ရုရှားနှင့် ယူကရိန်းအရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပမည်

ရုရှားနှင့် ယူကရိန်းအရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အစည်းအဝေးကျင်းပမည်
ဘာလင်၌ ပြုလုပ်သည့် ဆန္ဒပြပွဲအတွင်းဆန္ဒပြသူများက ပူတင်ကို ဝေဖန်ထားသော လက်ကိုင်ပိုစတာများကိုင်ကာ ဆန္ဒပြနေပုံကို ဇန်နဝါရီ ၃၀ ရက်ကတွေ့ရစဉ် Photo:AFP
ဘာလင်၌ ပြုလုပ်သည့် ဆန္ဒပြပွဲအတွင်းဆန္ဒပြသူများက ပူတင်ကို ဝေဖန်ထားသော လက်ကိုင်ပိုစတာများကိုင်ကာ ဆန္ဒပြနေပုံကို ဇန်နဝါရီ ၃၀ ရက်ကတွေ့ရစဉ် Photo:AFP
Published 31 January 2022
Ref: AFP

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇန်နဝါရီ ၃၁ ရက်တွင် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှားက အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်မည်ဆိုပါက ဒဏ်ခတ်အရေးယူမှုများကို အားဖြည့် လုပ်ဆောင်ရန် အမေရိကန်က နေတိုးမဟာမိတ်နိုင်ငံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ရုရှားကို တာဝန်ခံမှုစေရန် လုပ်ဆောင်သွားမည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

ကျူးကျော်မည့်ကိစ္စကို ရုရှားဘက်က ငြင်းဆန်နေပြီး နယ်စပ်၌ ရုရှားစစ်သား အ များအပြားချထားခြင်းနှင့်ပတ်သက်၍ အထိတ်တလန့်ဖြစ်မှု ပေါ်ပေါက်လာခြင်းကို ရှောင်ရှားရန် ယူကရိန်းသမ္မတကမေတ္တာရပ်ခံသည့်တိုင် ကျူးကျော်မှုဖြစ်ပေါ်လာတော့ မည်ဆိုသည့် စိုးရိမ်မှုများ မကြာသေးခင်ရက်ပိုင်း အတွင်းတွင် ကြီးထွားလာခဲ့သည်။

ယူကရိန်းအားကျူးကျော်မှုမှန်သမျှ ကိုတားဆီးရန် အမေရိကန်နှင့် မဟာမိတ်များက ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်နေသည့် အနေအထားတွင် ရုရှားအား ပြင်းထန်သည့် စီးပွားရေးဆိုင်ရာအရေးယူပိတ်ဆို့မှု အသစ်များချမှတ်သွားမည်ဟု ဇန်နဝါရီ ၃၀ ရက်တွင် အမေရိကန်နှင့် ဗြိတိန်တို့က ပြောကြားခဲ့ကြသည်။

တင်းမာမှုများမြင့်တက်လာခြင်းနှင့်အတူ ရုရှား၏ လုပ်ကြံသတင်းမှန်သမျှကို ဆန့်ကျင်ရန် မိမိတို့ပြင်ဆင်ထားပြီးဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားခဲ့သည်။ ရုရှား၏ လုပ်ကြံသတင်းဖန်တီးသည့် ကိစ္စကို ကုလသမဂ္ဂတွင် တင်ပြသွားမည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စုက မေတ္တာရပ်ခံခဲ့သော အစည်းအဝေးကျင်းပခြင်းမှ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံကို ပိတ်ဆို့ရန် ဇန်နဝါရီ ၃၁ ရက်တွင် ရုရှားက ကြိုးစားဖွယ်ရှိနေသည်ဆိုသော်လည်း လုံခြုံရေး ကောင်စီသည် စည်းလုံးမှုရှိသည်ဟု အမေရိကန်ကပြောကြားခဲ့သည်။

“ကိုယ့်အကြောင်းကိုယ် ရှင်းလင်းပြောကြားဖို့ ရုရှားကိုတောင်းဆိုရာမှာ ကျွန်မတို့ရဲ့ အသံတွေဟာ စည်းလုံးမှုရှိနေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီးလ်က ABC News ကို ပြောကြားခဲ့သည်။

“သူတို့ပြောတာကို နားထောင်ဖို့ ပြင်ဆင်ထားတဲ့ အစည်းအဝေးခန်းကို ကျွန်မတို့ သွားကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဝါဒ ဖြန့်စကားတွေက ကျွန်မတို့ကို အာရုံလွှဲသွားအောင် လုပ်လို့မရပါဘူး”ဟု လင်ဒါသော မက်စ်ဂရင်းဖီးလ်က ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီအစည်းအဝေးတွင်  ရုရှားဘက်က ပြောကြားရန် ကြိုးပမ်းသော လုပ်ကြံသတင်းမှန်သမျှကို တုံ့ပြန်ရန် မိမိတို့ ပြင်ဆင်ထားပြီးဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားနှင့် ပတ်သက်၍ အမေရိကန်နှင့် နေတိုးတို့က လွန်ခဲ့သောသီတင်းပတ်တွင် တင်ပြခဲ့သောလုံခြုံရေးပြဿနာများဆိုင်ရာ အဆိုပြုချက်သည် ရုရှားအကျိုးစီးပွားကို ဂယက်ရိုက်စေနိုင်သည်ဟု အမေရိကန်လက် ထောက်နိုင်ငံခြားရေးဝန်ကြီးဝီတိုရိယနူလန် က CBS သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါ အဆိုပြုချက်တွင် ယခုသီတင်းပတ်အတွင်း၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာဗရို့ဗ်တို့၏ ဆွေးနွေးပွဲအသစ်အကြောင်းလည်း ပါဝင်နေသည်။

ယူကရိန်းကို ကျူးကျော်မှုမှန်သမျှသည် ဆုံးရှုံးထိခိုက်မှု အလွန်ကြီးမားမည့်အကြောင်း ပူတင်ကိုအသိပေးရေးမှာအရေးကြီးသည် ဟုအမေရိကန်ဆီးနိတ်၏ ပြည်ပဆက်ဆံရေး ကော်မတီဥက္ကဌက ပြောကြားခဲ့သည်။

                                                          

Most Read

Most Recent