မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို သဘာဝဘေးပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို သဘာဝဘေးပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်
Published 19 January 2022

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို မကွေးမြို့ နယ်တရားရုံးက ဇန်နဝါရီ ၁၇ ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးအပေါ် တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ခြင်းလည်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်က သရက်မြို့နယ် ရွာမကျေးရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲအခမ်းအနားကို ဦးတင်နွယ်ဦး အနေဖြင့် တက်ရောက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူမှာ လူဦးရေ ၃၀ ကျော်လွန်သည့်အတွက်  ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် COVID-19 ရောဂါထိန်းချုပ်ရေး အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုမရှိဟုဆိုကာ မကွေးမြို့နယ် ကိုဗစ်ရောဂါထိန်းချုပ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်ဖြစ်သူ မကွေးမြို့နယ် လူဝင်မှုကြီးကြပ်ရေး လဝက ဦးစီးအရာရှိ ဦးသိန်းနိုင်ဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ကလည်း ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးတင်နွယ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲဆိုထားသည့် အမှုလေးမှုအတွက် တစ်မှုကို ထောင်ဒဏ် သုံးနှစ်စီဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံထားရသည်။

Most Read

Most Recent