်နိုင်ငံလူဦးရေ သန်း ၂၅ ကျော်နေထိုင်တဲ့ရှန်ဟိုင်းအပါအဝင်မြို့ကြီးများ လော့‌ဒေါင်း ချမှတ်ရာမှာ အကန့်အသတ်တွေရှိ ခဲ့ပြီးမအောင်မြင်ခဲ့လို့ ကိုဗစ်နဲ့ အတူယှဉ်တွဲနေထိုင်ရေးမူကို သုံးစွဲ လာတာပဲဖြစ်ပါ တယ်။

မြန်မာနိုင်ငံမှာရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနဲ့ မီဒီယာ ကုမ္ပဏီလုပ်ငန်း ၈၈၂ ခုကို ကိုဗစ် ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုခဲ့ပါတယ်။ ကိုဗစ်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက သတင်းထုတ်ပြန်ချက် (၁/၂၀၂၂) မှာ ကိုဗစ်ရန်ပုံငွေမှ ပထမအသုတ်ချေးငွေခွင့်ပြုပေးဖို့ စိစစ်အတည်ပြုနေတဲ့ ကုမ္ပဏီလုပ်ငန်းအချို့ပါဝင်ခဲ့ပြီး မြန်မာနှစ် ဆန်းတစ်ရက်၊ ဧပြီ (၁၇) ရက်နေ့က စတင်ကာ ရုပ်ရှင်ရုံပေါင်း ၆၄ ရုံဖွင့်လှစ်ပြသရာမှာ တစ်ခုံခြားထိုင်ခုံများ ရောင်းချပြသသွားတာပဲဖြစ် တယ်။ ၂၀၂၂ ခုနှစ် မတ်လ တတိယပတ်က တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျာမနီ၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံတို့မှာ ကိုဗစ်ဖြစ်ပွားမှု အသီးသီးမြင့်တက်ခဲ့ပါတယ်။ကိုဗစ်ဖြစ်ပွားမှုအနေနဲ့ တောင်ကိုရီးယား(၃၄ ရာခိုင်နှုန်း)၊ဗီယက်နမ် (၁၃ ရာခိုင်နှုန်း)၊ ဂျာမနီ(၁၄ ရာခိုင် နှုန်း)၊ သြစတြေးလျ (၁၆ ရာခိုင် နှုန်း)၊ ပြင်သစ် (၃၉ ရာခိုင်နှုန်း)မြင့် တက်ခဲ့ပါတယ်။ သေဆုံးမှုအနေနဲ့ အမေရိကန်မှာ (၅၈ ရာခိုင်နှုန်း)၊ ရုရှား (၁၉ ရာခိုင်နှုန်း)၊ ဘရာဇီးမှာ (၃၂ ရာခိုင်နှုန်း)၊ တရုတ်နိုင်ငံမှာ (နှစ်ရာခိုင်နှုန်း) လျော့ကျခဲ့ပြီး တောင်ကိုရီးယားမှာ (၄၁ရာခိုင် နှုန်း) မြင့်တက်ခဲ့ကြောင်း သိရပါ တယ်။

ဟောင်ကောင်မှာ နှစ်နှစ် အတွင်း ဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ဖို့ တင်းကျပ်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်များ ပြဋ္ဌာန်းခဲ့ပြီး အိုမီခရွန်ဗိုင်း ရပ်ကူးစက်ပျံ့နှံ့တဲ့ ဇန်နဝါရီလကတည်းက တင်းကျပ်တဲ့ ကန့်သတ်ချက်များမှရုန်းထွက် နိုင်ဖို့ ဒေသခံများနဲ့ စီးပွားရေးလုပ် ငန်းများ ဟောင်ကောင်မှ အစုလိုက် ထွက်သွားခဲ့ကြပါတယ်။

ဗိုင်းရပ်စ်ကို တိုက်ဖျက်တဲ့ သိပ္ပံပညာရှင်များအဖွဲ့ ဦးဆောင်တဲ့ ကူးစက်ရောဂါပညာရှင် လော ရီရယ်လန်းက ဟောင်ကောင်ကို ပိတ်ထားတဲ့ ဆိပ်ကမ်းအဖြစ် ထာဝ ရမဖြစ်စေ လိုရင်ဗိုင်းရပ်စ်နဲ့အတူ ယှဉ်တွဲနေထိုင်ရမယ်လို့ ဆိုပါ တယ်။ လွန်ခဲ့တဲ့နှစ်လက အရမ်းနာကျင်တဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ထပ်မံစောင့်ဆိုင်းနေ လို့မရတော့ဘူးလို့ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုအရေးကြီး ပုံကိုလည ်း အလေးပေးပြောကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ မြေပေါ်မှာ ၄-၅ နှစ်ကြာဦးမှာ ဆိုတော့ ထွက်ပေါ်လာတဲ့ကို‌ဗစ်မျိုး ကွဲသစ်တိုင်းအတွက် ကိုဗစ်ကာကွယ်ဆေး နှစ်စဉ်ထိုးနှံသွားဖို့လို အပ်နေပြီဖြစ်ပါတယ်။ တုပ်ကွေးလို နှစ်စဉ်ထိုးနှံသွားဖို့ရှိပြီး လူတို့ခံနိုင် ရည်ရှိလာတာနဲ့အမျှ ကာကွယ် ဆေးထိုးနှံမှုလည်း ရပ်တန့်သွား မှာဖြစ်ပါတယ်။ ယခုအခါ အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ စင်ကာပူတို့ မှာ ဒုတိယအကြိမ်ထပ်ဆင့်မြှင့် ဆေးထိုးနိုင်ခဲ့ပြီး ဖိုင်ဇာနဲ့ မိုဒါနာ ကုမ္ပဏီတို့က ဗီဇပြောင်းကိုဗစ်ပိုး များအပေါ်တိုက်ထုတ်နိုင်ကြောင်းဆိုပါတယ်။ ဖိုင်ဇာကုမ္ပဏီက ရက် ပေါင်း ၁၀၀ အတွင်း အိုမီခရွန်ကာကွယ်ဆေးထုတ်လုပ်သွားဖို့ရှိတာ၊ မိုဒါနာကုမ္ပဏီကလည်း ၂၀၂၂ ခုနှစ် မေလကုန်မှာ အိုမီခရွန်ကာကွယ်ဆေးထုတ်လုပ် သွားမယ်ဆိုပါတယ်။ ဖိုင်ဇာကုမ္ပဏီအနေနဲ့ အသက်ခြောက်လမှ ငါးနှစ်အတွင်း ကလေးငယ်များအပေါ်ကိုဗစ် ကာကွယ်ဆေးထိုးနှံသွားဖို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဌာန (FDA)ထံတင်ပြတောင်းခံထားပါ တယ်။ကျူးဘားနိုင်ငံမှာကလေးအ သက် နှစ်နှစ်အရွယ်မှစတင်ကာ ကာကွယ်ဆေ းထိုးနှံပေးနေပြီဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါက ပထမလှိုင်းအနေနဲ့ တရုတ်နိုင်ငံဝူဟန်မှ တရုတ်တစ်နိုင်ငံလုံး၊ ဒုတိယလှိုင်း အီတလီ၊ ဗြိတိန်၊ အမေရိကန်၊ ဘရာဇီး၊ အာဂျင်တီးနားနဲ့ အနောက်နိုင်ငံများ၊ တတိယလှိုင်း ဒယ်တာမျိုးရိုးက အရှေ့တောင်အာရှ၊ အိန္ဒိယနဲ့တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံတို့မှာ ရောဂါပြင်းထန်ပြီး သေဆုံးမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ စတုတ္ထလှိုင်းအဖြစ် အိုမီခရွန်ကို‌ တောင်အာဖရိက ဘော့ဘွာနာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၈ ရက်က စတင်တွေ့ရှိထားပြီး ဘီအေဝမ်းနဲ့ ဘီအေတူးနှစ်မျိုး မျိုးကွဲ အဖြစ် ပျံ့နှံ့သလိုနှစ်မျိုး‌ပေါင်းကာ အိတ်ခစ်အယ်လ် (XE)ကူးစက်နေကြောင်း ထိုင်းနဲ့သြစ‌တြေးလျမှာ တွေ့ရှိထားပါတယ်။ ကိုဗစ်လက္ခဏာတချို့ကဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊‌ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အစားသောက်ပျက်ခြင်း၊ ကိုယ်လက်ကိုက်ခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ကိုယ် လက်မအီမသာဖြစ်နိုင်ပါတယ်။ ကိုဗစ်ကူးစက်ဖူးတဲ့အရွယ်‌ရောက်သူများမှာ မျက်လုံးအမြင်အာရုံ ပြဿနာပိုခံစားရနိုင်ခြေပိုများ တယ်လို့ သုတေသီတို့ကဆိုပါတယ်။

ကိုဗစ်ရောဂါကနောက်(၄-၅)နှစ်ကြာ ကမ္ဘာမြေပေါ်မှာကြာဦးမှာဆိုတော့ ဖြစ်ပွားလာတဲ့မျိုးကွဲများ အတိုင်း နှစ်စဉ်ကာကွယ်ဆေးထိုးနှံဖို့ ရှိလာပါတယ်။ ယခုလည်း အိုမီ ခရွန်မျိုးကွဲရဲ့ ဗီဇစိတ်ဘီအေဝမ်း နဲ့ဘီအေတူးအပြင်နှစ်ခုပေါင်းပြီး (XE)အနေနဲ့ မူလဗီဇအေဘီတူး ထက် လေးဆကူးစက်မှုမြန်ဆန်တာ တွေ့လာရပါတယ်။

ကိုဗစ်နောက်ပိုင်းရောဂါစုလည်း ဖြစ်လာနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်က ခန္ဓာကိုယ်ရဲ့ခုခံအား စနစ်ကို ကစဉ့်ကလျားဖြစ်စေပြီး ခန္ဓာကိုယ်အနှံ့ ရောင်ရမ်းမှုအချို့ ဖြစ်စေကာ ဦးနှောက်နဲ့ အာရုံကြောစနစ် ထိခိုက်စေပါတယ်။ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ ကိုဗစ်ရောဂါပိုး ဝင်ရောက်နိုင်တဲ့ အေစီအီးတူးကလည်း လူ့ခန္ဓာကိုယ်အနှံ့အပြားရှိနေရာ (၁) နှလုံးသွေးကြောစနစ်၊(၂)အသက်ရှူလမ်းကြောင်းစနစ်၊ (၃)အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်၊ (၄)အသည်း၊ (၅)ကျောက်ကပ်စတာတွေ ထိခိုက်စေပါတယ်။ အဆိုပါ ထိခိုက်စေမှုတွေလို ကိုဗစ် နောက်ဆက်တွဲဝေဒနာ ဖြစ်ပွားရခြင်းဖြစ်ပါတယ်။

ရုပ်ပိုင်းလက္ခဏာစုအနေနဲ့ ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန် ခန်းလာပါတယ်။ ချောင်းဆက် တိုက်ဆိုးခြင်း၊ လည်ချောင်းယားခြင်း၊ ရင်တလှပ်လှပ်ဖြစ်ခြင်း၊ အသက်ရှူမဝခြင်း၊ သွေးအတွင်း အောက်ဆီဂျင် (၉၅ ရာခိုင်နှုန်း)အောက် ကျဆင်းခြင်း၊ အရသာမရှိ ဖြစ်ခြင်း၊ အနံ့ မကြာခဏပျောက် ခြင်း၊အမျိုးသမီးအချို့ ဓမ္မတာမမှန်ခြင်းတို့ဖြစ်တတ်ပါတယ်။ ရောဂါအခံရှိသူများမှာ အကြောဆွဲခြင်း၊ အသားလှုပ်ခြင်းဖြစ်တတ်လို့ ဂရုတစိုက်စောင့်ကြည့်သင့်ပါတယ်။

စိတ်ပိုင်းဆိုင်ရာရောဂါစုအ နေနဲ့ ရုတ်တရက်စဉ်းစားမရခြင်း၊ အရင်းနှီးဆုံး မေ့နေခြင်း၊ ဦးနှောက် ထူပူနေတာ၊ အာရုံခံစားမှုအားကုန် သွားပြီးတွေးတောကြံစည်မှု ယုတ်လျော့သွားခြင်း၊အဖြေမထွက်ခြင်း မျိုးဖြစ်လာစေပါတယ်။အချို့က စိုးရိမ်မှုလွန်ကဲနေတတ်ပြီး အများစု မှာစိတ်ဓာတ်ကျခြင်းဖြစ်ကာ လုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်နေတတ်ပါတယ်။ အထူးကြပ်မတ်ဆောင်မှာ အချိန်ကြာ ကုသမှုခံနေရသူတွေ ဘေးနားက လူနာများ ပြောင်းလဲကာ ရူးကြောင်ကြောင်ကျန်ရစ်ခဲ့တတ်ပါတယ်။ နေ့စဉ်ခြောက်အိပ်မက်များ မက်နေတတ်တယ်။အချို့ နာတာရှည်အိပ်မရဖြစ်ကာ ကာလကြာအိပ်မပျော်ဖြစ်တတ်ပါတယ်။

ကိုဗစ်ကပ်ရောဂါမကူးစက်ရ အောင် လူတိုင်း ကိုဗစ်ကာကွယ် ဆေး နှစ်ကြိမ်၊ ထပ်ဆင့်မြှင့်ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားဖို့၊ နှာခေါင်းစည်းတပ်ခြင်း၊ လက်ကို ရေဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော် ကြာပွတ်တိုက်ဆေးကြောခြင်း (သို့ မဟုတ်) ဟန်းဂျယ်သုံးခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေဝင်လေ ထွက်ကောင်းအောင်စီစဉ်ခြင်း တို့အပြင် ကိုဗစ်စည်းမျဉ်းများနဲ့အညီနေထိုင်သွားလာလုပ်ကိုင်စားသောက်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုကျဆင်းလာချိန်မှာ အခြေခံပညာကျောင်းများအပါအဝင် တက္ကသိုလ်၊ ကောလိပ်များဖွင့် လှစ်လာနိုင်တာတွေ့ရ ပါတယ်။ပြည်တွင်းပြည်ပစီးပွားရေးရင်းနှီးမြှုပ်နှံမှုများ လက်ခံလုပ် ကိုင်လာတာ တွေ့ရပါတယ်။

Most Read

Most Recent